Follow Us

တနင်္သာရီတိုင်းဒေသကြီး၊ ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ (နောက်ဆုံးပတ်)ကျင်းပ

Sat, 12/30/2017 - 12:55

ထားဝယ် ဒီဇင်ဘာ ၃၀

            ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ရေးအားကစား လေ့ကျင့်သည့် အလေ့အကျင့်ကောင်း များရှိလာစေရေးနှင့် ပြည်သူလူထုတစ်ရပ်လုံးကိုယ်လက်ကြံ့ခိုင်ရန် ပါဝင်ဆင်နွဲရေးတို့အတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တိုင်းဒေသကြီး၊ ဒီဇင်ဘာလူထုအားကစား လ စုပေါင်းလမ်းလျှောက်ပွဲ (နောက်ဆုံးပတ်)ကို ယနေ့နံနက်(၅)နာရီ (၃၀)မိနစ်အချိန်တွင် စုရပ်ဖြစ် သော တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့တွင် ပြည်သူလူထုများစုပေါင်းကာ ပါဝင်ဆင်နွဲခဲ့ကြပါသည်။

            ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ ရပ်ကွက်သူ/သားများ စုစုပေါင်း အင်အား(၂၀၀၀)ဦးခန့်တို့နှင့်အတူ စုရပ်ဖြစ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရှေ့မှ အာဇာနည်လမ်းမ ကြီးအတိုင်း ဗိုလ်ချုပ်မြင်းစီးကြေးရုပ်အထိ၊ ၎င်းမှတဆင့် တိုင်းဒေသကြီးအားကစားကွင်းအထိ စုပေါင်း လမ်းလျှောက်ခဲ့ကြပါသည်။

            ဆက်လက်၍ ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲ(နောက်ဆုံးပတ်)တွင် တိုင်းဒေသ ကြီးအားကစားကွင်း၌ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအတွဲ(၁နှင့်၂)ဖြစ်သော ကိုယ်လက်လှုပ်ရှား အားကစားနည်း(၁၂)မျိုးကို စုပေါင်းလေ့ကျင့်ခြင်းနှင့်   အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပေးခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။