Follow Us

ထား၀ယ်မြို့နယ်နှင့် မြိတ်မြို့နယ်များမှ ပြည်သူများအား ပြန်လည်နေရာချထားရေးနှင့်ပတ်သက်၍ အစည်းအေ၀းကျင်းပ

Wed, 12/27/2017 - 19:32


ထား၀ယ် ဒီဇင်ဘာ ၂၇
၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့၊ ညနေ(၃)နာရီအချိန်၌ တနင်္သာရီတိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအေ၀းခန်းမတွင် ၂၀၁၇ - ၂၀၁၈ ခု၊ ဘဏ္႑ာရေးနှစ် ထား၀ယ်မြို့နယ် (၆)ခန်းတွဲ အငှားအိမ်ရာ အဆောက်အဦ (၂)လုံးနှင့် မြိတ်မြို့နယ် (၆)ခန်းတွဲ အငှားအိမ်ရာ အဆောက်အဦ (၂)လုံးတို့၌ ထား၀ယ်မြို့နယ်နှင့် မြိတ်မြို့နယ်များမှ ပြည်သူများအား ပြန်လည် နေရာချထားရေးနှင့်စပ်လျဉ်းသည့် အစည်းအေ၀း ကျင်းပပြုခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ သက်ဆို်င်ရာ ဌာနများမှ တက်ရောက် ခဲ့ကြပါသည်။
အဆိုပါ အစည်းအေ၀းတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်မှ အဖွင့်အမှာ စကားပြောကြားရာတွင် ထား၀ယ်မြို့နှင့်မြိတ်မြို့များရှိ ဆောက်လုပ်ပြီးစီးသော အငှားအိမ်ရာများတွင် နေရာချထားနိုင်ရေးအတွက် ၀ိုင််း၀န်းဆွေးနွေးစေလိုကြောင်း၊ အငှားအိမ်ရာများတွင် နေထိုင်သူများကို မှတ်တမ်းဓါတ်ပုံများနှင့် စည်းကမ်း ချက်များသတ်မှတ်၍စနစ်တကျ နေထိုင်စေရေးကြပ်မတ် သွားရန်လိုကြောင်း၊ အငှားအိမ်ရာတွင် နေရာချထားပြီးပါကအစိုးရစီမံခန့်ခွဲးပိုင်ခွင့်ရှိ မြေများတွင် ဆိုင်းဘုတ်စိုက်ထူရန်လိုကြောင်းနှင့် အငှားအိမ်ရာများတွင် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက် နိုင်ရေး အတွက် ရန်ပုံငွေ ခွင့်ပြုပေး သွားမည်ဖြစ်ကြောင်း မှာကြားဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ထား၀ယ်ခရိုင်နှင့် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူးများမှ ကျူးကျော်နေထိုင်သူများကို နေရာချထားနိုင်ရေး အစီအမံများကိုလည်းကောင်း၊ တက်ရောက်လာသောဌာနဆိုင်ရာများမှ အငှားအိမ်ရာများတွင် လိုအပ်ချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအေ၀းကို ညနေ(၄)နာရီအချိန်တွင် ပြီးမြောက်ခဲ့ပါသည်။