Follow Us

စည်ပင်သာယာရေးအဖွဲ့

Tue, 09/27/2016 - 11:45

စည်ပင်သာယာသမိုင်း
•    ၁၈၇၄ ခုနှစ်တွင် မြူနီစီပါယ်အက်ဥပဒေကို စတင်ပြဌာန်းပြီး မြို့ကြီး(၇)မြို့ (ရန်ကုန်၊ မော်လမြိုင်၊ ပုသိမ်၊ ဟင်္သာတ၊ စစ်တွေ၊ ပြည်၊ တောင်ငူ)၌ မြူနီစီပါယ်ကော်မတီအဖွဲ့များ ဖွဲ့စည်းခဲ့ပါသည်။
•    ၁၈၈၄ ခုနှစ်တွင် မြူနီစီပါယ်အက်ဥပဒေကို တိုးချဲ့ပြဌာန်းခဲ့ပြီး မြူနီစီပါယ်အဖွဲ့များကို တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။
•    ၁၈၈၇ ခုနှစ်တွင် မြန်မာနိုင်ငံမြူနီစီပါယ်အက်ဥပဒေကိုပြဌာန်းပြီး အထက်မြန်မာနိုင်ငံ၌ မန္တလေးမြူနီစီပါယ်အပါအဝင် မြူနီစီပါယ်အဖွဲ့များ ဖွဲ့စည်းခဲ့ပါသည်။
•    ၁၈၉၈ ခုနှစ်တွင် မြန်မာနိုင်ငံမြူနီစီပါယ်အက်ဥပဒေကို ပြဌာန်းပြီး မြို့ကော်မတီ (Town Committee) တို့ကိုဖွဲ့စည်းခဲ့ပါသည်။ ထိုအက်ဥပဒေသည် ၁၉၉၃ ခုနှစ်အထိ တည်ရှိခဲ့ပါသည်။
•    ၁၉၂၁ ခုနှစ် မြန်မာနိုင်ငံကျေးလက်ကိုယ်ပိုင်အုပ်ချုပ်ရေးအက်ဥပဒေ (Rural self Government Act 1921) ကိုပြဌာန်းပြီး ဒိစကြိတ်ကောင်စီများဖွဲ့စည်း၍ ကျေးလက်စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
•    ၁၉၃၅ ခုနှစ် အက်(လ်)ဘေကျူလာအမှတ်(၃၇) ထုတ်ပြန်ကြေညာပြီး ဝေးလံခေါင်းပါးသောခရိုင်များကို ခရိုင်ဝန်အုပ်ချုပ်သော ဒေသန္တရရန်ပုံငွေအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
•    ၁၉၆၂-၆၃ ခုနှစ်တွင် ခရိုင်ဝန်အုပ်ချုပ်သော ဒေသန္တရရန်ပုံငွေအဖွဲ့များကို ဖျက်သိမ်းပြီး ဒိစကြိတ်ကောင်စီများနှင့် ပူးပေါင်းဖွဲ့စည်းခဲ့သည်။
•    ၁၉၆၃ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှစ၍ ဒေသန္တရအဖွဲ့ဝန်ထမ်းများအားလုံး၏ ဝန်ထမ်းရေးရာကိစ္စရပ်များအား အစိုးရဝန်ထမ်းနည်းတူ အကျိုးခံစားခွင့်အတိုင်း ရရှိစေမည်ဟု အမိန့်ထုတ်ပြန်ခဲ့သည်။
•    ၁၉၆၄-၆၅ ခု ဘဏ္ဍာရေးနှစ်မှစ၍ ဒေသန္တရအဖွဲ့အစည်းများ၏ ရငွေအားလုံးကို နိုင်ငံတော်အစိုးရ၏ တစ်ခုတည်းသော ရန်ပုံငွေသို့ပေးသွင်းစေခဲ့ပြီး အသုံးစရိတ်များကိုလည်း ယင်းရန်ပုံငွေမှ ရယူသုံးစွဲစေခဲ့သည်။
•    ၁၉၇၂ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် ကြေငြာချက်အမှတ်(၉၇)ထုတ်ပြန်၍ အုပ်ချုပ်ရေးစနစ်သစ်ကို ဖော်ထုတ်ခဲ့သည်။ အုပ်ချုပ်ရေးစနစ်သစ်အရ ခရိုင်အဆင့်ဖွဲ့စည်းပုံများမရှိတော့သဖြင့် ဒိစကြိတ်ကောင်စီနှင့် ခရိုင်ဝန်အုပ်ချုပ်သော ဒေသန္တရအဖွဲ့များ ဖျက်သိမ်းပြီး မြို့နယ်အလိုက် “ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ ” ဖွဲ့စည်းခဲ့သည်။
•    ၁၉၇၁-၇၅ ခုနှစ်တွင် ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့မှအပ ကျန်မြို့နယ်များတွင် မြူနီစီပါယ်နှင့် မြို့ကော်မတီများ (မြို့စည်ပင်သာယာရေးအဖွဲ့များ)အား သက်ဆိုင်ရာမြိ့နယ်စည်ပင်သာယာရေးအဖွဲ့များတွင် ထည့်သွင်းဖွဲ့စည်းပြီး မြို့နယ်စည်ပင်သာယာရေး အဖွဲ့များ မိမိမြို့နယ်အလိုက် မြို့ပြနှင့် ကျေးလက်စည်ပင်သာယာရေးလုပ်ငန်းနှစ်ရပ်လုံးကို Municipal Act 1898 နှင့် Rural Self Government Act 1921 အရ ဆောင်ရွက်ခဲ့ကြသည်။
•    ၁၉၈၄ ခုနှစ် စည်ပင်သာယာရေးဥပဒေ၊ ( ပြည်သူ့လွှတ်တော် ဥပဒေအမှတ်-၅ ) ပြဌာန်းပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို သီးခြားဖွဲ့စည်းဆောင်ရွက်စေခဲ့သည်။
•    ၁၉၉၂ ခုနှစ်၊ ဒီဇင်ဘာလ(၂၉)ရက်နေ့တွင် မန္တလေးမြို့စည်ပင်သာယာရေးဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁၀/၂၀၀၉) ပြဌာန်းပြီး သီးခြားမြို့နယ်စည်ပင်သာယာရေးကော်မတီ ဖွဲ့စည်းခဲ့သည်။ မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီအား ဝန်ကြီးချုပ်ရုံးမှ တိုက်ရိုက်ကြီးကြပ်ခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကြီးကြပ်မှုအောက်တွင် ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော်မှအပ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များသာ ကျန်ရှိတော့ သည်။
•    ၁၉၉၃ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှစတင်ပြီး စည်ပင်သာယာရေးအဖွဲ့များဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၅/၉၃)ကို ပြဌာန်းခဲ့ပြီး ယခင်ဒေသန္တရအဖွဲ့အစည်းများဆိုင်ရာ ဥပဒေ(၁၀)ခုကို ရုပ်သိမ်းခဲ့ပါသည်။
•    နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလ(၃၀)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၅/၉၄ အရ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်း၍ ဝန်ကြီးဌာနလက်အောက်တွင် စည်ပင်သာယာရေးဦးစီးဌာနကို အစိုးရအဖွဲ့၏ ၁၉၉၄ခုနှစ်၊ ဇန်နဝါရီလ(၃၀)ရက်စွဲပါ ညွှန်ကြားချက်အရ ဖွဲ့စည်းခဲ့သည်။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များသည် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနနှင့် စည်ပင်သာယာရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်သို့ ရောက်ရှိလာခဲ့သည်။
•    မြို့နယ်စည်ပင်သာယာရေးအဖွဲ့များအား အနီးကပ်ကြီးကြပ်နိုင်ရန် ပြည်နယ်နှင့် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့များကို (၁၂.၂.၁၉၉၆) ရက်နေ့မှ စတင်ဖွဲ့စည်းခဲ့သည်။
•    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရလက်ထက်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနကို ဖျက်သိမ်းပြီး စည်ပင်သာယာရေးအဖွဲ့များမှာ သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့ ကြီးကြပ်မှုအောက်သို့ရောက်ရှိခဲ့ပြီး မြို့စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

