Follow Us

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

Thu, 09/08/2016 - 12:33

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဌာန စတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း
     ပြည်ထောင်စုမြန်မာနိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီ (၂၉)ရက်နေ့တွင် ထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ်၊ (၁၀/၉၂)ဖြင့် နိုင်ငံတော်၏ စီးပွားရေး၊ တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင် ရေးအတွက် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနကို ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဟူ၍ ဝန်ကြီးဌာန(၃)ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီ(၃)ရက်နေ့တွင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနကို အောက်ပါ အတိုင်း ဖွဲ့စည်းခဲ့ပါသည်။

ဝန်ကြီးရုံးအဖွဲ့
ဦးစီးဌာနနှင့်စီးပွားရေးအဖွဲ့အစည်းများ
၁။ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန
၂။ ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာန
၃။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
   ၁၉၉၁ခုနှစ်၊ သြဂုတ်လ(၁၉)ရက်နေ့တွင် ကျင်းပသော အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၃၀/၉၉)တွင် ဆုံးဖြတ်ချက်အရ၊ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနအား ၁၉၉၉ ခုနှစ်၊ သြဂုတ်လ(၂၀)ရက်နေ့တွင် ပို့ဆောင်ရေးဝန်ကြီးဌာနကြီးကြပ်မှုအောက်သို့ လွှဲပြောင်းပေးခဲ့သည်။
   ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၂/၂၀၁၅)အရ ၂၀၁၅ ခုနှစ်၊ ဧပြီ(၁)ရက်နေ့တွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနအား ဖေါ်ပြပါအတိုင်း ပြောင်းလဲပြင်ဆင်ဖွဲ့စည်း လိုက်ပါသည်။
၁။ ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာန
၂။ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန
၃။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
၄။ မြန်မာ့စာတိုက်လုပ်ငန်း

ပြည်ထောင်စုဝန်ကြီးဌာနအမည်ပြောင်းလဲမှု
   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ (၉-၁၁-၂၀၁၂)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၈၃/၂၀၁၂)ဖြင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနအား ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနအဖြစ် ပြည်ထောင်စုဝန်ကြီးဌာနအမည်ကို ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။
   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ (၃၀-၃-၂၀၁၆)ရက်စွဲပါ အမိန့်အမှတ်(၃၆/၂၀၁၆)ဖြင့် ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာနအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအဖြစ် ပြည်ထောင်စုဝန်ကြီးဌာနအမည်ကို ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။

Office Address and Location Map: 
တိုင်းဒေသကြီးမန်နေဂျာရုံး
အမှတ်(၇၄)၊ အလယ်လမ်း၊
ကညုံရပ်ကွက်၊ ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၃၉၀၀
ထားဝယ်အော်တိုအိတ်ချိန်း
အမှတ်(၇၄)၊ အလယ်လမ်း၊
ကညုံရပ်ကွက်၊ ထားဝယ်မြို့
ဖုန်း - ၀၅၉-၂၁၆၆၆
ရေဖြူအော်တိုအိတ်ချိန်း
နတ်စင်လမ်း၊ (ခ)ရပ်ကွက်၊
လောင်းလုံးမြို့။
ဖုန်း - ၀၅၉-၃၇၀၀၀
လောင်းလုံးအော်တိုအိတ်ချိန်း
အောင်သပြေကျောင်းလမ်း၊
(ဃ)ရပ်ကွက်၊ လောင်းလုံးမြို့
ဖုန်း - ၀၅၉-၃၃၁၁၁
သရက်ချောင်းအော်တိုအိတ်ချိန်း
တပ်နယ်လမ်း၊ မြို့မရပ်ကွက်၊
သရက်ချောင်းမြို့။
ဖုန်း - ၀၅၉-၃၅၁၁၁
မြိတ်အော်တိုအိတ်ချိန်း
ကလွင်ရေပုန်းရပ်ကွက်၊
မြိတ်မြို့။
ဖုန်း - ၀၅၉-၄၁၉၉၉
ကျွန်းစုအော်တိုအိတ်ချိန်း
အမှတ်(၂)ရပ်ကွက်၊ ကျွန်းစုမြို့။
ဖုန်း - ၀၅၉-၆၂၉၉၉
ပုလောအော်တိုအိတ်ချိန်း
အာကာလမ်း၊ အမှတ်(၂)ရပ်ကွက်
ပုလောမြို့။
ဖုန်း - ၀၅၉-၃၀၂၂၂
တနင်္သာရီအော်တိုအိတ်ချိန်း
ဗလလမ်း၊ ချောင်းကြီးရပ်ကွက်၊ 
တနင်္သာရီမြို့။
ဖုန်း - ၀၅၉-၅၅၀၀၀
ကော့သောင်းအော်တိုအိတ်ချိန်း
စုပေါင်းရုံးလမ်း၊ ပိတောက်ရွှေဝါရပ်ကွက်
ကော့သောင်းမြို့။
ဖုန်း - ၀၅၉-၅၁၉၉၉
ဘုတ်ပြင်းအော်တိုအိတ်ချိန်း
လိပ်စာ- စုပေါင်းရုံးလမ်း၊ အောင်မင်္ဂလာရပ်ကွက်၊
ဘုတ်ပြင်းမြို့။
ဖုန်း - ၀၅၉-၅၀၁၁၁