Follow Us

ထား၀ယ်မြို့ဆိပ်ကမ်းသာလမ်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အကောင်အထည်ဖော်ရေးကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအေ၀း အခမ်းအနား ကျင်းပ

Wed, 12/27/2017 - 18:00

ထား၀ယ် ဒီဇင်ဘာ ၂၇
၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်၌ တနင်္သာရီတိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအေ၀းခန်းမတွင် ထား၀ယ်မြို့ဆိပ်ကမ်းသာလမ်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အကောင်အထည်ဖော်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအေ၀း ကျင်းပပြု လုပ်ခဲ့ရာ တနင်္သာရီ တိုင်းဒေသကြီးအစိုးအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ သက်ဆို်င်ရာ ဌာနများမှ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အစည်းအေ၀းတွင် အစိုးရအဖွဲ့ ၀န်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ထား၀ယ်မြို့ရှိ ကမ်းနားလမ်းကို မြိတ်နှင့် ကော့သောင်းမြို့များရှိ ကမ်းနားလမ်းကဲ့သို့ သာယာလှပလာ စေရေးအတွက် သက်ဆိုင်ရာ ဌာနများမှ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့သို့ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ တိုင်းဒေသကြီးလမ်းဦးစီးဌာန(မြို့ပြ)၊ တိုင်းဒေသကြီးမြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ကြစေလို ကြောင်း၊ ထား၀ယ်မြို့ဆိပ်ကမ်းသာလမ်းဖွံ့ဖြိုးတိုးတက်ရေးသည် တိုင်းဒေသကြီး၏ ပြယုဂ်တစ်ခုဖြစ် သည်နှင့်အညီ သက်ဆိုင်ရာ၀န်ကြီးဌာနများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ဆိပ်ကမ်းသာလမ်းရှိကျန်ရှိသည့် ဆိုင်ခန်းများကိုလည်း အမြန်ဖယ်ရှားနိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အာဇာနည်လမ်းနှင့် မြောင်းပုလဲတံတားအထိ အရှည်ပေ(၁၄၀၀)အတွင်း လုပ်ငန်း(၅)ခု ဆောင်ရွက် ရန်အတွက် ကုန်ကျမည့် ငွေကျပ် (၁၀၂၆.၄၅)သန်းအား ဘဏ္႑ာနှစ်အလိုက် ခွင့်ပြုပေးသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။ 
ဆက်လက်၍ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးမှ ထား၀ယ်၊ ဆိပ်ကမ်း သာလမ်း လုပ်ငန်းဆောင်ရွက်မည့်အစီအမံအား လည်းကောင်း၊ တိုင်းဒေသကြီးမြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ ဆိပ်ကမ်းအရာရှိချုပ်မှ Phase အလိုက်ဆောင်ရွက်ရမည့် အပိုင်းများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီးဌာနသို့ တင်ပြနိုင်မည့်အစီၤအမံများကိုလည်းကောင်း ရှင်းလင်းတင်ပြပြီး အစည်း အေ၀းကို မွန်းလွဲ (၂)နာရီ (၄၅)မိနစ်အချိန်တွင် ပြီးမြောက်ခဲ့ပါသည်။