Follow Us

မြန်မာ့မီးရထား

Thu, 09/08/2016 - 12:35

မြန်မာ့မီးရထားဦးစီးဌာန ပေါ်ပေါက်လာပုံနှင့်နောက်ခံသမိုင်း
        အင်္ဂလိပ်တို့သည် တတိယမြန်မာနိုင်ငံခေတ် ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး အောက်မြန်မာနိုင်ငံအား သိမ်းပိုက်ခဲ့ပြီး ၄င်းတို့၏အုပ်ချုပ်မှုယန္တရား လွယ်ကူ စေရန်နှင့် မြန်မာတို့၏ သယံဇာတပစ္စည်းများကို အလွယ်တကူသယ်ထုတ်နိုင်ရန်အတွက် ၁၈၇၇ ခုနှစ်၊ မေလ(၁)ရက်နေ့တွင် ရန်ကုန်-ပြည် ရထားလမ်းပိုင်းကို ဖွင့်လှစ်ခဲ့ပါသည်။ ရန်ကုန်-ပျဉ်းမနားလမ်းပိုင်းကို (၁.၅.၁၈၈၈)နေ့တွင်လည်းကောင်း ပဲခူး-မုတ္တမလမ်းပိုင်းကို (၁၅.၉.၁၉၀၇)နေ့တွင်လည်းကောင်း၊ မော်လမြိုင်တောင်-ရေးလမ်းပိုင်းကို (၁၆.၄.၁၉၂၅) နေ့တွင်လည်းကောင်း၊ ရေး-ထားဝယ်လမ်းပိုင်းကို (၁.၁၂.၂၀၀၃)နေ့တွင်လည်းကောင်း ဖွင့်လှစ်ခဲ့ပြီး (၁၇.၄.၂၀၀၆)နေ့တွင် သံလွင်တံတားသစ်ကြီးနှင့် မော်လမြိုင်ဘူတာသစ်ကြီး ဖွင့်လှစ်ခဲ့ သဖြင့် (၁၈.၄.၂၀၀၆)နေ့မှစ၍ ရန်ကုန်-ထားဝယ် တောက်လျှောက်လူစီးရထားပြေးဆွဲမှုကို စတင်နိုင်ခဲ့ပါသည်။ 

Office Address and Location Map: 

မြန်မာ့မီးရထားလက်ထောက်အင်ဂျင်နီယာရုံး
လေယာဉ်ကွင်းလမ်း၊ ညောင်ရမ်းတောင်ရပ်၊
မီးရထားရိပ်သာဝင်း၊ ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၁၈၁၀၊ ၀၉-၄၄၀၀၁၇၈၄၄