Follow Us

တောင်သူများအား နစ်နာကြေးနှင့် လျော်ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပခြင်

Wed, 12/27/2017 - 17:14

 

 


ထားဝယ် ဒီဇင်ဘာ ၂၇
၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်(၉)နာရီအချိိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာအုပ်စု၊ ကမြောကင်းကျေးရွာရှိ ထားဝယ် တက္ကသိုလ်နယ်မြေအဖြစ် အသုံးပြုဆောင်ရွက်လျက်ရှိသော မြေဧရိယာအတွင်း ပါဝင်လျက်ရှိသည့် တောင်သူများကို နစ်နာကြေးနှင့် လျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားကို ထားဝယ်တက္ကသိုလ် (ဘွဲ့နှင်းသဘင်ခန်းမ)၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စာလှယ်များ၊ တိုင်းဒေသ ကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ တိုင်းဒေသကြီးလယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံမှုများ ပြန်လည်စီစစ်ရေးကော်မတီ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင်၊ ခရိုင် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၊ ခရိုင်လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံမှုများ ပြန်လည်စီစစ်ရေးကော်မတီ၊ ထားဝယ်တက္ကသိုလ် တာဝန်ခံပါမောက္ခချုပ်၊ ဒုတိယပါမောက္ခနှင့်ဌာနမှုးများ၊ မြို့နယ််လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံမှုများ ပြန်လည်စီစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့၊ မြို့နယ်လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံမှုများ ပြန်လည်စီစစ်ရေး ကော်မတီ၊ မြို့နယ်အဆင့်ဌာနဆိုင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံမှုများ ပြန်လည်စီစစ်ရေးကော်မတီ၊ လျှော်ကြေငွေလက်ခံမည့်သူများနှင့် ဖိတ်ကြားထား သောဧည်သည်တော်များ စုစုပေါင်းအင်အား(၂၄၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ထားဝယ်တက္ကသိုလ်တာဝန်ခံ ပါမောက္ခချုပ်ဒေါက်တာသိင်္ဂီရွှေမှ နစ်နာကြေးနှင့်လျော်ကြေးငွေများ ကိုလွှဲပြောင်းပေးအပ်ခြင်း၊ နစ်နာကြေးနှင့်လျော်ကြေးငွေထုတ်ပေးရေးကော်မတီ အဖွဲ့ခေါင်းဆောင် ထားဝယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးမှ နစ်နာကြေးနှင့်လျော်ကြေးငွေဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်း ပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရဖွဲ့ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များမှ ပထမအကြိမ်အဖြစ်တောင်သူ(၁၂)ဦးအတွက် သီးနှံနစ်နာ(၄၇၁,၀၃၀,၀၀၀ိ/-)၊ မြေလျော်ကြေးငွေ (၁၀၆,၄၈၀,၀၀၀ိ/ ) ၊ စုစုပေါင်းလျော်ကြေးငွေ(‎၁၅၃,၅၈၃,၀၀၀)ကျပ်ကို အသီးသီးလွှဲပြောင်း ပေးအပ်ခဲ့ပြီး နံနက်(၁၁)နာရီ အချိန်တွင် အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။