Follow Us

အလုပ်သမားရေးရာဆက်ဆံဦးစီးဌာန

Thu, 09/08/2016 - 12:21

အလုပ်သမားရေးရာဆက်ဆံဦးစီးဌာနဦးစီးဌာနစတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း
   အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနသည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအောက်ရှိ အဖွဲ့အစည်းများအနက် တစ်ခုဖြစ်ပါသည်။ (၁-၃-၂၀၁၂)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ် (၉/၂၀၁၂) မှ သဘော တူခွင့်ပြုပြီး အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၏ (၁၂-၃-၂၀၁၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၁၈/၂၀၁၂)ဖြင့် ဗဟိုဝါဏိဇ္ဇပဋိပက္ခမှုကော်မတီအား အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနအဖြစ် အရာထမ်း(၄၀)ဦး၊ အမှုထမ်း (၁၁၆)ဦး စုစုပေါင်း (၁၅၆)ဦး တို့ဖြင့် အမည်ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ သို့ပါ၍ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ(၂၀၁၂)အား အတည်ပြုပြဌာန်းခဲ့ပြီး ဥပဒေအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးရုံး၏ (၃၁-၁၂-၂၀၁၂) ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်(၈၈/၂၀၁၂) စာအမှတ်၊ ၇၀-အလ(ခွဲ-၃၀)၂၀၁၂(၄၀/၁၁) (၁၀၁၅၆)အရ ၊ တနင်္သာရီတိုင်းဒေသကြီး၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန(တိုင်းဒေသကြီးရုံး)အား ထားဝယ်မြို့၊ ဆန်းချီးတိုးချဲ့ကွက်သစ်တွင် (၁-၁-၂၀၁၃) ရက်နေ့တွင် စတင်ဖွင့်လှစ်ကာရုံးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
   အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနသည် အလုပ်ရှင် သို့မဟုတ် အလုပ်ရှင်အဖွဲ့အစည်းနှင့် အလုပ်သမား သို့မဟုတ် အလုပ်သမားအဖွဲ့အစည်းများအကြား လုပ်ငန်းခွင်ဆက်ဆံရေးအေးချမ်းသာယာမှုရှိစေရန်အတွက် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများကို စနစ်တကျဖြင့် မှန်မှန်နှင့် မြန်မြန် အဆုံးအဖြတ်ပြုဆောင်ရွက်မည်ဖြစ်ပါသည်။

Office Address and Location Map: 
တနင်္သာရီတိုင်းဒေသကြီးရုံး
ဆန်းချီးတိုးချဲ့ကွက်သစ်၊ ကမ်းနားလမ်း၊ 
ပိတောက်လမ်းသွယ်၊ ထားဝယ်မြို့။
ဖုန်း− ၀၅၉-၂၃၉၂၁
        ၀၅၉-၂၂၅၉၀