Follow Us

ဆလုံလူမျိုးများနှင့်ပတ်သက်၍ လူမှုရေးနှင့်စီးပွားရေးဘ၀ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကွင်းဆင်းလေ့လာရေးအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအေ၀းကျင်းပ

Wed, 12/27/2017 - 17:31

ထား၀ယ် ဒီဇင်ဘာ ၂၇
၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်၌ တနင်္သာရီတိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး၊ ကရင်တိုင်းရင်းသားရေးရာ၀န်ကြီးရုံးခန်းတွင် ဆလုံလူမျိုးများ၏ လူမှုရေးနှင့် စီးပွားရေးဘ၀ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ ကွင်းဆင်းလေ့လာရေးအဖွဲ့၏ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအေ၀းကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအေ၀တွင် အဖွဲ့ခေါင်းဆောင်၊ ကရင်တိုင်းရင်းသားရေးရာ၀န်ကြီး ဦးစောလုကာမှ ဆလုံလူမျိုးများ၏တောင်းဆိုချက်များကိုအကောင်းဆုံးပံ့ပိုးပေးနိုင်ရန်လိုကြောင်း အဖွင့်အမှာစကား ပြောကြားပြီး ၊ တက်ရောက်လာသည့် အဖွဲ့၀င်များမှ ကွင်းဆင်းလေ့လာရေး အတွက် အဖွဲ့များဖွဲ့စည်းခြင်းနှင့် သွားရောက်လေ့လာမည့်နေ့ရက်နှင့် လေ့လာမည့်ခေါင်းစဉ်/ အကြောင်းအရာများ ကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အစည်းအေ၀းကို မွန်းလွဲ (၁)နာရီ (၃၀)မိနစ်အချိန်တွင် ပြီးမြောက်ခဲ့ပါသည်။