Follow Us

ပည်ထောင်စုရှေ ့နေချုပ် ဦးထွန်းထွန်းဦးနှင့် တနင်္သာရီတို်င်းဒေသကြီးအတွင်းရှိ ဥပဒေအရာရှိများ တွေ ့ဆုံပွဲ အခမ်းအနားကျင်းပ

Sat, 12/30/2017 - 12:53


ထား၀ယ် ဒီဇင်ဘာ ၃၀
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် တနင်္သာရီတို်င်းဒေသကြီးအတွင်းရှိ ဥပဒေအရာရှိများတွေ့ ဆုံပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၉ ရက်နေ့၊ မွန်းလွဲ (၂)နာရီအချိန်တွင် ထား၀ယ်မြို့၊ Hotel Dawei အစည်းအေ၀းခန်းမ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် ဥပဒေအရာရှိများသည် ဥပဒေအရာရှိကျင့်၀တ်နှင့်အညီ ပြုမှုနေထို်င်ကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ လမ်းညွှန်ချက်၊ ညွှန်ကြားချက်များအတို်င်း လိုက်နာဆောင်ရွက်ကြရန်နှင့် ဥပဒေစိစစ်ရေး၊ ဥပဒေအကြံဉာဏ်ပေးရေး၊ တရားစွဲမှုနှင့်အမှုလို်က်လုပ်ငန်း၊ စီမံရေးရာနှင့်ဘဏ္႑ာရေးကိစ္စများတွင်လည်း ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မှန်မှန်ကန်ကန်မြန်မြန်ဆန်ဆန်ဖြင့် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
ထ့ိုနောက် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်းက လုပ်ငန်းဆိုင်ရာများ ရှင်းလင်းဆွေးနွေးပြီး တို်င်းဒေသကြီးဥပဒေချုပ်နှင့် ဥပဒေအရာရှိများက ပြည်ထောင်စုရှေ့နေချုပ်၏ လမ်းညွှန်ချက်ကိုခံယူ၍ တနင်္သာရီတို်င်းဒေသကြီးဥပဒေချုပ်ရုံး၏ လုပ်ငန်းဆောင် ရွက်မှုအခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြော