Follow Us

ပြည်သူ့ကျန်းမာရေးဦးစီးဌာန

Tue, 09/27/2016 - 11:48

ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပေါ်ပေါက်လာပုံနှင့်နောက်ခံသမိုင်း
   နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် တိုင်းကျန်းမာရေးဦးစီးဌာနအား မြိတ်မြို့တွင်အခြေစိုက်၍ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရလက်ထက် ၂၀၁၀ ခုနှစ်တွင် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနအား ထားဝယ်မြို့သို့ ပြောင်းရွှေ့ ခဲ့သည်။ 
   ၂၀၁၅ ခုနှစ် ဧပြီလတွင် ကျန်းမာရေးဝန်ကြီးဌာနအား အုပ်ချုပ်မှုအသွင်သဏ္ဍာန် ပြောင်းလဲ၍ ကျန်းမာရေးဦးစီးဌာနကို ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဟူ၍ ဦးစီးဌာန(၂)ခုခွဲ၍ ထပ်မံပြင်ဆင်ဖွဲ့စည်းခဲ့၍ တိုင်းဒေသကြီးကုသရေးဦးစီးဌာနနှင့် တိုင်းဒေသ ကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနပေါ်ပေါက်ခဲ့ပါသည်။ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ စီမံခန့်ခွဲအုပ်ချုပ်မှုအောက်တွင်ရှိသော ခရိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဖွဲ့စည်းပုံများအား ၂၀၁၆ ခုနှစ်၊ မတ်လ(၇)ရက်နေ့မှစ၍ အသစ်တိုးချဲ့ဖွင့်လှစ်ခွင့်ပြုခဲ့သည်။

Office Address and Location Map: 

တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန
ပြည်သူ့ဆေးရုံကြီးဝင်း၊ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၃၅၈၃
        ၀၅၉-၂၃၅၈၆

ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန
ဦးလွန်းဘော်လမ်း၊အနောက်ရပ်
ထားဝယ်မြို့။
ဖုန်း - ၀၅၉- ၂၂၂၂၁
ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန
ဆေးရုံဟောင်းဝင်း၊ ကန်ခေါင်းရပ်၊
မြိတ်မြို့။
ဖုန်း - ၀၅၉-၄၂၅၂၄