Follow Us

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

Thu, 09/08/2016 - 13:12

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ(၉)၊ ထားဝယ်၊ တနင်္သာရီတိုင်းဒေသကြီးရုံး စတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်းကြောင်း
   (၁-၁၀-၁၉၇၂)ခုနှစ်တွင် နိုင်ငံတော်၏ နှစ်တိုနှစ်ရှည် စီးပွားရေးမူဝါဒများအရ စနစ်သစ်အုပ်ချုပ်ရေး အကောင်အထည်ဖော် ဆောင်ရွက်သည့် အချိန်တွင် ရေလမ်းထိန်းသိမ်းရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် စတင်ပေါ်ပေါက်ခဲ့သည်။
   (၉-၄-၁၉၉၉)ခုနှစ်တွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံဖြိုးတိုးတတ်ရေးဦးစီးဌာနအမည်သို့ ပြောင်းလဲ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
   (၁၅-၁၂-၁၉၉၉) မှ ယနေ့အထိ ထားဝယ်မြစ်ကြောင်းအတွင်း ရေလမ်းဖွံဖြိုးတိုးတက်လာစေရန်နှင့် တိုင်းဒေသကြီးအတွင်းရှိ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်း၊ ထားဝယ်မြို့၌ စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၀၄ ခုနှစ်တွင် မြိတ်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁ဝ ခုနှစ်တွင် ထားဝယ်မြို့သို့ ပြန်လည်
ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါသည်။

 

Office Address and Location Map: 
တိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများ
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
လမ်းသစ်လမ်း၊ ဆန်းချီရပ်၊ ထားဝယ်မြို့
ဖုန်း - ၀၅၉-၂၂၁၆၃
Fax  - ၀၅၉-၂၃၅၇၉