Follow Us

အလုပ်သမားညွှန်းကြားရေးဦးစီးဌာန

Thu, 09/08/2016 - 12:27

 အလုပ်သမားညွှန်ကြားရေးဦးစီးဌာနစတင်ပေါ်ပေါက်လာပုံနှင့်နောက်ခံသမိုင်း
 အလုပ်သမားအကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံး( LEO )စတင်ပေါ်ပေါက်လာပုံ
    ဒုတိယကမ္ဘာ စစ်ပြီးနောက်ပိုင်း စစ်ကြောင့်ပျက်စီးယိုယွင်းမှုများ ပြန်လည်ထူထောင်ရန် စစ်ပြန်ရဲဘော်များနှင့် အလုပ်လက်မဲ့များအား နေရာချထားရန် ပထမဆုံးအလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး( Labour Exchange Office ) ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ(၉)ရက်နေ့၌ ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့သည်။
    ၁၉၄၇ ခုနှစ်တွင် ရန်ကုန်မြို့ဆိုရန်တိုဗီလာ၌ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဦးစီး၍ အလုပ်သမားကဏ္ဍကိုအောက်ပါအတိုင်းချ မှတ်ပေးခဲ့ပါသည် -
    အလုပ်လက်မဲ့ပြဿနာကို တဖြည်းဖြည်းပပျောက်အောင်ပြုလုပ်ပြီး မြန်မာပြည်ရှိအလုပ်သမားတို့အားစူးနေရာစူး၊ဆောက်နေရာဆောက် ဆိုသလို သူတို့၏ ပညာအရည်အချင်း တတ်ကျွမ်းမှုစသည် တို့နှင့် အသီးသီးလိုက်ပြီး တိုင်းပြည်အတွက် အကျိုးရှိနိုင်သောလုပ်ငန်းများ တွင် ဝေငှနေရာချထားပေးခြင်း၊ ထိုသို့နေရာချထားပေးရန်အတွက် အလုပ်သမားလဲလှယ်ရေးဌာန (LEO)သည် အခရာဖြစ်ကြောင်းနှင့် သင့်တော်သောမြို့အသီးသီးတွင် (LEO)ရုံးများ ဖွင့်လှစ်သင့်ကြောင်း(LEO) ဒုတိယရုံးကို မန္တလေးမြို့တွင် ၁၉၄၈ခုနှစ်၊နိုဝင်ဘာလ(၆) ရက်နေ့ တွင် ဖွင့်လှစ်ခဲ့ပါသည်။
    ထိုရုံးများကိုအက်ဥပဒေပြဌာန်းချက်ဖြင့်ဖွင့်လှစ်ခြင်းမဟုတ်ဘဲအစိုးရ အမိန့်ပြန်တမ်းဖြင့် ဖွင့်လှစ်ခဲ့ပါသည်။
  ၁၉၅ဝ ခုနှစ်မှ စ၍အလုပ်အကိုင်နှင့်သင်ကြားလေ့ကျင့်ရေးအက်ဥပဒေ
  ၁၉၅၉ ခုနှစ် အလုပ်ခန့်ထားမှုကန့်သတ်ရေးအက်ဥပဒေ
  ၁၉၆၀ ခုနှစ် အလုပ်ခန့်ထားမှု ကန့်သတ်ရေးနည်း ဥပဒေတို့ဖြင့် အလုပ်သမားရေးရာကိစ္စရပ်များကို ဆောင်ရွက်ခဲ့ပါသည်။

Office Address and Location Map: 

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ (တိုင်းဒေသကြီးရုံး)
တနင်္သာရီတိုင်းဒေသကြီးအမှတ်(၂၄)၊ ဆိပ်ကမ်းသာလမ်း၊ဆန်းချီတိုးချဲရပ်ကွက်၊
ဖုန်း-၀၅၉-၂၃၄၈၃
Email-tniregion.labour@gmail.com

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ (မြို့နယ်ရုံး)၊ထားဝယ်မြို့
အမှတ်(၂၄)၊ဆိပ်ကမ်းသာလမ်း၊ဆန်းချီတိုးချဲရပ်ကွက်၊
ဖုန်း-၀၅၉-၂၁၀၄၂

Email-daweitowndol1948@gmail.com 

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ (မြို့နယ်ရုံး)မြိတ်မြို့
ပြည်တော်သာလမ်း၊ ဆိပ်ငယ်ရပ်ကွက်၊
ဖုန်း-၀၅၉-၄၁၀၇၂
Email- Myeiklabour@gmail.com

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ (မြို့နယ်ရုံး)၊ကော့သောင်းမြို့
အမှတ်(၄၇)၊တော်ဝင်လမ်း၊အေးရင်ငြိမ်းရပ်ကွက်၊
ဖုန်း-၀၅၉-၅၁၉၈၂

Email- dolkawthaung.2010@gmail.com