Follow Us

လမ်းဦးစီးဌာန

Thu, 09/08/2016 - 12:24

လမ်းဦးစီးဌာန စတင်ပေါ်ပေါက်လာပုံနှင့်နောက်ခံသမိုင်း

     ၁၈၈၈ ခုနှစ်တွင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းဌာန (Public Works Department)(P.W.D)ကို စတင်ဖွဲ့စည်းခဲ့ပြီး အဆောက်အဦဌာနခွဲ၊ လမ်းဌာနခွဲနှင့် ဆည်မြောင်း ဌာနခွဲတို့ ပါဝင်ခဲ့ပါသည်။ ၁၉၂၂ ခုနှစ်တွင် အဆောက်အဦနှင့် လမ်းဌာနခွဲကို ဒိုင်အာခီအစိုးရမှ လွှဲယူခဲ့ပါသည်။ ၎င်းနောက် ဒုတိယကမ္ဘာစစ်ကြီးပြီး၍ ပျက်စီးသွားသော အိုးအိမ် တိုက်တာအဆောက်အဦများကို ပြန်လည်ထူထောင်နိုင်ရန်အတွက် ၁၉၅၁ ခုနှစ်တွင် ပြည်သူ့အိုးအိမ်ပြန်လည်ထူထောင်နိုင်ရန်အတွက် ခရိုင်နှင့် မြို့နယ်အဆင့်ထိ တိုးချဲ့ဖွဲ့စည်းခဲ့ ပါသည်။ ၁၉၅၁ ခုနှစ်မှ ပြည်သူ့အိုးအိမ်ပြန်လည်ထူထောင်ရေးနှင့် မြို့ရွာစည်ပင်ရေးအဖွဲ့ကို ဖွဲ့စည်း၍ ပြည်သူ့လုပ်ငန်းဌာနမှ အဆောက်အဦလုပ်ငန်းဌာနသို့ လွှဲယူခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် လမ်းလုပ်ငန်းဌာန (Highways Department)ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။ ထိုနောက် လုပ်ငန်းများပြားလာသောကြောင့် အိမ်ရာဆောက်လုပ်ရေးဝန်ကြီးဌာနဟုလည်း ပြောင်းလဲ ဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၄ ခုနှစ်တွင် လမ်းလုပ်ငန်းဌာနများမှ လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာဌာန၊ သန့်ရှင်းရေးအင်ဂျင်နီယာဌာနတို့ကို ပြည်သူ့အိုးအိမ်ပြန်လည်ထူထောင်ရေးနှင့် မြို့ရွာစည်ပင်ရေးအဖွဲ့တို့ပူးပေါင်းလိုက်ပြီး ဝန်ကြီးဌာနကိုလည်း ပြည်သူ့လုပ်ငန်းနှင့် အိမ်ရာဆောက်လုပ်ရေးဝန်ကြီးဌာနဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး၊ ၁၉၇၂ ခုနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအဖြစ် ပြုပြင်ဖွဲ့စည်းခဲ့ပါသည်။

     ၁၉၅၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော လမ်းလုပ်ငန်းဌာန အခြားဝန်ကြီးဌာနများလက်အောက်မှ အင်ဂျင်နီယာဌာန(၂၁)ခုနှင့် ပူးပေါင်း၍ ပြည်သူ့လုပ်ငန်းကော်ပိုရေးရှင်း (Public Works Corporation) အဖြစ် ၁၉၆၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါသည်။ အများသိကြသော ဌာနအမည်မှာ ပ.လ.က ဖြစ်ပါသည်။ ၁၉၇၂ ခုနှစ်တွင် ဆောက်လုပ်ရေးကော်ပိုရေးရှင်း (Construction Corporation) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ၁၉၈၈ ခုနှစ် ဧပြီလ(၁)ရက်နေ့မှစ၍ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း(Public Works Corporation) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။

     ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက် (ကြာသပတေးနေ့)တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၂/၂၀၁၅)၏ သဘောတူဆုံးဖြတ်ချက်အရဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်တွင်အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနနှင့် မြို့ပြနှင့်အိမ်ရာဦးစီးဌာနဟူ၍  ပြောင်းလဲဖွဲ့စည်းလိုက်ပါသည်။

 

Office Address and Location Map: 

တိုင်းဒေသကြီးညွှန်ကြားရေးမှုး(မြို့ပြရုံး)
ကညုံရပ်၊ ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၁၁၁၄၊ ၀၅၉-၂၃၅၇၀

ထားဝယ်ခရိုင်လမ်းဦးစီးဌာန
ခံရပ်၊ ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၁၀၂၃၊ ၀၅၉-၂၃၅၉၈

မြိတ်ခရိုင်လမ်းဦးစီးဌာန
ပိတောက်ပင်လမ်းဆုံ၊ ကန်ဖျားရပ်၊
မြိတ်မြို့။
ဖုန်း - ၀၅၉-၄၁၀၀၇၊ ၀၅၉-၄၁၁၁၇

