Follow Us

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

Thu, 09/08/2016 - 12:35

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း
    မြန်မာနိုင်ငံတော်အတွင်းသို့ ၁၉၀၅ ခုနှစ်တွင် မော်တော်ယာဉ်ရောက်ရှိလာကြောင်း တွေ့ရှိရပါသည်။ အများပြည်သူပိုင်မော်တော်ယာဉ်များကို ၁၉၁၃ ခုနှစ်တွင် တင်သွင်းလာ ပြီး အငှားမော်တော်ယာဉ်များအနေဖြင့် ၁၉၂ဝ ခုနှစ်မှ စတင်ပြေးဆွဲခဲ့ပါသည်။ လျှပ်စစ်သုံးထရော်လီကားများကိုမူ ၁၉၇၃ ခုနှစ်မှစ၍ အသုံးပြုခဲ့ပါသည်။ မြန်မာနိုင်ငံတော်အတွင်းသို့ အဆိုပါယာဉ်များရောက်ရှိလာပြီးနောက် အများပြည်သူလမ်းများပေါ်တွင် ပြေးဆွဲမောင်းနှင်လာသည်နှင့်အမျှ မော်တော်ယာဉ်များကို မော်တော်ယာဉ်ဥပဒေနှင့်အညီ စစ်ဆေးမှတ်ပုံတင်ပေးခြင်းလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ရန် လိုအပ်လာပါသည်။ ဗြိတိသျှအစိုးရလက်ထက်တွင် မော်တော်ယာဉ်မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းကို ရန်ကုန်ရဲမင်းကြီးက တာဝန်ယူ ဆောင်ရွက်ပါသည်။ ခရိုင်များတွင် ခရိုင်ရဲဝန်ထောက်က တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးနောက် မြန်မာနိုင်ငံတွင် ၁၉၄၆ ခုနှစ်မှစ၍ ပြန်လည်မှတ်ပုံတင်ခြင်းလုပ်ငန်း စတင်ခဲ့ပါသည်။ ၁၉၆၃ ခုနှစ် ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှ မော်တော်ယာဉ်မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၁၉၆၄ ခု မော်တော်ယာဉ်ဥပဒေနှင့်အညီ ပူးတွဲဆောင်ရွက်ပါသည်။ ၁၉၇၃ ခုနှစ်တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကို ဖွဲ့စည်း၍ မှတ်ပုံတင်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခဲ့ပါသည်။ ၁၉၈၉ ခုနှစ်တွင် ၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေနှင့် မော်တော်ယာဉ်နည်းဥပဒေများကို ပြဌာန်းခဲ့ပါသည်။

 

Office Address and Location Map: 

တိုင်းဒေသကြီးကုန်းလမ်းပို့ဆောင်ရေး
ညွှန်ကြားမှုဦးစီးဌာန 
လေသာလမ်း၊ဝဲကျွန်းရပ်၊ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၁၁၈၈၊ ၀၅၉-၂၂၄၆၃

မြိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု
ဦးစီးဌာန
ဦးမြတ်လေးပန်းခြံလမ်း၊ ခရုတောရပ်၊ မြိတ်မြို့။
ဖုန်း - ၀၅၉-၄၁၆၅၆ ၊ ၀၅၉-၄၂၂၁၆ 

ကော့သောင်းခရိုင်ကုန်းလမ်းပို့ဆောင်ရေး
ညွှန်ကြားမှုဦးစီးဌာန
နဝရတ်အားကစားရုံလမ်း၊ ရွှေမင်းဝံကွက်သစ်၊
ပိတောက်ရွှေဝါရပ်ကွက်၊ ကော့သောင်းမြို့
ဖုန်း - ၀၅၉-၅၁၅၇၃