Follow Us

မြန်မာ့စာတိုက်လုပ်ငန်း

Thu, 09/08/2016 - 12:31

မြန်မာ့စာတိုက်လုပ်ငန်းစတင်ပေါ်ပေါက်လာပုံနှင့်နောက်ခံသမိုင်း
      မြန်မာ့စာတိုက်လုပ်ငန်းကို သမိုင်းများအရ၊ စစ်တွေစာတိုက်ကို ၁၈၂၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြင့် မြန်မာနိုင်ငံ၏စာတိုက်လုပ်ငန်း စတင်ခဲ့သည်ဟု သိရှိခဲ့ရပါသည်။
     မြန်မာမင်းများလက်ထက်တွင် မြင်းလျင်တော်၊ ခြေလျင်တော်၊ လှေလျင်တော်တို့သည် ဘုရင့်စာချွန်တော်များကို လက်ဆင့်ကမ်းစနစ်ဖြင့်လည်းကောင်း၊ တောက်လျှောက်သယ်ယူ၍လည်းကောင်း ပို့ဆောင်ရသည်ဟု သိရှိရပါသည်။
   မြန်မာနိုင်ငံကိုအင်္ဂလိပ်များ စတင်ဝင်ရောက်ပြီးနောက် မှတ်တမ်းများအရ ၁၈၂၇ ခုနှစ်တွင် စစ်တွေစာတိုက်ကိုလည်းကောင်း၊ ၁၈၅၂ ခုနှစ်တွင် ပဲခူးစာတိုက်ကိုလည်းကောင်း၊ ၁၈၅၄ ခုနှစ်တွင် ရန်ကုန်စာတိုက်ကြီးကို လည်းကောင်း ဖွင့်လှစ်ခဲ့ကြောင်းသိရှိရပါသည်။
     ၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်များ မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို သိမ်းယူပြီးနောက် စာတိုက်နှင့် ကြေးနန်းလုပ်ငန်းနှစ်ခုကို ပူးတွဲ၍ အုပ်ချုပ်ခဲ့ပါသည်။ ၁၈၈၅ ခုနှစ် မှ ၁၉၃၇ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့အထိ မြန်မာနိုင်ငံစာတိုက် နှင့် ကြေးနန်းဌာနကို အိန္ဒိယစာတိုက်နှင့် ကြေးနန်းလက်အောက်တွင် ထားရှိခဲ့ပါသည်။
      မြန်မာပြည်စစ်ပြေးအစိုးရသည် ဆင်းမလားစီမံကိန်းရေးဆွဲစဉ်ကပင် စာတိုက်နှင့် ကြေးနန်းဌာနကို ခွဲခြားပြီး ဌာနကြီးမှူးတစ်ဦးစီ၏ လက်အောက်တွင်ထားရှိရန် စီစဉ်ခဲ့ကြောင်း သိရပါသည်။
      အဆိုပါ ဌာနကြီးမှူး(၂)ဦးသည် အရည်အချင်းပြည့် မြန်မာဌာနအကြီးအကဲများဖြစ်ရမည်ဟု သတ်မှတ်ထားရှိကြောင်း သိရပါသည်။
      ထိုသို့ စီစဉ်ထားရှိသည့်အတိုင်း ၁၉၄၅ ခုနှစ်၊ ဇွန်လ(၈)ရက်နေ့မှစ၍ စာတိုက်ဌာနကို စာတိုက်လုပ်ငန်းများ အုပ်ချုပ်ရေးအရာရှိမှလည်းကောင်း၊ ကြေးနန်းဌာနကို ဆက်သွယ်ရေးညွှန်ကြားရေးမှူးမှလည်းကောင်း စီမံ အုပ်ချုပ်စေခဲ့ပါသည်။
     ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ(၂၄)ရက်နေ့မှစ၍ စာတိုက်မင်းကြီးရာထူးကို စာတိုက်ဌာန၊ အင်ဂျင်နီယာချုပ်ကို ကြေးနန်းဌာနဟု တီထွင်ထားရှိခဲ့ပါသည်။
     မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့် (၄-၁-၁၉၄၈)ရက်နေ့မှစ၍ စာတိုက်မင်းကြီးကို စာတိုက်ညွှန်ကြားရေးဝန်၊ အင်ဂျင်နီယာချုပ်ကို ကြေးနန်းညွှန်ကြားရေးဝန်အဖြစ် ပြောင်းလဲခေါ်တွင်ခဲ့ပါသည်။
     (၄-၁၀-၁၉၄၉)နေ့တွင် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ UPU (Universal Postal  Union)အဖွဲ့ဝင်ဖြစ်ခဲ့ပါသည်။
     (၅-၅-၁၉၅၆)နေ့တွင် နိုင်ငံခြားစာပို့တိုက်ဌာနကို စတင်တည်ထောင်ခဲ့ပါသည်။
     ၁၉၅၉ ခုနှစ်မှစ၍ ကျေးရွာအရောက် စာပို့ဆက်သွယ်ရေး၊ စာဆက်သွယ်ရေး မှန်မှန်နှင့် မြန်မြန်ရောက်ရှိရေး၊ တိုးတက်ဖွံ့ဖြိုးရေး စသည့်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခဲ့ကြောင်း သိရပါသည်။
     (၂၀-၁-၁၉၆၀)နေ့တွင် စာတိုက်နှင့်ကြေးနန်းဌာနတို့ကို ပြန်လည်ပေါင်းစည်းပြီး ညွှန်ကြားရေးမှူးချုပ်၏ လက်အောက်တွင် ထားရှိအုပ်ချုပ်စေခဲ့ပါသည်။
     စစ်မဖြစ်မီက မြန်မာပြည်အနှံအပြားတွင် စာတိုက်ကြီး/ငယ်ပေါင်း(၆၂၅) ခုရှိခဲ့ရာ၊ ၁၉၅၉-၁၉၆၀ ခုနှစ်တွင် စာတိုက်ကြီး/ငယ်ပေါင်း(၆၀၁) ခုထိရှိခဲ့ကြောင်းသိရပါသည်။
    ၁၉၇၆ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ဆက်သွယ်ရေးလုပ်ငန်းများကို စီးပွားရေးဆန်ဆန် လုပ်ကိုင်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ရာ စာတိုက်လုပ်ငန်းကိုလည်း ၄င်းအချိန်မှစ၍ စီးပွားရေးဆန်ဆန် ဆောင်ရွက်ခဲ့ပါသည်။
     စာတိုက်စုစုပေါင်းအရေအတွက်မှာ ၁၉၆၂ ခုနှစ်၊ မတ်လတွင် (၆၈၆) ရုံးရှိခဲ့ရာမှ ၁၉၇၅ ခုနှစ်၊ မတ်လတွင် (၁၀၉၄) ရုံးသို့လည်းကောင်း၊ ၁၉၈၇ ခုနှစ်၊ မတ်လတွင် (၁,၁၁၃) ရုံးသို့လည်းကောင်း တိုးတက်ခဲ့ပါသည်။

