Follow Us

မြိတ်မြို့နေပြည်သူများ ဒီဇင်ဘာအားကစားလနောက်ဆုံးအပတ် စုပေါင်းလမ်းလျှောက်ပွဲပျော်ရွှင်စွာ ဆင်နွဲ

Sat, 12/30/2017 - 13:19


မြိတ် ဒီဇင်ဘာ ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မြိတ်ခရိုင်/မြို့နယ်အားကစားနှင့်ကာယပညာဦးစီး ဌာနမှ ကြီးမှူး၍ ဒီဇင်ဘာလ၏ နောက်ဆုံးအပတ် စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ ၃၀ ရက်၊ နံနက်(၅)နာရီအချိန်၌ မြို့မအားကစားကွင်းအရှေ့တွင် ပျော်ရွှင်စွာဆင်နွဲခဲ့ကြပါသည်။
တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီချို၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးတင်ေ၀၊ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ် အုပ်ချုပ်ရေးမှူးဦးခင်မောင်အေးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သားဖွားသင်တန်းကျောင်း(မြိတ်)မှ သင်တန်းသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားကိုချစ်မြတ်နိုးသည့် ဒေသခံပြည်သူများသည် စုပေါင်း၍ မြိတ်မြို့မအားကစားကွင်းအရှေ့မှ နံနက်(၅)နာရီအချိန်တွင် စတင်လမ်းလျှောက်ခဲ့ကြပါသည်။
ထိုမှတဆင့် ကန်ဖျားမြေနီလမ်း၊ လေယာဉ်ကွင်းလမ်းမှ ပိတောက်ပင်လမ်းဆုံ၊ ကန်ဖျားလမ်း မကြီးမှ မြို့မအားကစားကွင်းအရှေ့သို့ပြန်လည်ရောက်ရှိကာ အားကစားကွင်းအတွင်းသို့၀င်ရောက် ပြီး ကိုယ်ကာယကြံ့ခိုင်ရေးနှင့် အကြောလျှော့လေ့ကျင့်ခန်းများကို ပြုလုပ်ကြပြီး တပျော်တပါး စုပေါင်း လမ်းလျှောက်ပွဲကို ရပ်နားခဲ့ပါသည်။ လမ်းလျှောက်ပွဲအပြီးတွင် ဒီဇင်ဘာလ အားကစားပြိုင်ပွဲများကို ဆက် လက်ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။
ရိုက်ကူးပေးပို့သူ - ဇော်မျိုးနိုင်(မြိတ်ခရိုင်ပြန်/ဆက်)