Follow Us

လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း

Thu, 09/08/2016 - 12:30

လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းဌာနစတင်ပေါ်ပေါက်လာပုံနှင့်နောက်ခံသမိုင်း
   ၁၉၅၁ခုနှစ် မတိုင်မီ မြန်မာနိုင်ငံတွင်၊ လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းကို၊ အမျိုးမျိုးသော အစိုးရလက်ထက်တွင် တစ်ဦးတည်းပိုင်လုပ်ငန်း၊ ပုဂ္ဂလိကကုမ္ပဏီများ စသည်ဖြင့် ဆောင်ရွက်ခဲ့ကြပါသည်။ ၁၉၅၁ ခုနစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် အစိုးရမှ ပုဂ္ဂလိကလုပ်ငန်းများအားလုံး နိုင်ငံပိုင်ပြုလုပ်ခဲ့ပြီး ၁၉၇၂ ခုနှစ်အထိ စက်မှုလက်မှုဝန်ကြီး ဌာန၏ အုပ်ချူပ်မှုအောက်တွင်၊ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ Electricity Supply Board (ESB)ကို ၁၉၄၈ ခုနှစ် လျှပ်စစ်ဓာတ်အားပေးရေးအက်ဥပဒေနှင့်အညီ စတင်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၇၂ခုနှစ်၊ မတ်လ(၁၆)ရက်နေ့တွင် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ကို လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း ( EPC ) ဟုပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်း ( EPC) သည် စက်မှုလက်မှုဝန်ကြီးဌာနလက်အောက်တွင် ဖြစ်ပါသည်။ ၁၉၇၅ ခုနှစ်၊ ဧပြီလ(၁) ရက်နေ့တွင် စက်မှုလက်မှုဝန်ကြီးဌာနအား အမှတ်(၁) စက်မှုဝန်ကြီးဌာနနှင့် အမှတ်(၂) စက်မှုဝန်ကြီးဌာနဟု ပြင်ဆင်ဖွဲ့စည်းခဲ့ရာ လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း(EPC) သည် အမှတ်(၂) စက်မှုဝန်ကြီးဌာနလက်အောက်တွင် ပါဝင်ခဲ့ပါသည်။ ၁၉၈၅ ဧပြီလ(၁၂)ရက်တွင် အမှတ်(၂)စက်မှုဝန်ကြီးဌာနမှ စွမ်းအင်ဝန်ကြီးဌာကို တိုးချဲ့ဖွဲ့စည်းခဲ့ရာ လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း ( EPC ) မှာ စွမ်းအင်ဝန်ကြီးဌာနလက်အောက်တွင် ပါဝင်ခဲ့ပါသည်။
   ၁၉၈၉ ခုနှစ် ၊ ဧပြီလ မှစ၍  လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း (EPC) ကို မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း Myanmar Electric Power Enterprise (MEPE) ဟု ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း (MEPE) သည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း (Generation)၊ ဓာတ်အားပို့လွှတ်ခြင်း (Transmission)နှင့် ဖြန့်ဖြူးခြင်း (Distribution)လုပ်ငန်း (၃)ခုစလုံး ဆောင်ရွက်ခဲ့ပါသည်။
   ၁၉၉၇ခုနှစ်၊နိုဝင်ဘာလ(၁၅)ရက်နေ့တွင်၊ စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကို တိုးချဲ့ဖွဲ့စည်းရာတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၌ လျှပ်စစ်စွမ်းအားဦးစီးဌာန၊ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းနှင့် ရေအားလျှပ်စစ်ဦးစီးဌာနဟူ၍ (၃)ဌာနဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၆ခုနှစ်၊ မတ်လ(၁၅)ရက်နေ့မှစ၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကို အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ရေအားလျှပ်စစ်စီမံကိန်းများအကောင်အထည်ဖော််ဆောင်ရွက်ခြင်း၊ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ တီကျစ်ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လုပ်ခြင်းနှင့် အမှတ်(၂)လျှပ်စစ်စွမ်းအား
ဝန်ကြီးဌာနသို့ ဓာတ်အားရောင်းချခြင်းလုပ်ငန်းများကို ဆောင်ရွက်ပါသည်။ အမှတ်(၂) လျှပ်စစ်စွမ်းအားဌာနလက်အောက်တွင် အောက်ပါဌာန(၄)ခုဖြင့် ဖွဲ့စည်းခဲ့ပါသည်။

   (က) လျှပ်စစ်စွမ်းအားဦးစီးဌာန ( Department Of Electric Power ) ( DEP )
   (ခ) မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း ( Myanmar Electric Power Enterprise )(MEPE)
   (ဂ) လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း (Electricity Supply Entreprise ) (ESE)
   (ဃ) ရန်ကုန်မြို့တော်၊ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ (Yangon City Electric Supply Board) (YESB)

    မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း(MEPE)သည် အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ရေအားစက်ရုံများနှင့် တီကျစ်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတို့မှ ထုတ်လုပ်သော ဓာတ်အားကို ဝယ်ယူခြင်း၊ သဘာဝဓတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများဖြင့် ဓာတ်အားထုတ်လုပ််ခြင်း၊ မဟာဓာတ်အားလိုင်းများဆွဲခြင်း၊ ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့နှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းသို့ ဓာတ်အားရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ပါသည်။ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့သည် မိမိရန်ပုံငွေဖြင့်သာ ရပ်တည်၍ ရန်ကုန်မြို့တော်အတွက် မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ ဓာတ်အားဝယ်ယူပြီး ဓာတ်အားသုံးစွဲသူများသို့ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်ပါသည်။
   လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းသည် မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ ဓာတ်အားဝယ်ယူခြင်း၊ အသေးစားရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် ဒီဇယ်ဓာတ်အားပေးစက်များဖြင့် ဓာတ်အားထုတ်လုပ်ခြင်း၊ 66kV/33kV/11kV ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး ရန်ကုန်မြို့့မှအပ ကျန်ပြည်နယ်/တိုင်း(၁၇) ခုသို့ ဓာတ်အားဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကို ဆောင်ရွက်ပါသည်။
   လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းသည် ၂၀၀၇ ခုနှစ် ၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ သီးခြားဘတ်ဂျက်ရန်ပုံငွေဖြင့် စတင်ဆောင်ရွက်ခဲ့ပါသည်။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတွင် စီမံခန့်ခွဲရေးဌာန ၊ ဘဏ္ဍာရေးဌာန၊ ပစ္စည်းစီမံရေးဌာန၊ ဓာတ်အားဖြန့်ဖြူးရေးဌာနနှင့် အင်ဂျင်နီယာထောက်ကူဌာနစသည့်ဌာနကြီး (၅)ခုဖြင့် ဖွဲ့စည်းပြီး လုပ်ငန်းများဆောင်ရွက်လျှက်ရှိပါသည်။

Office Address and Location Map: 
တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံး
ရေးလမ်း၊ ပိန္နဲတောရပ်ကွက်၊
ထားဝယ်မြို့
ဖုန်း - ၀၅၉-၂၃၄၉၅၊ ၀၅၉-၂၃၄၉၄
      ၀၅၉-၂၁၀၈၈
ထားဝယ်ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး
ရေးလမ်း၊ ပိန္နဲတောရပ်ကွက်၊
ထားဝယ်မြို့
ဖုန်း - ၀၅၉-၂၃၃၅၈
         
မြိတ်ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး
ဗိုလ်ချုပ်လမ်း၊ ဆိပ်ငယ်ရပ်၊ 
မြိတ်မြို့
ဖုန်း - ၀၅၉-၄၂၈၇၀
ကော့သောင်းခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး
မြရည်ပုလဲလမ်း၊ ပိတောက်ရွှေဝါရပ်ကွက်၊
ကော့သောင်းမြို့
ဖုန်း - ၀၅၉-၅၁၀၀၉
ထားဝယ်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး
ရေးလမ်း၊ ပိန္နဲတောရပ်ကွက်၊
ထားဝယ်မြို့
ဖုန်း - ၀၅၉-၂၁၀၈၃
ရေဖြူမြို့နယ်လျှပ်စစ်မှူးရုံး
ရေဖြူမြို့
ဖုန်း - ၀၉-၈၇၅၀၅၁၀
လောင်းလုံးမြို့နယ်လျှပ်စစ်မှူးရုံး
လောင်းလုံးမြို့
ဖုန်း - ၀၅၉-၃၃၁၂၀
သရက်ချောင်းမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး
သရက်ချောင်းမြို့
ဖုန်း - ၀၅၉-၃၂၅၀၀
မေတ္တာမြို့လျှပ်စစ်မှူးရုံး
မေတ္တာမြို့
ဖုန်း - ၀၉-၈၇၅၀၅၀၉
ကလိန်အောင်မြို့လျှပ်စစ်မှူးရုံး
ကလိန်အောင်မြို့
ဖုန်း - ၀၉-၈၇၅၀၅၁၂
မြိတ်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး
ဗိုလ်ချုပ်လမ်း၊ ဆိပ်ငယ်ရပ်၊
မြိတ်မြို့
ဖုန်း - ၀၅၉-၄၁၀၁၈
ပုလောမြို့နယ်လျှပ်စစ်မှူးရုံး
ပုလောမြို့
ဖုန်း - ၀၅၉-၃၀၂၅၁
ကျွန်းစုမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး
ကျွန်းစုမြို့
ဖုန်း - ၀၅၉-၆၂၀၂၆
တနင်္သာရီမြို့နယ်လျှပ်စစ်မှူးရုံး
တနင်္သာရီမြို့
ဖုန်း - ၀၉-၄၉၈၉၈၉၈၆
ပလောက်မြို့နယ်လျှပ်စစ်မှူးရုံး
ပလောက်မြို့
ဖုန်း - ၀၅၉-၃၁၀၀၅
မလိကျွန်းမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး
မလိကျွန်းမြို့
ဖုန်း - ၀၉-၄၉၈၈၁၆၉၇
ကော့သောင်းမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး
မြရည်ပုလဲလမ်း၊ ပိတောက်ရွှေဝါရပ်ကွက်၊
ကော့သောင်းမြို့
ဖုန်း - ၀၅၉-၅၁၀၀၉
ဘုတ်ပြင်းမြို့နယ်လျှပ်စစ်မှူးရုံး
ဘုတ်ပြင်းမြို့
ဖုန်း - ၀၅၉-၅၀၀၃၆
ကရသူရိမြို့လျှပ်စစ်မှူးရုံး
ကရသူရိမြို့
ဖုန်း - ၀၉-၈၇၈၀၃၈၄
ပြည်ကြီးမဏ္ဍိုင်မြို့လျှပ်စစ်မှူးရုံး
ပြည်ကြီးမဏ္ဍိုင်မြို့
ဖုန်း - ၀၉-၈၇၈၀၃၉၇
ခမောက်ကြီးမြို့လျှပ်စစ်မှူးရုံး
ခမောက်ကြီးမြို့
ဖုန်း - ၀၉-၈၇၈၀၃၇၆