Follow Us

သမဝါယမဦးစီးဌာန

Thu, 09/08/2016 - 14:35

Vertical Tabs

About Topic

သမဝါယမဦးစီးဌာန၏ လုပ်ငန်းတာဝန်များ
သမဝါယမဦးစီးဌာန၏ Micro Calpital Loan လုပ်ငန်းရည်ရွယ်ချက်
     ပြည်သူများပြင်ပမှ အတိုးကြီးပေး၍ ငွေချေးယူရမှုမှ လတ်တလောသက်သာစေရန်၊ နောင်(၄/၅)နှစ်ကြာသည့်အခါတွင် ပြင်ပမှ ချေးငွေစရာမလိုတော့ဘဲ မိမိပိုင်ငွေကြေးဖြင့် မိမိဘာသာရပ်တည်နိုင်စေရန်(Self Reliance)နှင့် ၄င်းမှတစ်ဆင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု(Sustainable Development)အခြေအနေသို့ ရောက်ရှိစေရန် မျှော်မှန်းဆောင်ရွက်နေခြင်းဖြစ်ပါသည်။

ဦးစီးဌာန၏ လုပ်ငန်း/အကြောင်းအရာအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ထုံးလုပ်နည်းများ
     သမဝါယမဦးစီးဌာန၏ လုပ်ငန်းများမှာ အသင်းဖွဲ့စည်းရန် စည်းရုံးခြင်း၊ အသင်းဖွဲ့စည်းရေးဆောင်ရွက်ခြင်း၊ သမဝါယမပညာပြန့်ပွားအောင်ဆောင်ရွက်ခြင်းနှင့် နိုင်ငံတော်၏မူဝါဒများ၊ သမဝါယမအခြေခံမူများ၊ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်ရန် ထိန်းကျောင်းတည့်မတ်ဆောင်ရွက်ခြင်း တို့ဖြစ်ပါသည်။

အကြောင်းအရာအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ထုံးလုပ်နည်းများ
(၁) ချေးငွေကျပ်(၁)သိန်း ထုတ်ချေးရာတွင် လိုက်နာရမည့် “စံ”နှုန်းသတ်မှတ်ချက်များ 
     - သမဝါယမအသင်းများ၏အသင်းသားဖြစ်ရမည်
     - လယ်ယာမြေပိုင်ဆိုင်ပြီး စပါးနှင့်အခြားသီးနှံများ စိုက်ပျိုးလုပ်ကိုင်သူဖြစ်ရမည်
     - လယ်ယာမြေပိုင်ဆိုင်မှုမရှိသော်လည်း ပိုင်ဆိုင်သူထံမှသီးစားခပေး၍ ကိုယ်တိုင်စပါးနှင့် အခြားသီးနှံများ စိုက်ပျိုးလုပ်ကိုင်သူဖြစ်ရမည်
     - ချေးငွေနှင့်ပတ်သက်၍ ပျက်ကွက်မှုမှတ်တမ်းမရှိသူဖြစ်ရမည်
     - မွေးမြူရေးလုပ်ငန်းများအတွက် အမှန်တကယ်မွေးမြူလုပ်ကိုင်သူဖြစ်ရမည်
     - ရေလုပ်သားများအတွက် ကိုယ်ပိုင်လှေ၊ ကိုယ်ပိုင်ငါးဖမ်းကိရိယာတို့ဖြင့် သက်မွေး ဝမ်းကျောင်းပြုလုပ်ကိုင်သူဖြစ်ပြီး ၄င်းဒေသတွင် အမြဲတမ်းနေထိုင်သူဖြစ်ရမည်
     - လယ်ကူလီကျပန်းလုပ်သားများအတွက် ၄င်းကျေးရွာတွင် ပုံစံ(၁၀)ဖြင့် အမြဲတမ်း နေထိုင်သူဖြစ်ရမည်
     - လုပ်ငန်းအတွက် ငွေကြေးအထောက်အပံ့အမှန်တကယ်လိုအပ်သူဖြစ်ရမည်
     - ထုတ်ချေးငွေနှင့်အတိုးကို သတ်မှတ်ထားသည့်အတိုင်း ပြန်လည်ပေးသွင်းနိုင်သည့် ပုံမှန်ဝင်ငွေရှိသူဖြစ်ရမည်
     - ဝိုင်း
ကြီးချုပ်အဖွဲ့ဝင်များမှ အာမခံသူအသင်းမှ အာမခံသူဖြစ်ရမည်