၁၉၈၈ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ
    ၁၉၈၈-၈၉ ခုနှစ်တွင် စာတိုက်စုစုပေါင်းအရေအတွက်မှာ (၁,၁၁၅) ရုံးရှိခဲ့ရာမှ ၂၀၁၅ခုနှစ်၊ မေလ (၃၀) ရက်နေ့တွင် လုပ်ငန်းပြည့် (၇၇၉) ရုံး၊ စာတိုက်ခွဲ (၂၁၂) ရုံး၊ ကျေးရွာကိုယ်စားလှယ် (၃၉၀) ရုံး၊ စုစုပေါင်း (၁,၃၈၁)ရုံးသို့လည်းကောင်း တိုးတက်ခဲ့ပါသည်။
    အမြန်ငွေပို့လွှာလုပ်ငန်းကို ၁၉၈၅ ခုနှစ်၊ ဇွန်လ (၃) ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပါသည်။ ယနေ့အထိ ရန်ကုန်မြို့နှင့် မန္တလေးမြို့အပါအဝင် မြို့ပေါင်း (၃၄၀) မြို့သို့ ပေးပို့ဆောင်ရွက်လျက်ရှိပါသည်။
    အမြန်ချောပို့လုပ်ငန်းကို ၁၉၉၂ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပါသည်။ ယနေ့အထိ နေပြည်တော်နှင့် မြို့ပေါင်း(၆၆)မြို့၊ ရန်ကုန်နှင့် မြို့ပေါင်း(၁၀၈)မြို့နှင့် မန္တလေးနှင့် မြို့ပေါင်း(၇၂)မြို့ စုစုပေါင်း ပြည်တွင်း အမြန်ချောပို့ မြို့ပေါင်း(၁၅၅)မြို့ဖြင့် ပေးပို့ဆောင်ရွက်လျက်ရှိပါသည်။ 
   အပြည်ပြည်ဆိုင်ရာအမြန်စာပို့လုပ်ငန်း (EMS Internationa  ) ကို ၁၉၉၅ ခုနှစ်၊ ဇန်နဝါရီလ(၂)ရက်နေ့မှစ၍ စင်္ကာပူနိုင်ငံနှင့် စတင်ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ အပြည်ပြည်ဆိုင်ရာအမြန် စာပို့လုပ်ငန်း (EMS International  )ကို Singapore  Post ဖြင့် Mail Network  ချိတ်ဆက်၍ နိုင်ငံပေါင်း (၁၀၂) နိုင်ငံအထိတိုးချဲ့၍ အပြန်အလှန်ပေးပို့ ဆောင်ရွက်လျက်ရှိပါသည်။
MYANMAR DHL LIMITED (အပြည်ပြည်ဆိုင်ရာအမြန်ချောပို့လုပ်ငန်း)ကို ၁၉၉၇ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှစ၍ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံပေါင်း(၂၂၇)နိုင်ငံသို့ ပြည်ပအမြန်ချောပို့လုပ်ငန်းများ ချိတ်ဆက် ဆောင်ရွက်လျက်ရှိပါသည်။
   ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ ဝန်ကြီး၏လမ်းညွှန်ချက်အရ DEMS (Domestic Express  Mail Service) ပြည်တွင်းအမြန်ချော ခြေရာခံထောက်လှမ်း စနစ် Track  & Trace System  အား ပြည်တွင်းအမြန်ချောပို့လုပ်ငန်း ဆောင်ရွက်လျက်ရှိသော မြို့များနှင့် (၁.၄.၂၀၀၉) ရက်နေ့မှ စ၍ဆောင်ရွက်လျက်ရှိပါသည်။
   ၁.၄.၂၀၁၀ ရက်နေ့မှစ၍ Postal  Data Information System Project ဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ စာတိုက်တစ်ခုချင်းစီ၏ အချက်အလက်များနှင့် နေ့စဉ်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို Online  မှတစ်ဆင့် နေ့စဉ်ချိတ်ဆက် တင်သွင်းဆောင်ရွက်ခြင်းဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးမန်နေဂျာများနှင့် ရုံးချုပ်တာဝန်ရှိသူများမှ သုံးသပ်ကြီးကြပ်ကွပ်ကဲနိုင်မည်ဖြစ်ပါသည်။
  ၂၀၁၅ ခုနှစ်တွင် တနင်္သာရီတိုင်းဒေသကြီးတွင် လုပ်ငန်းပြည့်စာတိုက်(၂၉)ရုံး၊ ကန့်သတ်စာဝေစာတိုက် (၆)ရုံး၊ ကျေးရွာကိုယ်စားလှယ်စာတိုက် (၁၅)ရုံး၊ စုစုပေါင်းစာတိုက်ရုံး (၅၀)ရုံး နှင့် ကြေးနန်းလုပ်ငန်းဆောင်ရွက်သော e-Telegram  ကြေးနန်းရုံး (၁၃)ရုံး၊ ရေဒီယိုကြေးနန်းရုံး (၄) ရုံး၊ စာ/ကြေးပူးတွဲရုံး (၄)ရုံး၊ ကြေးနန်းရုံး စုစုပေါင်း (၂၁) ရုံးဖြင့် ဆောင်ရွက်ခဲ့ပါသည်။

