Follow Us

ြငိမ်းချမ်းရေးတွဲလက်များ Wheel Chair ရထားခရီးစဉ်အဖွဲ့၏ တေးဂီတဖျော်ဖြေပွဲနှင့် ငြိမ်းချမ်းရေးလိုလားသူများ လက်မှတ်ရေးထိုးခြင်းအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုု ပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများတက်ရောက်ကြည့်ရှုအားပေး

Thu, 03/29/2018 - 16:37

ကလိန်အောင် မတ် ၂၉
မြန်မာနိုင်ငံခရစ်ယာန် မျက်မမြင်များမိတ်သဟာယလက်အောက်ရှိ ရန်ကုန်မြို့မျက်မမြင်များကျောင်း(ခဝဲခြံ)ဦးစီး လျက် ငြိမ်းချမ်းရေးတွဲလက်များ Wheel Chair ရထားအဖွဲ့၏  ငြိမ်းချမ်းရေးတေးဂီတသီချင်းဖျော်ဖြေပွဲနှင့် ငြိမ်းချမ်းရေးလိုလားသူများ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ၂၈.၃.၂၀၁၈ရက်နေ့၊ ည၇နာရီ ၂၀မိနစ်အချိန် တွင် ကလိန်အောင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ရေး-ထားဝယ်ကားလမ်းနံဘေးရှိ ကလိန်အောင်မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း၌ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌ ဦးကြည်စိုး၊ တိုင်းဒေသကြီးလမ်းဦးစီး ဌာန(မြို့ပြ) ညွှန်းကြားရေးမှူး ဦးဝင်းမင်းထွဋ်၊ တိုင်းဒေသကြီးလူမှုဝန်ထမ်း ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ခင်စန်းရီနှင့်ဝန်ထမ်းများ၊ ရေဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်၊ ကလိန်အောင်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အမှတ်(၄၀၉)ခြေမြန်တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးထွန်းထွန်းဟိန်း၊ KNU တပ်မဟာ(၄) လယ်ဒိုစိုးမြို့နယ် နယ်မြေတာဝန်ခံစောအောင်စိုးပါ(၂)ဦး၊ မွန်ပြည်သစ်ပါတီမှ ထားဝယ်ခရိုင်ဆက်ဆံရေးရုံး တာဝန်ခံနိုင်ရွှေဗျိုင်းပါ(၂)ဦး၊ ဒေသခံပြည်သူများ၊ စုစုပေါင်း (၂၅၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ငြိမ်းချမ်းရေး တွဲလက်များ “ Wheel Chair-ရထား ” အဖွဲ့ဝင် အမြင်အာရုံမသန်းစွမ်းသူ များက"စည်းလုံးချင်း အတွက် သီးချင်းတစ်ပုဒ်ရှိနေမယ်" သီချင်းခေါင်းစဉ်ဖြင့် အဖွဲ့လိုက်သီဆိုကြပြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ” ငြိမ်းချမ်းရေး မေတ္တာစကား ” ပြောကြားသည်။
ထို့နောက် ရန်ကုန်မြို့ မျက်မမြင်များကျောင်း(ခဝဲခြံ) ဦးသိန်းလွင်က ငြိမ်းချမ်းရေးတွဲလက်များ Wheel Chair ရထားအဖွဲ့၏ ရည်ရွယ်ချက်များနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းလှုပ်ရှားဆောင်ရွက်နေမှုအား ရှင်းလင်း ပြောကြား ပြီးနောက် ဖြိုးဟိန်းကျော် နှင့် ဟယ်ရီးနာတို့မှ "ချစ်ကြပါ" နှင့် "မျှော်လင့်ချက် တစ်စုံတစ်ရာ" သီချင်း သီဆိုခြင်း၊ KNU တပ်မဟာ(၄)၊ လယ်ဒိုစိုးမြို့နယ် နယ်မြေတာဝန်ခံစောအောင်စိုးမှ လာရောက်ဖျော်ဖြေတင်ဆက် သည့်အတွက်ဝမ်းမြောက်ကြောင်းစကားပြောကြားခြင်း၊ စောဘွယ်စေး၊ သွန်းနေစိုး၊ မောင်မောင်သန်းတို့မှ  ငြိမ်းချမ်း ပါစေ၊ ကမ္ဘာသစ်၊ ငြိမ်းချမ်းရေးအတွက် သီချင်းတစ်ပုဒ်၊ သဘာဝရဲ့ရင်သွေးငယ်သီချင်းများကိုသီဆိုခြင်း၊ မြေမြှုပ်မိုင်း အဖွဲ့(MAG)မှ တာဝန်ခံ နော်အလ်လိဇဘက်မှ "မြေမြှုပ်မိုင်းနှင့်ပက်သက်၍မိမိတို့အဖွဲ့မှဆောင်ရွက်မှုများအကြောင်း" ရှင်းလင်းပြောကြားခြင်း၊ မီဒီယာတာဝန်ခံ စာရေးဆရာ ဇေယျာမင်းရှိန်မှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီး တစ်ဦးနှင့် တစ် ဦးခွင့်လွှတ်နိုင်ရေး အရေးကြီးပုံတို့အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် “အမုန်းများ....ရပ်၊ စစ်ပွဲများ...ရပ်၊ မြန်မာ ပြည်ကြီး ငြိမ်းချမ်းပါစေ....” ဟု ပရိတ်သတ်များနှင့်အတူ ကြွေးကြော်ခဲ့ကြပါသည်။
ဆက်လက်ပြီး အဆိုပါအဖွဲ့မှ " Good Bed Myanmar" သီချင်းသီဆိုကြပြီး တက်ရောက်လာသူများမှ ငြိမ်းချမ်းရေး လက်မှတ်များရေးထိုးခဲ့ကြကြောင်းနှင့် ငြိမ်းချမ်းရေးတွဲလက်များ Wheel Chair-ရထား”အဖွဲ့အတွက်  ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ရေဖြူမြို့နယ်ဌာနဆိုင်ရာများ၊ကလိန်အောင်မြို့ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများကဆုတော်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ရာ ငွေ(၁,၂၇၃,၀၀၀)ကျပ်ရရှိခဲ့ပါကြောင်း သိရှိရပါသည်။
အဆိုပါ " ငြိမ်းချမ်းရေးတွဲလက်များ ဝှီးချဲရထား" ခရီးစဉ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးမှ ရန်ကုန်မြို့သို့ မြို့ပေါင်း(၂၂)မြို့(မိုင်ပေါင်း ၈၅၀ကျော် )ကို ဖြတ် သန်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။