Follow Us

ငြိမ်းချမ်းရေးတွဲလက်များWheel Chairရထားအဖွဲ့(၁၀ပေ၊၈ပေ)ရွယ်ဗီနိုင်းဆိုင်းဘုတ်စိုက်ထူ

Thu, 03/29/2018 - 10:45

လောင်းလုံး မတ် ၂၉
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာ၊ (၁)ရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနမောင်းမကန်မူလတန်းကြိုကျောင်းအရှေ့မော်တော်ကားလမ်းဘေးတွင်ငြိမ်းချမ်းရေးတွဲလက်များ Wheel Chair ရထားအဖွဲ့မှWheel Chair ရထား၊တို့လိုချင်တဲ့ငြိမ်းချမ်းရေးနှုတ်ကဖွင့်ဟပြောကြားပေး၊Speak Out For Peace That We Want စာတမ်းပါ (၁၀ပေ၊၈ပေ)အရွယ်ရှိဗီနိုင်းဆိုင်းဘုတ်ကို ၂၈.၉.၂၀၁၈ရက်နေ့၊ နံနက် ၇ နာရီအချိန်တွင် စိုက်ထူခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဗီနိုင်းစိုက်ထူပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးမြင့်စန်း၊  လောင်းလုံးမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဗိုလ်ထွေး၊ လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူး၊  တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ငြိမ်းချမ်းရေးတွဲ လက်များWheel Chair ရထားအဖွဲ့ခေါင်းဆောင် ဦးသိန်းလွင်နှင့် အဖွဲ့ဝင်များတက်ရောက်ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဦးမြင့်စန်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဗိုလ်ထွေးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး Wheel Chairရထားအဖွဲ့ခေါင်းဆောင်ဦးသိန်းလွင်က "အမုန်းများရပ်၊စစ်ပွဲများရပ်၊ မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ" ကြွေးကြော် ကာ အခမ်းအနား ပြီးမြောက်ခဲ့ပါကြောင်း သိရှိရသည်။