၂၀၁၅ ခုနှစ် ဧပြီလ မှ ယနေ့အထိ
  ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ် (၂/ ၂၀၁၅)အရ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၁၅)ဖြင့် မြန်မာ့စာတိုက်လုပ်ငန်းဖွဲ့စည်းပုံအသစ်အား (၁-၄-၂၀၁၅)ရက်နေ့မှစ၍ အတည်ပြုဖွဲ့စည်းခွင့်ရရှိခဲ့ပါသည်။

Office Address and Location Map: 

တနင်္သာရီတိုင်းဒေသကြီးစာတိုက်
စာပို့သင်္ကေတ - ၁၄၀၁၁
စာတိုက်လမ်း၊ကညုံရပ်ကွက်၊
ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၁၀၅၄

မြိတ်စာတိုက်
စာပို့သင်္ကေတ - ၁၄၀၅၁
ရုံးလမ်း၊ စျေးတန်းရပ်ကွက်၊
မြိတ်မြို့။
ဖုန်း - ၀၅၉-၄၁၀၄၃

ကော့သောင်းစာတိုက်
စာပို့သင်္ကေတ - ၁၄၀၉၁
ရုံးကြီးလမ်း၊ ပိတောက်ရွှေဝါရပ်ကွက်၊
ကော့သောင်းမြို့။
ဖုန်း - ၀၅၉-၅၁၀၁၇

ထားဝယ်တက္ကသိုလ်စာတိုက်
စာပို့သင်္ကေတ - ၁၄၀၄၃
ထားဝယ်တက္ကသိုလ်ကျောင်းဝင်း၊ 
ကျောင်းသူ/သား နားနေဆောင်
ဖုန်း - ၀၅၉-၂၂၄၉၁

ထားဝယ်တပ်မြေစာတိုက်
စာပို့သင်္ကေတ - ၁၄၀၁၄
တပ်နယ်လမ်း၊ သပြေချောင်းကျေးရွာ၊
ထားဝယ်မြို့။
ဖုန်း - ၀၉-၂၅၀၈၃၂၉၄၈

မေတ္တာစာတိုက်
စာပို့သင်္ကေတ - ၁၄၀၁၅
အာဇာနည်လမ်း၊ အမှတ်(၁)ရပ်ကွက်၊
မေတ္တာမြို့။
ဖုန်း - ၀၉-၈၇၅၀၅၂၂

ရေဖြူစာတိုက်
စာပို့သင်္ကေတ - ၁၄၀၂၁
နတ်စင်လမ်း၊ (က)ရပ်ကွက်၊
ရေဖြူမြို့။
ဖုန်း - ၀၅၉-၃၇၀၁၁

လောင်းလုံးစာတိုက်
စာပို့သင်္ကေတ - ၁၄၀၄၁
သီရိမင်္ဂလာလမ်း၊ (က)ရပ်ကွက်၊
လောင်းလုံးမြို့။
ဖုန်း - ၀၅၉-၃၃၀၅၄

သရက်ချောင်းစာတိုက်
စာပို့သင်္ကေတ - ၁၄၀၃၁
ဌာနလမ်း၊ မြို့မရပ်ကွက်၊
သရက်ချောင်းမြို့။
ဖုန်း - ၀၅၉-၃၅၁၈၈

မောင်းမကန်စာတိုက်
စာပို့သင်္ကေတ - ၁၄၀၄၂
ဆေးရုံလမ်း၊ (၁၂)ရပ်ကွက်၊
မောင်းမကန်ကျေးရွာ။
ဖုန်း - ၀၉-၄၅၀၉၉၂၃၁၁

ကလိန်အောင်စာတိုက်
စာပို့သင်္ကေတ - ၁၄၀၂၃
ဇင်းဘာလမ်း၊ အမှတ်(၃) ရပ်ကွက်၊
ကလိန်အောင်မြို့။
ဖုန်း - ၀၉-၈၇၅၀၅၁၁

ကံပေါက်စာတိုက်
စာပို့သင်္ကေတ - ၁၄၀၂၂
ဗိုလ်ချုပ်လမ်း၊ မြသီတာရပ်ကွက်၊
ကံပေါက်ကျေးရွာ။
ဖုန်း - ၀၉-၂၆၀၅၀၉၂၉၅

