Follow Us

မြန်မာ့အမျိုးသားလေကြောင်း

Thu, 09/08/2016 - 12:35

မြန်မာအမျိုးသားလေကြောင်းစတင်ပေါ်ပေါက်လာပုံ
    ပြည်ထောင်စုမြန်မာနိုင်ငံလွပ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်ကာလအထိ မြန်မာနိုင်ငံတွင် လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့အစည်း ပေါ်ပေါက်ခဲ့ခြင်း မရှိသေးပေ။ အများ ပြည်သူလူထုအနေဖြင့်လည်း လေကြောင်းဆက်သွယ်ပျံသန်းရေးနှင့် ပို့ဆောင်ရေးတို့၏ အဓိကကျမှုကို သတိမူခြင်းမရှိကြပါ။ ဒုတိယကမ္ဘာစစ်ပြီးဆုံးသွားသောအခါ စစ်တွင်းသုံး လေယာဉ်အား အရပ်သုံးလေယာဉ်များအဖြစ် ပြုပြင်ပြောင်းလဲရန် စီမံကြသောအခါတွင် ကမ္ဘာအရပ်ရပ်၌ လေယာဉ်များဖြင့် ခရီးသည်များ၊ ကုန်ပစ္စည်းများကို သယ်ဆောင်ရန် စီစဉ်ကြ ပါသည်။ စစ်အတွင်းအတွေ့အကြုံများအရ အမြန်ဆုံးနှင့်စိတ်အချရဆုံး ပို့ဆောင်မှုမှာ လေကြောင်းဖြင့် ပို့ဆောင်ရေးဖြစ်ကြောင်း၊ သဘောပေါက်ခဲ့ကြပြီး စစ်အေးကာလတွင် မိမိ တိုင်းပြည်အတွက် စစ်အင်္ဂါတစ်ရပ်အနေဖြင့်လည်းကောင်း အသုံးချနိုင်ကြောင်း သိမြင်လာကြသည်။
  မြန်မာနိုင်ငံအစိုးရအနေဖြင့် ၁၉၄၇ ခုနှစ် သြဂုတ်လအတွင်း အောက်ပါရည်ရွယ်ချက် (၅)ရပ်ဖြင့် လေကြောင်းပျံသန်းသယ်ယူပို့ဆောင်ပေးနိုင်ရန် စီမံကိန်းတစ်ရပ် ရေးဆွဲခဲ့ပါသည်။
    (၁) ပြည်တွင်း၊ ပြည်ပအိမ်နီးချင်းနိုင်ငံများသို့ လျင်မြန်သော ဆက်သွယ်မှုရှိစေရန်
    (၂) စာပို့တိုက်ချောစာများ၊ မသုံးမဖြစ်သောကုန်ပစ္စည်းများနှင့် အရေးတကြီးလိုအပ်သော ကုန်ပစ္စည်းများကို ပို့ဆောင်ရာတွင် လျင်မြန်မှုရှိစေရန် 
    (၃) အစိုးရ၏အရေးကြီးသော ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်
    (၄) ပြည်သူလူထုအား လေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းအပေါ် စိတ်ဝင်စားမှုရှိစေရန်
    (၅) အမျိုးသားလေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့တစ်ခု ထွန်းကားလာစေရန်
   ဤရည်ရွယ်ချက်ဖြင့် စီမံကိန်းရေးဆွဲခဲ့သော်လည်း အကောင်အထည်မဖော်နိုင်ဘဲ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် မြန်မာနိုင်ငံတော်လွပ်လပ်သော အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်ခုအဖြစ်သို့ ရောက်ရှိသောအခါတွင် တိုင်းပြည်၏ဂုဏ်အင်္ဂါနှင့်ညီညွတ်စေရန် အထက်ပါရည်ရွယ်ချက်ကို ဖြည့်စွမ်းအကောင်အထည်ဖော်ရန် လိုအပ်ကြောင်း သိမြင်လာကြပါသည်။ ရေလမ်း၊ ကုန်းလမ်းတို့မှသွားလာရန် ခက်ခဲသောဒေသများသို့ အလွယ်တကူ ကူးသန်းသွားလာနိုင်ရေးအတွက် လေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းတစ်ရပ် တည်ထောင်ထားသင့်ကြောင်း ယုံကြည်လာကြသည့်အလျောက် ၁၉၄၈ ခုနှစ်တွင် အမျိုးသားသယ်ယူပို့ဆောင်အမိန့်(Nationalization of Air  Transport Order 1948 )ကို ထုတ်ပြန်ခဲ့ပါသည်။

Office Address and Location Map: 
  • မြန်မာအမျိုးသားလေကြောင်း၊ ထားဝယ်ဌာနခွဲ
    အမှတ်(၄၆)၊ ဆိပ်ကမ်းသာလမ်း၊
    ကမ်းနားပန်းခြံနဘေး၊ သင်္ဘောဆိပ်ရပ်ကွက်
    ဖုန်း - ၀၅၉-၂၁၀၇၀၊ ၀၉-၈၇၄၂၆၈၉
မြန်မာအမျိုးသားလေကြောင်း၊ မြိတ်ဌာနခွဲ
ကံဖျားလမ်းမကြီး၊ ကံဖျားရပ်ကွက်
ဖုန်း - ၀၅၉-၄၁၀၂၆၊ ၀၉-၈၇၆၃၀၀၂
                      
မြန်မာအမျိုးသားလေကြောင်း၊ ကော့သောင်းဌာနခွဲ
ဗိုလ်ချူပ်လမ်း၊ ပိတောက်ရွှေဝါရပ်ကွက်
ဖုန်း - ၀၅၉-၅၁၁၁၆၊ ၀၉-၅၆၄၅၂၉၂