Follow Us

တိုင်းရင်းဆေးပညာဦးစီးဌာန

Tue, 09/27/2016 - 11:48

တိုင်းရင်းဆေးပညာဦးစီးဌာနပေါ်ပေါက်လာပုံ

  လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် လူတိုင်းရောဂါဘယကင်းရှင်းရေးတို့အတွက် တိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးပညာဖြင့် ပြည့်သူတို့၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အောက်ခြေမှစ၍ စနစ်တကျ အဆင့်ဆင့်တိုးမြှင့်ပါဝင်ဆောင်ရွက်နိုင်ရန် ရည်ညွှန်းဆောင်ရွက်လျက်ရှိပါသည်။
  တော်လှန်ရေးအစိုးရလက်ထက် တိုင်းရင်းဆေးဆရာအဖွဲ့အက်ဥပဒေကို ပြင်ဆင်ပြီးနောက် ၁၉၆၂ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့မှစ၍ ယခင်ကတိုင်းရင်းဆေးဆေးဆရာများမှတ်ပုံတင်ထားခြင်းကို ရုတ်သိမ်းခဲ့သည်။ ဤကဲ့သို့ ရုတ်သိမ်းရခြင်းမှ စနစ်တကျ စာမေးပွဲကျင်းပစစ်ဆေးခဲ့ပြီး မှတ်ပုံတင်ထားခြင်းမဟုတ်သောကြောင့် ဖြစ်ပါသည်။ ထို့ကဲ့သို့ မှတ်ပုံတင်များ ရုတ်သိမ်းခဲ့ပြီးနောက် အရည်အချင်းစစ်ဆေး၍ စနစ်တကျ မှတ်ပုံတင်ပေးနိုင်ရန်အတွက် ဒေသနာနယဘာသာ၊ သေဇ္ဇာနယဘာသာနှင့် နက္ခတ္တဗေဒနယဘာသာစသည်ဖြင နယ်(၃)ခု ခွဲခြား၍ ဆေးကျမ်း(၁၁)ကျမ်းကိုသတ်မှတ်ပြီး စာမေးပွဲကျပစစ်ဆေးခဲ့ပါသည်။ တိုင်းရင်းဆေးဆရာများအရည်အချင်းစစ်စာမေးပွဲများကို ၁၉၆၂ ခုနှစ်၊ ဒီဇင်ဘာလမှစတင်ကျင်းပခဲ့ရာ ၁၉၆၃၊ ၁၉၆၄၊ ၁၉၆၆ နှင့် ၁၉၆၉ ခုနှစ်တို့တွင် တစ်ကြိမ်စီဖြင့် စုစုပေါင်း(၅)ကြိမ်ပြုလုပ်စစ်ဆေးခဲ့ပြီး စာမေးပွဲအောင်မြင်သူ တိုင်းရင်းဆေးဆရာပေါင်း(၇၄၆၂)ဦးရှိခဲ့ပါသည်။ မန္တလေးမြို့တွင် တိုင်းရင်းဆေးသိပ္ပံတစ်ခု ဖွင့်လှစ်ရန်ရည်ရွယ်၍ မန္တလေးတောင်ခြေအနီး(၅)ဧက ကျယ်ဝန်သောမြေကွက်တွင် အုပ်ချုပ်ရေးရုံးဆောင်၊ စာသင်ဆောင်နှင့် ဆေးရုံဆောင် (၃)ခုပါဝင်သော သိပ္ပံနှင့် ဆေးရုံအဆောက်အဦ(၅)ခုကို ၁၉၆၆ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ရာ ၁၉၇၀ ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။ မန္တလေးတိုင်းရင်းဆေးသိပ္ပံနှင့် တိုင်းရင်းဆေးရုံ၊ တိုင်းရင်းဆေးကုသခန်းများသည် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနလက်အောက်တွင် တိုင်းရင်းဆေးပညာဌာနခွဲတစ်ခုအဖြစ်သာ တည်ရှိခဲ့ပါသည်။ ၁၉၈၉ ခုနှစ်၊ သြဂုတ်လ(၃)ရက်နေ့တွင် တိုင်းရင်းဆေးပညာဦးစီးဌာနအဖြစ် သီးခြားဖွဲ့စည်းတိုးမြှင့်ပေးခဲ့သည်။ ၁၉၉၃-၁၉၉၅ ခုနှစ်တို့တွင် တိုင်းရင်းဆေးပညာ လေးဘာသာအရည်အချင်းစစ်စာမေးပွဲကို နှစ်ကြိမ်ကျင်းပပေးနိုင်ခဲ့ပြီး အောင်မြင်သူ တိုင်းရင်းဆေးဆရာ(၂၁၄၄) ဦးအား မှတ်ပုံတင်လက်မှတ်ပေးအပ်နိုင်ခဲ့ပါသည်။ 
  နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် တိုင်းရင်းဆေးပညာဦးစီးဌာနကို ထပ်မံအဆင့်မြှင့်ပေးခဲ့ပါသည်။ တိုင်းရင်းဆေးတက္ကသိုလ်တစ်ခုကို ၂၀၀၂ ခုနှစ်၊ ဇန်နဝါရီလ(၉)ရက်နေ့တွင် မန္တလေးမြို့၌ ဖွင့်လှစ်နိုင်ခဲ့ပါသည်။