 

Office Address and Location Map: 
တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ရုံး
ရေးလမ်း၊ မြို့တွင်းရပ်ကွက်၊
ထားဝယ်မြို့
ဖုန်း - ၀၅၉-၂၃၄၈၀၊ ၀၅၉-၂၃၄၈၂
ထားဝယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး
ရေးလမ်း၊ မြို့တွင်းရပ်ကွက်၊
ထားဝယ်မြို့
ဖုန်း - ၀၅၉-၂၁၀၇၃
ရေဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး
စွယ်တော်လမ်း၊ (ဂ)ရပ်ကွက်၊
ရေဖြူမြို့
ဖုန်း - ၀၅၉-၃၇၀၂၄
လောင်းလုံးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး
ဗိုလ်ဗထူးလမ်း၊ (ဃ)ရပ်ကွက်၊
လောင်းလုံးမြို့
ဖုန်း - ၀၅၉-၃၃၀၀၅
သရက်ချောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး
ထားဝယ်-မြိတ်လမ်း၊ မြို့မရပ်ကွက်၊
သရက်ချောင်းမြို့
ဖုန်း - ၀၅၉-၃၅၀၀၄
မြိတ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး
ရုံးလမ်း၊ စျေးတန်းရပ်၊
မြိတ်မြို့
ဖုန်း - ၀၅၉-၄၁၆၉၃၊ ၀၅၉-၄၁၀၀၅
ပုလောမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး
မြဝတီလမ်း၊ အမှတ်(၂)ရပ်ကွက်၊
ပုလောမြို့
ဖုန်း - ၀၅၉-၃၀၀၀၆
ကျွန်းစုမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး
ဗိုလ်ချုပ်လမ်း၊ အမှတ်(၂)ရပ်ကွက်၊
ကျွန်းစုမြို့ 
ဖုန်း - ၀၅၉-၆၂၀၂၄
တနင်္သာရီမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး
မင်္ဂလာကြီးလမ်း၊ ချောင်းကြီးရပ်ကွက်၊
တနင်္သာရီမြို့
ဖုန်း - ၀၅၉-၅၅၀၂၂
ကော့သောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး
ရွှေမင်းဝံဗဟိုလမ်း၊ ပိတောက်ရွှေဝါရပ်ကွက်၊
ကော့သောင်းမြို့
ဖုန်း - ၀၅၉-၅၁၅၉၄
ဘုတ်ပြင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး
စုပေါင်းရုံးလမ်း၊ အောင်မင်္ဂလာရပ်ကွက်၊ 
ဘုတ်ပြင်းမြို့
ဖုန်း - ၀၅၉-၅၀၀၁၈