Follow Us

ဆေးဘက်ဆိုင်ရာလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဦးစီးဌာန

Tue, 09/27/2016 - 11:47

ဦးစီးဌာနစတင်ပေါ်ပေါက်လာပုံနှင့်နောက်ခံသမိုင်း

သူနာပြုသင်တန်းကျောင်း၊ ထားဝယ်မြို့

  တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊သူနာပြုသင်တန်းကျောင်းသည် ၁၉၉၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ပထမဦးစွာ ထားဝယ်ပြည်သူ့ဆေးရုံကြီး၏ မြေဧရိယာပေါ်၌ ရုံးအဆောက်အဦ တည်ဆောက်ပြီး တိုင်းကျန်းမာရေး ဦးစီးဌာန၏ အဆောက်အဦနှင့်ဆက်စပ်၍ ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၉၄ ခုနှစ်မှစ၍ ယခုလက်ရှိနေရာသို့ သင်တန်းသူများပြောင်းရွှေ့၍ သင်ကြားပေးလျက်ရှိပါသည်။ အကျယ်အဝန်းမှာ(၆.၂၀)ဧက ရှိပါသည်။ (၁၂.၉.၂၀၁၃)ရက်နေ့တွင် မြေဂရမ်ခွင့်ပြုမိန့် ရရှိခဲ့ပါသည်။

သားဖွားသင်တန်းကျောင်း၊ မြိတ်မြို့
သမိုင်းအကျဉ်း
  ၁၉၆၂ ခုနှစ်တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် သင်တန်းသူ (၄)ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။
  ၁၉၇၂ ခုနှစ်တွင် ကျောင်းသူ (၁၈)ဦးဆန့်အိပ်ဆောင်တစ်ဆောင်ကို ဆောက်လုပ်ခဲ့ပါသည်။
  ၁၉၉၇ ခုနှစ်တွင် ဆေးသိပ္ပံပညာဦးစီးဌာနမှ စာသင်ဆောင်၊ ထမင်းစားဆောင်ကို ဆောက်လုပ်ပေးခဲ့ပါသည်။
  ၂၀၁၅ ခုနှစ်အထိ သင်တန်းကျောင်း၏သက်တမ်းမှာ (၅၃)နှစ်ခန့် ရှိပါသည်။

Office Address and Location Map: 
ထားဝယ်သူနာပြုသင်တန်းကျောင်း 
ဆေးရုံလမ်းနှင့်အောင်ခေမာလမ်းကြား
ဗျောတောဝအုပ်စု၊ ညောင်ရမ်းတောင်ရပ်ကွက်၊
ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၁၃၆၉

မြိတ်သားဖွားသင်တန်းကျောင်း
ကန်ခေါင်းရပ်ကွက်၊ ဆေးရုံဟောင်းဝင်းအတွင်း
မြိတ်မြို့။
ဖုန်း - ၀၅၉-၄၁၇၈၃