(၂) ချေးငွေ(၁)သိန်းမှ (၅)သိန်းအထိ တိုးမြှင့်ပေးနိုင်ရေးအတွက်သတ်မှတ်အရည်အချင်း“စံ” နှုန်းများ 
     - သမဝါယမအသင်းများ၏ ချေးငွေခံစားပြီးသူ အသင်း/အသင်းသားဖြစ်ရမည်
     - လယ်ယာဥယျာဉ်ခြံပိုင်ဆိုင်သည့် အသင်းသားဟောင်းဖြစ်သော စိုက်ပျိုးရေးကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ၊ လယ်ယာဥယျာဉ်ခြံမပိုင်ဆိုင်သည့် အသင်းသားဟောင်းဖြစ်သော ကိုယ်တိုင်ငှားရမ်းစိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ ဖြစ်ရမည်
     - သမဝါယမအသင်းများပိုင်ငွေဖြင့် အသေးစားအရင်းအနှီးချေးငွေရယူပြီး မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသူဖြစ်ရမည်
     - လယ်သမားများအတွက် ၄င်း၏လုပ်ငန်းရဲ့ လိုအပ်မှု၊ ကြိုးစားမှု၊ ဖြစ်နိုင်ခြေရှိမှုတို့အပေါ်မူတည်၍ ကျပ်(၂)သိန်းမှ (၅)သိန်းအထိ တိုးမြှင့်ထုတ်ချေးပေးရမည်
     - မွေးမြူရေးသမားများအတွက် မွေးမြူသည့်တိရိစ္ဆာန်အမျိုးအစား၊ အရေအတွက်နှင့် ၄င်း၏လုပ်ငန်းလိုအပ်မှု၊ ကြိုးစားမှု၊ ဖြစ်နိုင်ချေရှိမှုအပေါ်မူတည်၍ ကျပ်(၂)သိန်းမှ (၅)သိန်းအထိ တိုးမြှင့်ထုတ်ချေးရမည်
    - ထိုသို့ဆောင်ရွက်ရာတွင် သမဝါယမအသင်းသားများ၊ ရွာသူရွာသားများ၏ ညီညွှတ်သောဆန္ဒနှင့် တစ်သင်းလုံး၊ တစ်ရွာလုံး၏ အာမခံနိုင်မှုအပေါ်အခြေခံပြီး ငွေကြေးစိစစ်ရေးအဖွဲ့က စံပြအသင်း၊ စံပြကျေးရွာအဖြစ်သတ်မှတ်ကာ ၄င်း၏အသင်းသားများအား ဦးစားပေးထုတ်ချေးခြင်းကိုလည်း ပြုလုပ်နိုင်သည်။
    - အသင်းအမှုဆောင်အဖွဲ့သည် အသင်း၏အကျိုးစီးပွားကို လိုလားပြီး စိတ်ဓါတ်ကောင်းမွန်သူဖြစ်ရမည်
    - အသင်း၏အကျိုးစီးပွားကိုဖော်ဆောင်ရာတွင် အသင်းသားများအားလုံးသည် စည်းလုံးညီညွှတ်စွာဖြင့် လုပ်ငန်းဆောင်ရွက်နေသောအသင်းဖြစ်ရမည်
    - ချေးငွေယူရမည့်အသင်း/ အသင်းသားသည် နာမည်ပျက်မရှိသော အသင်း/ အသင်းသားဖြစ်ရမည်
    - ချေးငွေများအား သတ်မှတ်ထားသောချေးငွေကာလပြည့်ပါက အရင်းအတိုး အပြေအကြေ ပေးဆပ်နိုင်သော ယုံကြည်စိတ်ချရသည့် အသင်း/အသင်းသား ဖြစ်ရမည်
    - ချေးငွေစာချုပ်တွင် လယ်/ယာ၊ အိမ်/မြေ စသည်တို့ကိုအာမခံထား၍ ၀ိုင်းကြီးချုပ် အဖွဲ့ဝင်များက အာမခံလက်မှတ်ထိုးပြီး သမဝါယမဦးစီးဌာနမှလည်း တာဝန်ခံရမည်
    - ချေးငွေများပြန်လည်ပေးဆပ်ရန် ပျက်ကွက်မှုဖြစ်ပေါ်လာခဲ့လျှင် ချေးငွေစာချုပ်တွင် ပါရှိသည့်အတိုင်း ဝိုင်းကြီးချုပ်အဖွဲ့ကပေးလျော်စေခြင်း၊ အသင်းပိုင်/အသင်းသားပိုင် အာမခံထားရှိထားသည့်ပစ္စည်းများအား ထုခွဲရောင်းချခုနှိမ်ပေးလျော်စေခြင်းကို သိရှိလိုက်နာနိုင်ရမည်