ညောင်ဇင်စာတိုက်
စာပို့သင်္ကေတ - ၁၄၀၃၂
သရက်ချောင်း-မြိတ်လမ်း၊
ညောင်ဇင်။
ဖုန်း - ၀၉-၂၆၀၁၈၈၀၅၈ 

ဟိန္ဒားစာတိုက်
စာပို့သင်္ကေတ - ၁၄၀၁၃
သတ္တုတွင်းစီမံကိန်းရုံး၊
ဟိန္ဒားရွာ။
ဖုန်း - ၀၉-၈၇၄၃၁၆၉

ပုလောစာတိုက်
စာပို့သင်္ကေတ - ၁၄၀၆၁
ဗိုလ်ချုပ်လမ်း၊ အမှတ်(၂)ရပ်ကွက်၊
ပုလောမြို့။
ဖုန်း - ၀၅၉-၃၀၃၀၆

ပလောက်စာတိုက်
စာပို့သင်္ကေတ - ၁၄၀၆၄
ဗဟိုလမ်း၊ အမှတ်(၃)ရပ်ကွက်၊ပလောက်မြို့။
ဖုန်း - ၀၅၉-၃၁၁၀၁
ကျွန်းစုစာတိုက်
စာပို့သင်္ကေတ - ၁၄၁၀၁
ဗိုလ်ချုပ်လမ်း၊ အမှတ်(၂) ရပ်ကွက်၊
ကျွန်းစုမြို့။
ဖုန်း - ၀၅၉-၆၂၁၀၄

တနင်္သာရီစာတိုက်
စာပို့သင်္ကေတ - ၁၄၀၇၁
ချောင်းကြီးရပ်ကွက်၊ ဗလလမ်း၊
တနင်္သာရီမြို့။
ဖုန်း - ၀၅၉-၅၅၀၀၈
မြိတ်တက္ကသိုလ်စာတိုက်
စာပို့သင်္ကေတ - ၁၄၀၅၂
ကလွင်ရပ်ကွက်၊ တက္ကသိုလ်လမ်း၊
မြိတ်မြို့။
ဖုန်း - ၀၅၉-၄၂၄၂၂

မြိတ်တပ်မြေစာတိုက်
စာပို့သင်္ကေတ - ၁၄၀၅၃
ပြည်ထောင်စုလမ်းမကြီး၊ ရွှေဘေးကျေးရွာ၊
မြိတ်မြို့။
ဖုန်း - ၀၅၉-၄၁၈၁၀

ဘုတ်ပြင်းစာတိုက်
စာပို့သင်္ကေတ - ၁၄၀၈၁
ရတနာလမ်းသွယ်(၂)၊ အောင်မင်္ဂလာရပ်ကွက်၊ဘုတ်ပြင်းမြို့။
ဖုန်း - ၀၅၉-၅၀၀၁၃

ခမောက်ကြီးစာတိုက်
စာပို့သင်္ကေတ - ၁၄၀၉၃
အမှတ်(၁)ရပ်ကွက်၊ ကော့သောင်း-မြိတ်လမ်း၊ ခမောက်ကြီးမြို့။
ဖုန်း - ၀၉-၂၆၀၁၈၇၉၀၃
ကရသူရိစာတိုက်
စာပို့သင်္ကေတ - ၁၄၀၈၂
ပြည်ထောင်စုလမ်းမကြီး၊ အမှတ်(၃)ရပ်ကွက်၊ ကရသူရိမြို့။
ဖုန်း - ၀၉-၈၇၉၂၂၀၀
ပြည်ကြီးမဏ္ဍိုင်စာတိုက်
စာပို့သင်္ကေတ - ၁၄၀၈၃
ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်၊ ကော့သောင်း-မြိတ်လမ်း၊ပြည်ကြီးမဏ္ဍိုင်မြို့။
ဖုန်း - ၀၉-၈၇၉၂၀၂
ကော့သောင်းတပ်မြေစာတိုက်
စာပို့သင်္ကေတ - ၁၄၀၉၂
၇ မိုင်၊ ကော့သောင်းမြို့။
ဖုန်း - ၀၉-၄၂၂၂၀၈၇၁၃