Follow Us

ထား၀ယ်ရိုးရာယဉ်ကျေးမှုနှင့်ရှေးဟောင်းပစ္စည်းများပြပွဲအခမ်းအနားကျင်းပ

Fri, 12/29/2017 - 13:35

ထား၀ယ် ဒီဇင်ဘာ ၂၉
ထား၀ယ်ရိုးရာယဉ်ကျေးမှုနှင့်ရှေးဟောင်းပစ္စည်းများကို ထိန်းသိမ်းတန်ဖိုးထားတတ်လာစေရန်၊ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများကို မပျောက်ပျက်အောင် လက်ဆင့်ကမ်းထိန်းသိမ်းထားတတ်လာစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ထား၀ယ်ဒေသအတွင်းရှိ ထား၀ယ်ရိုးရာယဉ်ကျေးမှုနှင့် ရှေးဟောင်းပစ္စည်းများပြပွဲ အခမ်း အနားကို ဒီဇင်ဘာ ၂၈ရက်နေ့၊ နံနက် (၉) နာရီအချိန်၌ ထား၀ယ်ခရိုင်ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာ၀န်ကြီး ဦးစောလုကာ က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာလာ၀င်းက ပြပွဲဆောင်ရွက်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြား၍ စာရေးဆရာကြီး ဦးဘမြင့်က ထား၀ယ်စာပေစကား ၊ ထား၀ယ်ရိုးရာယဉ်ကျေးမှုနှင့် ရှေးဟောင်း ပစ္စည်းများအကြောင်းကို ရှင်းလင်းပြောကြားကာ ထား၀ယ်ရိုးရာယဉ်ကျေးမှုအဖွဲ့မှ ဆရာဦးကိုကိုကြီးက ထား၀ယ်ရိုးရာယဉ်ကျေးမှု၊ ၀တ်စားဆင်ယဉ်မှုနှင့် ဓလေ့ထုံးတမ်းများအကြောင်း၊ ထား၀ယ်ရိုးရာ ယမ်းအက ဖြစ်ပေါ်လာမှုသမိုင်းကြောင်းအရာများအကြောင်းကိုရှင်းလင်းပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာ၀န်ကြီး၊ စာရေးဆရာကြီး ဦးဘမြင့် နှင့်ဦးထွန်းကြည် ၊ အမျိုးသမီးရေးရာအဖွဲ့၀င်များ ၊ထား၀ယ်ရိုးရာယဉ်ကျေးမှုအဖွဲ့၀င်များ ၊ဒေသခံ ပြည်သူများတို့က ထား၀ယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှခင်းကျင်းပြသထားသည့် ထား၀ယ်ရိုးရာယဉ်ကျေးမှုဖြစ်သော အ၀တ်အထည်များ ၊ အသုံးအဆောင်ပစ္စည်းများ နှင့် ရှေးဟောင်းပစ္စည်း များကိုစိတ်ပါ၀င်စားစွာကြည်ရှု့အားပေးခဲ့ကြသည်။ထား၀ယ်ရိုးရာယဉ်ကျေးမှုနှင့်ရှေးဟောင်းပစ္စည်းများကို ထား၀ယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ(MUSEUM) ပြတိုက်ငယ်တွင် ခင်းကျင်း ပြသထားမည်ဖြစ်ကြောင်းနှင့်မည်သူမဆို လာရောက်ကြည့်ရှု့အားပေးနိုင်ကြောင်း သတင်းရရှိပါသည်။ 
(ပေးပို့သူ - ကျော်ကျော်လတ်( ခရိုင်ပြန်/ဆက်)