Follow Us

လုပ်ငန်းလိုင်စင်နှင့်သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာန

Thu, 09/08/2016 - 12:34

လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာနစတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း
   ၁၉၇၂ ခုနှစ်၊ မတ်လ(၁၆)ရက်နေ့တွင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်၌ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကော်ပိုရေးရှင်းကို ဖွဲ့စည်းကာ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများကို ညှိနှိုင်းကြီးကြပ် စေခဲ့ပါသည်။ ၁၉၇၄ ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့တွင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကော်ပိုရေးရှင်း၊ စစ်ဆေးရေးညွှန်ကြားမှုဦးစီးဌာန၊ လေ့ကျင့်ရေးညွှန်ကြားမှုဦးစီးဌာန၊ မှတ်တမ်းနှင့် စာရင်းအင်းညွှန်ကြားမှုဦးစီးဌာနများကို ပူးပေါင်း၍ ပို့ဆောင်ဆက်သွယ်ရေးစီမံကိန်းနှင့် လုပ်ငန်းဆောင်ရွက်ရေးဦးစီးဌာနအမည်ဖြင့် ဖွဲ့စည်းခဲ့ပါသည်။
   ၁၉၉၂ ခုနှစ်၊ စက်တင်ဘာလ(၁)ရက်နေ့တွင် ပို့ဆောင်ဆက်သွယ်ရေးစီမံကိန်းနှင့် လုပ်ငန်းဆောင်ရွက်ရေးဦးစီးဌာနအား ဦးစီးဌာန (၂)ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဦးစီးဌာန (၁)ခုအား ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနအမည်ဖြင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန အုပ်ချုပ်မှုအောက်သို့ သွတ်သွင်းခဲ့ပါသည်။
  ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနအား (၃၁.၃.၂၀၁၅)ရက်နေ့တွင် ဖျက်သိမ်းပြီး ဝန်ထမ်းအချို့အား အတွင်းဝန်ရုံးသို့လည်းကောင်း ကျန်ဝန်ထမ်းများအား ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ပူးပေါင်း၍ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာနအမည်ဖြင့် (၁.၄.၂၀၁၅)ရက်နေ့မှစ၍ ပြောင်းလဲထားပါသည်။

 

Office Address and Location Map: 
တိုင်းဒေသကြီးလုပ်ငန်းလိုင်စင်နှင့်သယ်ယူ
ပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာန
သုခလမ်းသွယ်၊ ဆန်းချီရပ်၊
ထားဝယ်မြို့။
ဖုန်း - ဝ၅၉-၂၁၀၃၅
ခရိုင်လုပ်ငန်းလိုင်စင်နှင့်သယ်ယူ
ပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာန
ဇ/၃၊ ရူတောလမ်း၊
ကန်ဖျားရပ်ကွက်၊ မြိတ်မြို့။
ဖုန်း - ၀၅၉-၄၁၃၅၀
ခရိုင်လုပ်ငန်းလိုင်စင်နှင့်သယ်ယူ
ပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာန
အမှတ်(၈၉) ပိတောက်ရွှေဝါရပ်ကွက်၊
ကော့သောင်းမြို့။   
ဖုန်း - ၀၅၉-၅၁၅၇၇