Follow Us

အားကစားနှင့် ကာယပညာဦးစီးဌာန

Tue, 09/27/2016 - 11:46

အားကစားနှင့် ကာယပညာဦးစီးဌာန စတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း

BURMA ATHLETC ASSOCATION BAA ကာလ
  (၂၀) ရာစုအဝင်မှ ဂျပန်တို့ မြန်မာနိုင်ငံသို့ ဝင်ရောက်ခြင်းမပြုမီ ၁၉၄၀ ခုနှစ်အထိ ပါဝင်ပါသည်။ အောက်မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ဗဟိုပြုလျှက် BURMA ATHLETC ASSOCATION BAA အဖွဲ့အစည်းကလည်းကောင်း အထက်မြန်မာနိုင်ငံ မန္တလေးမြို့ကို ဗဟိုပြုလျက် UPPER BURMA ATHLETC ASSOCATION – UBAA အဖွဲ့အစည်းကလည်းကောင်း တာဝန်ယူဦးဆောင်လျက် အားကစားလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြပါသည်။ BAA အဖွဲ့အစည်းကာလတစ်လျှောက် ဗြိတိသျှလူမျိုးအသိုင်းအဝန်းထဲမှ အမှုဆောင်များကသာကြိုးကိုင်ပြီး ဆောင်ရွက်ခဲ့ကြပါသည်။
  ၁၉၃၉ ခုနှစ် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် ကျင်းပခဲ့သော(၁၀)ကြိမ်မြောက် အိုလံပစ်အားကစားပြိုင်ပွဲတွင် ဦးဇော်ဝိတ်သည် အလေးမအားကစားသမားအဖြစ်လည်းကောင်း၊ ဦးရှိန်သည် အလေးမနည်းပြဆရာအဖြစ်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော်လည်း ၄င်းတို့(၂)ဦးသည် အိန္ဒိယအားကစားအဖွဲ့ဝင်များအဖြစ်ဖြင့်သာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရပါသည်။
  ၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ (၂၆)ရက်နေ့တွင် မြန်မာပြည်အိုလံပစ်အသင်းကို ဖွဲ့စည်းနိုင်ခဲ့ကြပါသည်။ ထိုအသင်းကြီး၏ နာယကလူကြီးများအဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဘုရင်ခံ(SIR HUBERTRANCE)တို့က ဆောင်ရွက်ခဲ့ကြပြီး ပထမဆုံးဥက္ကဌအဖြစ် ဆာဂျေအေးမောင်ကြီးကဆောင်ရွက်လျှက် ဒုတိယဥက္ကဌအဖြစ် ဆရာကြီးဦးရာဇတ်က ဆောင်ရွက်ခဲ့ပါသည်။
  ၁၉၄၆ ခုနှစ်၊ ဇူလိုင်လ (၉)ရက်နေ့တွင် မြန်မာပြည်အိုလံပစ်အသင်းသည် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီနှင့် ဆက်သွယ်ခဲ့ပြီး ၁၉၄၈ ခုနှစ် (၁၄)ကြိမ်မြောက် လန်ဒန်အိုလံပစ်အားကစားပြိုင်ပွဲတွင် မြန်မာ နိုင်ငံအနေဖြင့် ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါသည်။
  ၁၉၅ဝ ပြည့်နှစ်၊ အောက်တိုဘာ (၉)ရက်နေ့တွင် အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေးကောင်စီအက်ဥပဒေကို ပြဌာန်းပေးခဲ့ပြီး အဆိုပါဥပဒေနှင့်အညီ အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေးကောင်စီကို ခန့်အပ်ဖွဲ့စည်းပေးခဲ့ပါသည်။ အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေးကောင်စီလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ညွှန်ကြားရေးမှူး၊ စည်းရုံးရေးမှူးချုပ်၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူးနှင့် ရုံးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်လျှက် အောင်ဆန်းအားကစားပြိုင်ဝင်းတွင် ရုံးဖွင့်ဆောင်ရွက်စေခဲ့ပါသည်။ ပထမဦးဆုံးညွှန်ကြားရေးမှူးမှာ ဦးမောင်မောင်ကလေးဖြစ်လျှက်၊ စည်းရုံးရေးမှူးချုပ်မှာ ဦးဇော်ဝိတ် ဖြစ်ပါသည်။ အတွင်းရေးမှူးမှာ မစ္စတာဟတ်စကင်းဖြစ်ပြီး တွဲဘက်အတွင်းရေးမှူးမှာ ဦးဝင်းမြင့် ဖြစ်ပါသည်။