ကော့သောင်းခရိုင်လမ်းဦးစီးဌာန
အဏ္ဏဝါရပ်ကွက်၊ ကော့သောင်းမြို့။
ဖုန်း - ၀၅၉-၅၁၀၁၁
ထားဝယ်မြို့နယ်လမ်းဦးစီးဌာန
လေယာဉ်ကွင်းလမ်း၊ဗျောတောဝရပ်
ထားဝယ်မြို့။
ဖုန်း-၀၅၉-၂၁၀၄၀

ရေဖြူမြို့နယ်လမ်းဦးစီးဌာန
(ဃ)ရပ်ကွက်၊ထားဝယ်-ရေးလမ်း၊
ရေဖြူမြို့။
ဖုန်း- ၀၉-၄၉၈၆၅၃၆၀

လောင်းလုံမြို့နယ်လမ်းဦးစီးဌာန
(ဃ)ရပ်ကွက်၊ဗိုလ်ဗထူးလမ်း၊
လောင်းလုံမြို့။
ဖုန်း-၀၅၉-၃၃၁၁၈
သရက်ချောင်းမြို့နယ်လမ်းဦးစီးဌာန
ပန်းတောရပ်ကွက်၊
သရက်ချောင်းမြို့။
ဖုန်း-၀၅၉-၃၅၂၁၉
မြိတ်မြို့နယ်လမ်းဦးစီးဌာန
ပိတောက်ပင်လမ်းဆုံ၊ကန်ဖျားရပ်
မြိတ်မြို့။
ဖုန်း - ၀၅၉-၄၁၀၀၇၊ ၀၅၉-၄၁၁၇
ပုလောမြို့နယ်လမ်းဦးစီးဌာန
အမှတ်(၄) ရပ်ကွက်၊ဗိုလ်ချူပ်လမ်း၊
ပုလောမြို့။
ဖုန်း - ၀၅၉-၃၀၁၁၆
ကျွန်းစုမြို့နယ်လမ်းဦးစီးဌာန
အမှတ်(၁)ရပ်ကွက်၊သီတာလမ်း၊
ကျွန်းစုမြို့။
ဖုန်း - ၀၅၉-၆၂၁၀၁
တနင်္သာရီမြို့နယ်လမ်းဦးစီးဌာန
ချောင်းကြီးရပ်ကွက်၊ဗိုလ်တဲလမ်း
တနင်္သာရီမြို့။
ဖုန်း - ၀၉-၄၉၈၈၄၂၈
ကော့သောင်းမြို့နယ်လမ်းဦးစီးဌာန
အဏ္ဏဝါရပ်ကွက်၊ ကော့သောင်းမြို့။
ဖုန်း - ၀၉-၄၂၂၅၅၄၃၁၅
ဘုတ်ပြင်းမြို့နယ်လမ်းဦးစီးဌာန
အောင်မင်္ဂလာရပ်ကွက်၊
ဘုတ်ပြင်းမြို့။
ဖုန်း - ၀၉-၄၄၀၇၄၀၁၅၆
မေတ္တာမြို့လမ်းဦးစီးဌာန
အမှတ်(၁) ရပ်ကွက်၊အာဇာနည်လမ်း၊
မေတ္တာမြို့။
ဖုန်း -  ၀၉-၄၅၆၁၆၆၉၄
ကလိန်အောင်မြို့လမ်းဦးစီးဌာန
အမှတ်(၃)ရပ်ကွက်၊ဇင်းဘာလမ်း၊
ကလိန်အောင်မြို့။
ဖုန်း - ၀၉-၄၉၈၆၅၃၇၅
ပလောက်မြို့လမ်းဦးစီးဌာန
အမှတ်(၃)ရပ်ကွက်၊စုပေါင်းရုံးလမ်း၊
ပလောက်မြို့။
ဖုန်း - ၀၅၉-၃၁၀၈၀
ပြည်ကြီးမဏ္ဍိုင်မြို့လမ်းဦးစီးဌာန
ဘန်းဂလားကျေးရွာအုပ်စု၊
ပြည်ကြီးမဏ္ဍိုင်မြို့။
ဖုန်း - ၀၉-၅၁၇၁၂၄၀
ကရသူရိမြို့လမ်းဦးစီးဌာန
အမှတ်(၃)ရပ်ကွက်၊
ကရသူရိမြို့။
ဖုန်း - ၀၉-၄၅၆၉၂၄၀၃၇

ခမောက်ကြီးမြို့လမ်းဦးစီးဌာန
အမှတ်(၁)ရပ်ကွက်
ခမောက်ကြီးမြို့။
ဖုန်း - ၀၉-၄၅၅၃၂၄၄၃၀