Follow Us

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Thu, 09/08/2016 - 12:38

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနဦးစီးဌာနစတင်ပေါ်ပေါက်လာပုံနှင့်နောက်ခံသမိုင်း
    မြန်မာနိုင်ငံမိုးလေဝသသမိုင်းတွင် အစောဆုံးတွေ့ရှိရသော မိုးရေချိန်မှတ်တမ်းများမှာ ၁၈၅ဝခုနှစ်မှ စတင်ခဲ့ပြီး  ကိုလိုနီနယ်ချဲ့စစ်တပ်မှ  စတင်တိုင်းထွာခဲ့ခြင်းဖြစ်ပါသည်။ အစောဆုံးဖွင့်လှစ်ခဲ့သော စခန်းများအနက် စစ်တွေစခန်းကို၁၈၆၆ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ ရန်ကုန်မြို့တွင် ၁၈၇၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ထိုစဉ်အခါက မြန်မာနိုင်ငံ မိုးလေဝသ စခန်းများကို အိန္ဒိယနိုင်ငံမိုးလေဝသဌာနမှ စီမံအုပ်ချုပ်ခဲ့ပါသည်။ ၁၉၃၇ ခုနှစ် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံမှခွဲထွက်ခဲ့သဖြင့် ၁၉၃၇ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံ မိုးလေဝသဌာနဟူ၍ စတင်သီးခြား ပေါ်ပေါက်လာခဲ့ပါသည်။
    ၁၉၄၁ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ မြန်မာ့မိုးလေဝသလုပ်ငန်းများသည် ဂျပန်စစ်တပ်လက်အောက်သို့ ရောက်ရှိခဲ့ပါသည်။ ၁၉၄၅ ခုနှစ်မှ မြန်မာနိုင်ငံလွတ်လပ်ရေးရသည်အထိ ကာလအတွင်း မြန်မာ့မိုးလေဝသဝန်ထမ်းများသည် ဗြိတိသျှလေတပ်နှင့် တွဲဘက်လုပ်ကိုင်ခဲ့ရပါသည်။
    ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးနောက် ၁၉၅၆ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံမိုးလေဝသဌာနတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရပါသည်။ ၁၉၄၇ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်၏ ပဋိဉာဉ်စာချုပ်ကို စတင်လက်မှတ်ရေးထိုးခဲ့သည့် (၄၆) နိုင်ငံအနက် တစ်နိုင်ငံအဖြစ် ပါဝင်ခဲ့ပါသည်။ ၁၉၄၈ခုနှစ်တွင် လေကြောင်း မိုးလေဝသခန့်မှန်းရေးရုံးကို မင်္ဂလာဒုံလေဆိပ်တွင် ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၅၁ ခုနှစ်၊ မတ်လ(၂၃)ရက်နေ့တွင် ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် စတင်ပေါ်ပေါက်ချိန်မှစတင်၍ မြန်မာနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့ပါသည်။ ၁၉၆၄ ခုနှစ်တွင် ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှူအစီအစဉ်ကို ပူးပေါင်းအကောင်အထည်ဖေါ်ခဲ့သော မြန်မာနိုင်ငံရှိ မိုးလေဝသနှင့် ဇလဗေဒလုပ်ငန်းများကို တိုးချဲ့ရေးစီမံကိန်းအရ မိုးလေဝသလုပ်ငန်းများသာမက ဇလဗေဒလုပ်ငန်းများကိုပါ တိုးချဲ့လုပ်ကိုင်ခဲ့ပါသည်။ ၁၉၆၈ ခုနှစ်တွင် ခြောက်ထပ်ရုံးရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူးချုပ်ရုံးကို ကမ္ဘာအေးသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၇၂ တွင် ဌာနကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။

 

Office Address and Location Map: 
တိုင်းဒေသကြီးမိုးလေဝသနှင့်ဇလဗေဒ 
ညွှန်ကြားမှုဦးစီးဌာန
လေယာဉ်ကွင်းလမ်း၊ ဗျောတောဝရပ်ကွက်၊
ထားဝယ်မြို့
ဖုန်း - ၀၅၉-၂၁၀၁၉
မြိတ်ခရိုင်မိုးလေဝသနှင့်ဇလဗေဒ
ညွှန်ကြားမှုဦးစီးဌာန
ဦးမြတ်လေးပန်းခြံလမ်း၊ ခယူတောရပ်ကွက်၊
ကန်ဖျားနယ်မြေ၊ ကန်ဖျားရပ်ကွက်၊ မြိတ်မြို့
ဖုန်း - ၀၅၉-၄၁၀၃၃
ကော့သောင်းမြို့နယ်မိုးလေဝသနှင့်
ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
စုပေါင်းရုံးလမ်း၊ ပိတောက်ရွှေဝါရပ်ကွက်၊
ကော့သောင်းမြို့
ဖုန်း - ၀၅၉-၅၁၀၁၀
လောင်းလုံးမြို့မိုးလေဝသနှင့်ဇလဗေဒ
ညွှန်ကြားမှုဦးစီးဌာနစခန်းရုံး
ဗိုလ်ဗထူးလမ်း၊ (ဂ)ရပ်ကွက်၊
လောင်းလုံးမြို့
ဖုန်း - ၀၅၉-၃၃၁၁၄