  ၁၉၅၂ ခုနှစ်တွင် ပြည်နယ်နှင့် တိုင်းဘောလုံးပြိုင်ပွဲကြီးကို စတင်ဆောင်ရွက်ကျင်းပပေးခဲ့ပြီး အားကစားယှဉ်ပြိုင်မှုနယ်ပယ်ကို ကျယ်ပြန့်စေခဲ့ပါသည်။ နောက်ပိုင်းတွင် ဘောလုံးသာမကတော့ဘဲ အခြားအားကစားပြိုင်ပွဲများကိုပါ ပြည်နယ်နှင့် တိုင်းပြိုင်ပွဲများအဖြစ် ကျင်းပပေးခဲ့ပါသည်။
  အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေးကောင်စီလက်ထက်တွင် အပြည်ပြည်ဆိုင်ရာအဆင့်အားကစားပြိုင်ပွဲများအဖြစ် ၁၉၅၇ ခုနှစ် အရှေ့တောင်အာရှလက်ဝှေ့ပြိုင်ပွဲနှင့် ၁၉၆ဝ ခုနှစ် ဒုတိယအကြိမ် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲများကို လက်ခံကျင်းပပေးနိုင်ခဲ့ပါသည်။
  တော်လှန်ရေးကောင်စီတက်လာပြီး ၁၉၆၄ ခုနှစ်၊ မေလ (၂၆)ရက်နေ့တွင် ယခင်ကတည်းကရှိခဲ့သော ၁၉၅ဝ ပြည့်နှစ် အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေးကောင်စီအက်ဥပဒေကို ရုပ်သိမ်းပြီး မြန်မာနိုင်ငံအားကစားနှင့်ကာယပညာကော်မတီကို ၁၉၆၄ ခုနှစ်၊ မေလ (၂၇)ရက်နေ့တွင် စတင်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။
  ပြည်ထောင်စုမြန်မာနိုင်ငံ အားကစားနှင့် ကာယပညာကော်မတီမှာ ထိုစဉ်က နိုင်ငံတော်အားကစားလုပ်ငန်းဆိုင်ရာ အဆင့်မြင့်ဆုံး အဖွဲ့အစည်းဖြစ်ပြီး ကော်မတီဥက္ကဌအဖြစ် ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီးကလည်းကောင်း၊ အားကစားနှင့် ကာယပညာကော်မတီ ညွှန်ကြားရေးမှူးချုပ်အား အတွင်းရေးမှူးအဖြစ်လည်းကောင်း ခန့်အပ်တာဝန်ပေးခဲ့ပါသည်။ ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်များတွင်လည်း အားကစားနှင့် ကာယ ပညာကော်မတီများကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။
  ကျန်းမာရေးဝန်ကြီးဌာနအောက်တွင် အားကစားနှင့် ကာယပညာကော်မတီကို ထားရှိပေးခဲ့ပြီး ဒေသဆိုင်ရာအားကစားလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်သွားနိုင်ရေးအတွက် ခရိုင်အားကစားမှူး၊ မြို့နယ်အားကစားမှူးများကို သင်တန်းများဖွင့်လှစ်ပို့ချပေးပြီး တာဝန်ပေးအပ်ခဲ့ပါသည်။ ၁၉၇၂ ခုနှစ်တွင် အားကစားနှင့် ကာယပညာကော်မတီကို ဖျက်သိမ်းပြီး အားကစားနှင့် ကာယပညာဦးစီးဌာနကို ဖွဲ့စည်းဆောင်ရွက်စေခဲ့ပါသည်။
  ၁၉၉၃ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့မှစတင်၍ အားကစားနှင့် ကာယပညာဦးစီးဌာနကို ကျန်းမာရေးဝန်ကြီးဌာနလက်အောက်မှ ဝန်ကြီးချုပ်ရုံးအောက်သို့ ပြောင်းရွှေ့ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပါသည်။
  နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာ(၁၈)ရက်နေ့တွင် အားကစားဝန်ကြီးဌာနကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။
  ၂၀၁၆ ခုနှစ်၊ မတ်လတွင် အားကစားဝန်ကြီးဌာနအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအဖြစ် ပြောင်းလဲတာဝန်ပေးဆောင်ရွက်စေခဲ့ပါသည်။ 

Office Address and Location Map: 

 

