Follow Us

ရေဖြူမြို့နယ် မြန်မာ့စီးပွာရေးဘဏ် အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ

Wed, 03/28/2018 - 11:32
ရေဖြူ မတ်လ ၂၈
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွာရေးဘဏ်၊ ရေဖြူမြို့နယ်ဘဏ်ခွဲ အဆောက် အဦသစ်ဖွင့်ပွဲအခမ်းအနားကို ၂၇.၃.၂၀၁၈ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် အဆိုပါအဆောက် အဦသစ်ရှေ့၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်နှင့် မြန်မာစီးပွားရေးဘဏ်ရုံးချုပ်၊ စီမံခန့်ခွဲရေးရာဌာန၊ အထွေထွေမန်နေဂျာ ဦးကျော်ကျော်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဝန်ကြီး ဦးဟိုပင်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဌ ဦးကြည်စိုး၊ မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်) စီမံခန့်ခွဲရေးဌာန အထွေထွေမန်နေဂျာ ဦးကျော်ကျော်၊ ဝင်းကမ္ဘာဆောက်လုပ်ရေးကုမ္ပဏီ M.D ဦးဝင်းမြင့်တို့မှ ဆိုင်းဘုတ်အား ပရိတ်ရည်၊ အမွှေးနံ့သာရည်တို့ဖြင့် ပက်ဖြန်းပေးကြသည်။
ထို့နောက် ရေဖြူမြို့နယ်ဘဏ်ခွဲအဆောက်အဦသစ်အား တာဝန်ယူတည်ဆောက်သည့် ဝင်းကမ္ဘာဆောက်လုပ်ရေးကုမ္ပဏီ M.D ဦးဝင်းမြင့် က မြန်မာ့စီးပွားရေးဘဏ် ရုံးချုပ် စီမံခန့်ခွဲရေး ဌာန အထွေထွေမန်နေဂျာ ဦးကျော်ကျော်ထံသို့ ရေဖြူမြို့နယ်ဘဏ်ခွဲ အဆောက် အဦသစ်ဖွင့်ပွဲ အထိမ်းအမှတ်အလံအား ပေးအပ်ပြီးနောက် ဝန်ကြီးနှင့်ဧည့်သည်တော်များမှ စုပေါင်းအမှတ်တရ ဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ယခုဖွင့်လှစ်သော ရေဖြူမြို့နယ်ဘဏ်ခွဲ အဆောက်အဦသစ်မှာ သံကူကွန်ကရစ်တစ်ထပ် အဆောက်အဦဖြစ်ပြီး၊ ပြည်ထောင်စုငွေလုံးငွေရင်းဘဏ္ဍာ ရန်ပုံငွေမှ ခွင့်ပြုမိန့်ငွေကျပ် (၅၂.၉) သန်း ဖြင့် ၂၂.၈.၂၀၁၇ ရက်နေ့မှ ၂၈.၂.၂၀၁၈ ရက်နေ့အထိ ဝင်းကမ္ဘာဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန် ယူတည်ဆောက်ခဲ့ကြောင်း သိရှိရပါသည်။