(၃) လယ်ယာသုံးစက်ကိရိယာများဝယ်ယူရာတွင်လိုက်နာရမည့် “စံ” နှုန်းသတ်မှတ်ချက်များ
    - ကိုယ်တိုင်ဆန္ဒပြုသည့် သမဝါယမအသင်း/အသင်းသားဖြစ်ရမည်။ သက်ဆိုင်ရာ ဝိုင်းကြီးချုပ်အဖွဲ့နှင့် အသင်းကထောက်ခံသူဖြစ်ရမည်။
    - မိမိဆန္ဒအတိုင်း Demand Form ကိုဖြည့်စွက်ပြီး ဝယ်ယူရန်အဆိုပြုသူ သမဝါယမအသင်း/အသင်းသား ဖြစ်ရမည်။
    -  သမဝါယမအသင်းစုချုပ်များမှ တာဝန်ယူ၍ စက်ပစ္စည်းတန်ဖိုးနှင့်ကာမိရန် ဒေသအလိုက် လယ်ယာမြေတန်ဖိုးအပေါ် လုံလောက်သော လယ်ဧကများကို အာမခံအဖြစ် ရယူရမည်။
    - လယ်မြေဧကပိုင်ဆိုင်မှုနှင့် စက်ပစ္စည်းတန်ဖိုးမကာမိပါက အသင်းသားပိုင် အိမ်၊ ဝိုင်း၊ ခြံ၊ မြေတို့ကိုလည်း အာမခံအဖြစ် ရယူဆောင်ရွက်နိုင်သည်။
    - လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို ကြိုးစားလုပ်ကိုင်သူဖြစ်ပြီး ဝယ်ယူသည့်စက်ပစ္စည်းတန်ဖိုးကို အပြေအကြေပေးဆပ်နိုင်သူဖြစ်ရမည်။
    - လယ်ယာပိုင်ဆိုင်သူမဟုတ်သော်လည်း အခြားလယ်ယာမြေများကို သီးစားလုပ်ကိုင်သူ၊ လုပ်ငန်းကြိုးစားလုပ်ကိုင်သူများကို သက်ဆိုင်ရာဝိုင်းကြီးချုပ်အဖွဲ့နှင့်အသင်းက ထောက်ခံသူဖြစ်ပါက လက်တွန်းထွန်စက်အမျိုးအစားကိုသာ ရောင်းချပေးမည်။
    - သမဝါယမအသင်းပိုင်၊ ကျေးရွာပိုင်အဖြစ်ဝယ်ယူလိုပါက အသင်းသားများအားလုံး၏ သဘောတူညီမှုဖြင့် ဝယ်ယူခွင့်ပြုမည်။ သက်ဆိုင်ရာသမဝါယမအသင်းအမှုဆောင်အဖွဲ့နှင့် အထောက်အကူပြုအဖွဲ့တို့က ငွေပေးချေမှုကို တာဝန်ယူရမည်။
    - စက်ပစ္စည်းဝယ်ယူမည့်သမဝါယမအသင်း/အသင်းသားသည် မိမိလုပ်ငန်းအောင်မြင်အောင် ကြိုးစားလိုစိတ်ရှိပြီး နာမည်ပျက်မရှိသည့် အသင်း/အသင်းသားဖြစ်ရမည်။
    - စက်ပစ္စည်းဝယ်ယူသူများလိုက်နာရမည့် စည်းကမ်းနှင့်တာဝန်သတ်မှတ်ချက်ပါအချက်များကိုလည်းကောင်း၊ စက်ပစ္စည်းဝယ်ယူခြင်းစာချုပ်ပါအချက်များကို လည်းကောင်းလိုက်နာနိုင်သူဖြစ်ရမည်။
    - ကုမ္ပဏီများမှ Hire Purchase စနစ်ဖြင့်ဝယ်ယူသော စက်ပစ္စည်းကိရိယာများနှင့် Daedong လယ်ယာသုံးစက်ပစ္စည်းကိရိယာများအား နှစ်မျိုးလုံးဝယ်ယူခွင့်မပြုရန်။ 
    - ကုမ္ပဏီများမှ Hire Purchase စနစ်ဖြင့်ဝယ်ယူသော စက်ပစ္စည်းကိရိယာများမှာ ငွေကြေးကန့်သတ်မှုအရ ဗဟိုသို့တင်ပြခွင့်ပြုချက်ရယူပြီးမှ ဆောင်ရွက်ရန်။
    - Daedong စက်ပစ္စည်းဝယ်ယူခြင်းအတွက် အသင်းသားတစ်ဦးချင်း ချေးငွေပေးသွင်းမှုမှတ်တမ်းစာအုပ်တွင် စက်ပစ္စည်းအတွက် ငွေပေးသွင်းမှုနှင့် ဆက်စပ်ပစ္စည်းအတွက် ငွေပေးသွင်းမှုတို့ကို စာအုပ်၏တစ်ခြမ်းစီ နှစ်ပိုင်းခွဲ၍ စာရင်းရေးသွင်းဆောင်ရွက်ရန်
    - စက်ပစ္စည်းကိရိယာများအတွက် အာမခံပုံစံ(၇)နှင့် စာချုပ်များအား ဘဏ်များတွင်လည်းကောင်း၊ မီးခံသေတ္တာတွင်လည်းကောင်း မူရင်းအားထိန်းသိမ်းထားရန်နှင့် မိတ္တူကိုသာ လုပ်ငန်းတွင် အသုံးပြုဆောင်ရွက်ရန်။

Office Address and Location Map
Office Address and Location Map: 

မျှော်အင်းလမ်း၊ညောင်ရမ်းတောင်ရပ်၊ထားဝယ်မြိ်ု့။
ဖုန်း    -    ၀၅၉-၂၃၅၃၀၊ ၀၅၉-၂၁၃၁၆၊ ၀၅၉-၂၁၀၅၂

 

Location Map: