Follow Us

ပြည်ထောင်စုရှေ့နေချုပ်ဦးထွန်းထွန်းဦးတနင်္သာရီတိုင်းဒေသကြီးတရားဥပဒေစိုးမိုးရေးဌာနနှင့်တရားမျှတမှုဆိုင်ရာလုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲနှင့်တွေ့ဆုံပွဲ

Sun, 12/31/2017 - 11:17

 

            ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် တနင်္သာရီတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးဌာန နှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲနှင့်တွေ့ဆုံပွဲကို ဒီဇင်ဘာလ ၃၀ ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် ထား၀ယ်မြို့၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီး ဥပဒေချုပ် ဦးစိုးမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအတွင်းရေးမှူး ဦးကောင်းစံဦး၊ တိုင်းရဲမှူးကြီး နေမျိုး၊ တရားဥပဒေစိုးမိုးရေးဌာနများနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ဝင်များ စုစုပေါင်း(၁၅)ဦးခန့် တက်ရောက်ခဲ့ပါသည်။

            တွေ့ဆုံပွဲတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက တရားဥပဒေစိုးမိုးရေးဌာနနှင့်တရားမျှတမှုဆိုင် ရာလုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲများကို တိုင်းဒေသကြီး/ပြည်နယ်များတွင် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ အဖွဲ့ခွဲအနေဖြင့် မိမိတို့၏တာ၀န်နှင့်လုပ်ပိုင်ခွင့်များကို သတ်မှတ်ချက်များနှင့်အညီ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများကို အဖွဲ့၀င်များအချင်းချင်းပူးပေါင်းညှိနှိုင်းပြီး သက်ဆိုင်ရာဌာနများနှင့်လည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

            ထို့နောက် အဖွဲ့ခွဲ၊ အဖွဲ့၀င်များက လုပ်ငန်းဆိုင်ရာတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြ ကြောင်းသတင်းရရှိခဲ့ပါသည်။

ပေးပို့သူ - ကျော်ကျော်လတ်( ထား၀ယ်ခရိုင်ပြန်/ဆက်)