တိုင်းဒေသကြီးအား/ကာဦးစီးဌာနရုံး
လေယာဉ်ကွင်းလမ်း၊ ဗျောတောဝရပ်၊
ထားဝယ်မြို့
ဖုန်း - ၀၅၉ - ၂၃၅၄၂
ထားဝယ်ခရိုင်အား/ကာဦးစီးဌာနရုံး
မြို့ပါတ်လမ်း၊ ညောင်ရမ်းတောင်ရပ်၊
ထားဝယ်မြို့
ဖုန်း - ၀၅၉ - ၂၁၁၅၃
မြိတ်ခရိုင်အား/ကာဦးစီးဌာနရုံး
ကန်ဖျားလမ်းမကြီး၊ ကန်ဖျားရပ်၊
မြိတ်မြို့
ဖုန်း - ၀၉ - ၄၉၈၇၀၄၀၄
ကော့သောင်းခရိုင်အား/ ကာဦးစီးဌာနရုံး
အေးရိပ်ငြိမ်ရပ်ကွက်၊ မြရည်ပုလဲလမ်း၊
မြို့မအားကစားကွင်းအတွင်း၊ ကော့သောင်းမြို့
ဖုန်း - ၀၅၉ - ၅၂၀၁၀

 

ထားဝယ်မြို့နယ်အား/ကာဦးစီးဌာနရုံး
လေယာဉ်ကွင်းလမ်း၊ ဗျောတောဝရပ်၊
ထားဝယ်မြို့
ဖုန်း - ၀၅၉ - ၂၃၄၅၃
ရေဖြူမြို့နယ်အား/ကားဦးစီးဌာနရုံး
မြို့မအားကစားကွင်းအတွင်း၊ (ခ)ရပ်ကွက်၊
ရေဖြူမြို့
ဖုန်း - ၀၉ - ၄၉၈၉၁၃၈၅
လောင်းလုံးမြို့နယ်အား/ကာဦးစီးဌာနရုံး
အောင်သပြေလမ်း၊ မြို့မအားကစားကွင်းအတွင်း၊
(ဃ)ရပ်ကွက်၊ လောင်းလုံးမြို့
ဖုန်း - ၀၉ - ၄၂၂၁၉၂၆၈၄
သရက်ချောင်းမြို့နယ်အား/ကာဦးစီးဌာနရုံး
ဌာနလမ်း၊ မြို့မရပ်ကွက်၊
သရက်ချောင်းမြို့
ဖုန်း - ၀၅၉ - ၃၅၁၁၆ 
မြိတ်မြို့နယ်အား/ကာဦးစီးဌာနရုံး
မြေနီလမ်း၊ မိုးလုံလေလုံအားကစားရုံဝင်းအတွင်း၊
ကန်ဖျားရပ်၊ မြိတ်မြို့
ဖုန်း - ၀၅၉ - ၄၁၈၇၁
ပုလောမြို့နယ်အား/ကာဦးစီးဌာနရုံး
အား/ကာလမ်း၊ အားကစားကွင်းအတွင်း၊
အမှတ်(၂)ရပ်ကွက်၊ ပုလောမြို့
ဖုန်း - ၀၉ - ၄၉၈၈၀၀၀၀
ကျွန်းစုမြို့နယ်အား/ကာဦးစီးဌာနရုံး
ဗိုလ်ချုပ်လမ်း၊ အားကစားကွင်းအတွင်း၊
အမှတ်(၃)ရပ်ကွက်၊ ကျွန်းစုမြို့
ဖုန်း - ၀၉ - ၄၉၈၇၀၅၃၇
တနင်္သာရီမြို့နယ်အား/ကာဦးစီးဌာနရုံး
မြို့မအားကစားကွင်းအတွင်း၊ ချောင်းကြီးရပ်ကွက်၊ 
တနင်္သာရီမြို့
ဖုန်း - ၀၉ - ၄၉၈၉၈၂၈၅
ကော့သောင်းမြို့နယ်အား/ကာဦးစီးဌာနရုံး
နဝရတ်အားကစားခန်းမအတွင်း၊ ပိတောက်ရွှေဝါရပ်ကွက်၊
ကော့သောင်းမြို့
ဘုတ်ပြင်းမြို့နယ်အား/ကာဦးစီးဌာနရုံး
ဗဟိုလမ်း၊ ရွှေဘုံသာရပ်ကွက်၊
ဘုတ်ပြင်းမြို့
ဖုန်း - ၀၅၉ - ၅၀၀၃၈