Follow Us

စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေ:ဦးစီးဌာန

Thu, 09/08/2016 - 12:26

စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း

သမိုင်းကြောင်း

   မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးအချိန်တွင် စက်မှုလက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ဝန်ကြီးဌာနတစ်ခုအနေဖြင့် သီးခြားဖွဲ့စည်းထားခြင်းမရှိဘဲ စက်မှုလက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စက်မှုလက်မှုနှင့် အလုပ်သမားဝန်ကြီးဌာန၊ စက်မှုလက်မှုနှင့် သတ္တုတွင်းဝန်ကြီးဌာနဟူ၍ အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် စက်မှုလက်မှုဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းခဲ့ပါသည်။
    ၁၉၇၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီမှ စတင်အကောင်အထည်ဖော်ခဲ့သော အုပ်ချုပ်ရေးစနစ်သစ်အရ ၁၉၇၂ ခုနှစ်၊ မတ်လ(၁၆)ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်ဖြင့် စက်မှုလက်မှုဝန်ကြီးဌာန၏အမည်ကို စက်မှု ဝန်ကြီးဌာနဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။
  ၁၉၇၅ ခုနှစ်တွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့သည် စက်မှုဝန်ကြီးဌာနအောက်ရှိ လုပ်ငန်းအဖွဲ့အစည်းများကို နိုင်နင်းစွာ စီမံခန့်ခွဲနိုင်ရန်အတွက် ၁၉၇၅ ခုနှစ် မတ်လ(၂၉)ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၃)ဖြင့် ၁၉၇၅ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှစတင်၍ မူလစက်မှုဝန်ကြီးဌာနကို အမှတ်(၁)စက်မှုဝန်ကြီးဌာနနှင့် အမှတ်(၂)စက်မှုဝန်ကြီးဌာနဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသစ် စတင်တာဝန်ထမ်းဆောင်သည့်အချိန်တွင် အမှတ်(၁)စက်မှုဝန်ကြီးဌာနနှင့် အမှတ်(၂)စက်မှုဝန်ကြီးဌာနတို့အား ပူးပေါင်း၍ ကျစ်လစ်စွာ ပြန်လည်ဖွဲ့စည်းနိုင်ရေးကို အဆိုပြု တင်ပြခဲ့ရာ ၂၀၁၂ ခုနှစ်၊ မတ်လ(၂၉)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၁၃/၂၀၁၂)၏ သဘောတူခွင့်ပြုချက်အရ ၂၀၁၂ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့မှစ၍ စက်မှုဝန်ကြီးဌာနအဖြစ် အောက်ပါအဖွဲ့အစည်းများဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်-
    (က)    ပြည်ထောင်စုဝန်ကြီးရုံး
    (ခ )    စက်မှုညွှန်ကြားရေးဦးစီးဌာန
    (ဂ )    စက်မှုစီမံကိန်းဦးစီးဌာန
    (ဃ)    စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန
    (င )    အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း
    (စ )    အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
    (ဆ)    အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း
    (ဇ )    အထည်အလိပ်လုပ်ငန်း
    (စျ )    ဆေးဝါးနှင့်စားသောက်ကုန်လုပ်ငန်း
    (ည)    စက္ကူနှင့်အိမ်သုံးပစ္စည်းလုပ်ငန်း
    (ဋ )    သုတေသနနှင့်ဖွံ့ဖြိုးရေးဗဟိုဌာန
    (ဌ )    အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန
    ၂၀၁၄ ခုနှစ်တွင် စက်မှုဝန်ကြီးဌာနအား အောက်ဖော်ပြပါ အဖွဲ့အစည်းများဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းနိုင်ရေးအတွက် အဆိုပြုတင်ပြခဲ့ရာ ၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၆) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၃/၂၀၁၄)၏သဘောတူခွင့်ပြုချက်ဖြင့် ၂၀၁၄ ခုနှစ်၊ ဧပြီလ(၁) ရက်နေ့တွင် စတင်၍ ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်-
    (က)    ပြည်ထောင်စုဝန်ကြီးရုံး
    (ခ )    စက်မှုညွှန်ကြားရေးဦးစီးဌာန
    (ဂ )    စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန
    (ဃ)    အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း
    (င )    အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
    (စ)     အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း
    (ဆ)    အထည်အလိပ်လုပ်ငန်း
    (ဇ )    ဆေးဝါးနှင့်စားသောက်ကုန်လုပ်ငန်း
    (စျ )    စက္ကူနှင့်အိမ်သုံးပစ္စည်းလုပ်ငန်း
    (ည)    သုတေသနနှင့်ဖွံ့ဖြိုးရေးဗဟိုဌာန
    ၂၀၁၅ ခုနှစ်၊ မတ်လ(၂၅)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၇/၂၀၁၅)၏ သဘောတူခွင့်ပြုချက်အရ စက်မှုဝန်ကြီးဌာနကို ဝန်ကြီးရုံး၊ ဦးစီးဌာန(၂)ခုနှင့် လုပ်ငန်း(၄)ခုတို့ဖြင့် အောက်ပါအတိုင်းဖွဲ့စည်းထားပါသည်-
    (က)    ဝန်ကြီးရုံး
    (ခ )    စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
    (ဂ )    စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန
    (ဃ)    အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း
    (င )    အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
    (စ )    အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း
    (ဆ)    မြန်မာ့ဆေးဝါးလုပ်ငန်း

  ၁၉၉၉ ခုနှစ်၊ မေလ(၂၄)ရက်နေ့တွင် ပြောင်းလဲလာသောစျေးကွက်စီးပွားရေးအခြေအနေနှင့်အညီ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနဟူ၍ အမည်ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် စက်မှုဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနတစ်ခုဖြစ်သည်။ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသည် ပုဂ္ဂလိက စက်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း ပုဂ္ဂလိကစက်မှုလုပ်ငန်းများအား တည်ဆဲဥပဒေများနှင့်အညီ မှတ်ပုံတင်ပေးခြင်း၊ ဘွိုင်လာနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအား တည်ဆဲဥပဒေများနှင့်အညီစစ်ဆေးခြင်း၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းများကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးစစ်ဆေးကြပ်မတ်ခြင်း၊ အသေးစားနှင့် အလတ်စားစီးပွားရေးဖွံ့ဖြိုး တိုးတက် မှုဆိုင်ရာလုပ်ငန်းများအား ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။ 

Office Address and Location Map: 
တိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့် 
စစ်ဆေးရေးဦးစီးဌာန
ကုဿိန္ဒာရုံကျောင်းလမ်း၊ ဝဲကျွန်းညောင်ရမ်းရပ်၊ 
ထားဝယ်မြို့။
ဖုန်း - ၀၉-၄၉၈၇၃၅၇၄
      ၀၅၉-၂၄၀၁၉
ထားဝယ်ခရိုင်စက်မှုကြီးကြပ်ရေးနှင့်
စစ်ဆေးရေးဦးစီးဌာန
ကုဿိန္ဒာရုံကျောင်းလမ်း၊ ဝဲကျွန်းညောင်ရမ်းရပ်၊ 
ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၁၈၆၈
မြိတ်ခရိုင်စက်မှုကြီးကြပ်ရေးနှင့်
စစ်ဆေးရေးဦးစီးဌာန
MRE ရေခဲစက်ဝင်းအတွင်း 
ပိတောက်ပင်လမ်းဆုံ၊ ကန်ဖျားရပ်၊ မြိတ်မြို့။
ဖုန်း - ၀၅၉-၄၂၁၁၆