Office Address and Location Map: 
တိုင်းဒေသကြီးဦးစီးဌာနမှူးရုံး
(၁၃)လမ်း၊ တိုးချဲ့မြို့သစ်(တ)ရပ်ကွက်၊
ဝဲကျွန်း၊ ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၃၄၈၆
ထားဝယ်ခရိုင်တိုင်းရင်းဆေးကုဌာန
အမှတ်(၆၉၅)၊ အာဇာနည်လမ်း၊
မြောက်ရွာရပ်၊ ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၁၂၇၄
 မြိတ်ခရိုင်ဦးစီးမှူးရုံး
 စျေးလမ်း၊ မြို့သစ်ရပ်၊ မြိတ်မြို့။
 ဖုန်း - ၀၅၉-၄၂၂၁၇
(၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ
ယင်းမာလမ်း၊ ဆန်းချီရပ်ကွက်၊
ထားဝယ်မြို့။
ရေဖြူမြို့နယ်တိုင်းရင်းဆေးကုဌာန
(ခ)ရပ်ကွက်၊ ရေဖြူမြို့။
ဖုန်း - ၀၉-၇၇၁၅၀၁၃၀၇
လောင်းလုံးမြို့နယ်တိုင်းရင်းဆေးကုဌာန
သိရိမင်္ဂလာလမ်း၊ (က)ရပ်ကွက်၊လောင်းလုံးမြို့။
ဖုန်း - ၀၉-၂၅၀၄၆၅၈၀၉
သရက်ချောင်းမြို့နယ်တိုင်းရင်းဆေးကုဌာန
မဟာစည်လမ်း၊ မြို့မရပ်ကွက်၊ သရက်ချောင်းမြို့။
ဖုန်း - ၀၉-၂၅၀၁၁၇၁၆၉
မြိတ်မြို့နယ်တိုင်းရင်းဆေးကုဌာန
အမှတ်(၂၀)၊ ဗဟိုလမ်း၊ မြစ်ငယ်ရပ်၊ မြိတ်မြို့။
ဖုန်း - ၀၉-၄၀၂၆၈၃၆၁၄
ပုလောမြို့နယ်တိုင်းရင်းဆေးကုဌာန
မြေနီကုန်းလမ်း၊ အမှတ်(၃)ရပ်ကွက်၊ ပုလောမြို့။
ဖုန်း - ၀၉-၇၈၁၅၁၅၁၅၂
တနင်္သာရီမြို့နယ်တိုင်းရင်းဆေးကုဌာန
အမှတ်(၁၀)၊ မင်္ဂလာကြီးလမ်း၊ ချောင်းကြီးရပ်၊ တနင်္သာရီမြို့။
ဖုန်း - ၀၉-၄၂၂၄၇၂၅၃၈
ကော့သောင်းမြို့နယ်တိုင်းရင်းဆေးကုဌာန
အမှတ်(၂၄)၊ နဝရတ်အားကစားရုံရှေ့၊ အားကစားရုံလမ်း၊
ပိတောက်ရွှေဝါရပ်ကွက်၊ ကော့သောင်းမြို့။
ဖုန်း - ၀၉-၂၅၀၁၂၉၄၀၀