Follow Us

မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း

Thu, 09/08/2016 - 12:28

မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းပေါ်ပေါက်လာပုံနှင့်နောက်ခံသမိုင်း

   မြန်မာ့ရေနံကော်ပိုရေးရှင်းမှ ၁၉၇၈ ခုနှစ်တွင် ခွဲထွက်၍ ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးကော်ပိုရေးရှင်း (Petroleum  Product Supply Corporation) ဟုဖွဲ့စည်းခဲ့ပြီး (၁.၄.၁၉၈၉) ရက်နေ့မှစတင်ကာ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း (Myanma  PetroleumProducts Enterprise) ဟု ပြင်ဆင်ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။ မြန်မာ့ရေနံ ထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းသည် တနင်္သာရီတိုင်းဒေသကြီးအတွင်း သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ(က)အဆင့်၊ ထားဝယ်မြို့၊ သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ(ခ)အဆင့်၊ မြိတ်မြို့နှင့် နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင်(၆)ဆိုင်ဖွင့်လှစ်ပြီး မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်တင်သွင်းသည့် စက်သုံးဆီများကို နိုင်ငံပိုင်ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍသို့ ဖြန့်ဖြူးရောင်းချ ပေးခဲ့သော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ စျေးကွက်စီးပွားရေးစနစ်နှင့်အညီ နိုင်ငံတော်၏ စီးပွားရေးတွင်ပုဂ္ဂလိကပါဝင်မှုကို အားပေးမြှင့်တင်ရန် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံပိုင် စက်သုံးဆီအရောင်းဆိုင်(၆)ဆိုင်ကို ပုဂ္ဂလိကသို့ အပြီးအပိုင်လွှဲပြောင်းရောင်းချပေးအပ်ခဲ့ပြီး ၂၀၁၀ ခုနှစ်၊ ဇွန်လမှစ၍ ပုဂ္ဂလိကစက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းအား လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်ခွင့်ပြုခဲ့သဖြင့် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းအနေဖြင့် နိုင်ငံပိုင်ကဏ္ဍသို့ စက်သုံးဆီဖြန့်ဖြူးခြင်းလုပ်ငန်းကို အဓိကဆက်လက်ဆောင်ရွက် ခဲ့ပါသည်။

Office Address and Location Map: 

တိုင်းရောင်းဝယ်ရေးအရာရှိရုံး/
သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ(က)အဆင့်
ဆင်ဖြူပြင်ဆိပ်ကမ်း၊ ဆင်ဖြူပြင်ရပ်ကွက်၊
သရက်ချောင်းမြို့နယ်၊ ထားဝယ်ခရိုင်
ဖုန်း - ၀၉-၈၇၄၂၈၁၁

 

သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ(ခ)အဆင့်
ဘီအိုစီလမ်း၊ မြို့သစ်ရပ်ကွက်၊
မြိတ်မြို့
ဖုန်း - ၀၅၉-၄၁၀၉၆