Follow Us

တရားလွှတ်တော်တရားသူကြီးချုပ်ရုံး

Thu, 09/08/2016 - 12:19

တိုင်းဒေသကြီးတရားလွှတ်တော်ပေါ်ပေါက်လာပုံနှင့်နောက်ခံသမိုင်း 

      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ် ပြောင်းလဲတည်ထောင်ခဲ့ရာတွင် အချုပ်အခြာအာဏာ၏ မဏ္ဍိုင်တစ်ရပ်ဖြစ်သော တရားစီရင်ရေးမဏ္ဍိုင်သည်လည်း ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်တို့နှင့်အတူ ပေါ်ထွန်းခဲ့ပါသည်။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁ဝပြည့်နှစ် ပြည်ထောင်စုတရားစီရင်ရေးဥပဒေတို့အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားရုံးအဆင့်ဆင့်တို့ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။
      ဥပဒေပြုရေး ၊ အုပ်ချုပ်ရေး ၊ တရားစီရင်ရေးစသည့်ခက်မသုံးဖြာအနက် တရားစီရင်ရေးအာဏာကို ယုံကြည်စွာအပ်နှံခြင်းခံရသော တရားရေးမဏ္ဍိုင် ဖြောင့်မတ်မှန်ကန်သည့်ဥပဒေအရ တရားမျှတမှုကို ဖော်ဆောင်ရန် တာဝန်ရှိကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တရားရုံးအဆင့်ဆင့်တို့မှ ခံယူထားပြီးဖြစ်ပါသည်။ ဥပဒေစိုးမိုးမှ ပြည်သူများဥပဒေဘောင်အတွင်း လုံခြုံအေးချမ်းစွာ နေထိုင်အသက်မွေးဝမ်းကျောင်းပြုနိုင်မည်ဖြစ်ပါသည်။ ပြည်သူ့ဘဝလုံခြုံအေးချမ်းပြီး ဒီမိုကရေစီအခွင့်အရေးအပြည့်အဝခံစားနိုင်ရေးအတွက် တရားရေးမဏ္ဍိုင်သည် ဥပဒေပြုရေးမဏ္ဍိုင် ၊ အုပ်ချုပ်ရေးမဏ္ဍိုင်တို့နှင့် ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန်ထိန်းကျောင်းခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ပါသည်။ ထိုသို့ထိန်းကျောင်းရာတွင် မဏ္ဍိုင်တစ်ခုနှင့်တစ်ခု အပြန်အလှန် လေးစားရပါမည်။ ထို့အပြင် မဏ္ဍိုင်တစ်ခု၏လုပ်ငန်းတာဝန်ကိုလည်း ကျန်မဏ္ဍိုင်များက လေးစားလိုက်နာရမည်ဖြစ်ပါသည်။

Office Address and Location Map: 
တိုင်းဒေသကြီးတရားလွှတ်တော်
အကွက်အမှတ် (က)၊ တိုးချဲ့မြို့သစ်၊
ဆန်းချီရပ်ကွက်၊ ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၃၄၉၈
ထားဝယ်ခရိုင်တရားရုံး
က - မြို့သစ်အကွက်၊ ဆန်းချီရပ်ကွက်၊
ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၁၂၈၇
မြိတ်ခရိုင်တရားရုံး
ရုံးလမ်း၊ ဆိပ်ငယ်ရပ်ကွက်၊ 
မြိတ်မြို့။
ဖုန်း - ၀၅၉-၄၁၀၂၂
ကော့သောင်းခရိုင်တရားရုံး
ဗိုလ်ချုပ်လမ်း၊ အောင်သုခရပ်ကွက်၊ 
ကော့သောင်းမြို့။
ဖုန်း - ၀၅၉-၅၁၆၃၃
ထားဝယ်မြို့နယ်တရားရုံး
တိုးချဲ့မြို့သစ်၊ ဆန်းချီရပ်ကွက်၊ 
ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၂၂၁၀
ရေဖြူမြို့နယ်တရားရုံး
နတ်စင်လမ်း၊ (ခ) ရပ်ကွက်၊ 
ရေဖြူမြို့။
ဖုန်း - ၀၅၉-၃၇၀၀၅
လောင်းလုံးမြို့နယ်တရားရုံး
ပြည်တော်အေးလမ်း၊ အောင်သဗြေကုန်း၊
(ဃ) ရပ်ကွက်၊ လောင်းလုံးမြို့။
ဖုန်း - ၀၅၉-၃၃၀၃၈

 

သရက်ချောင်းမြို့နယ်တရားရုံး

မြို့မရပ်ကွက်၊ သရက်ချောင်းမြို့။
ဖုန်း - ၀၅၉-၃၅၁၉၆

မြိတ်မြို့နယ်တရားရုံး
ရုံးလမ်း၊ ဆိပ်ငယ်ရပ်ကွက်၊
မြိတ်မြို့။
ဖုန်း - ၀၅၉-၄၁၆၅၄
ပုလောမြို့နယ်တရားရုံး
တိုးချဲ့(၂)လမ်း၊ အမှတ်(၂) ရပ်ကွက်၊ 
ပုလောမြို့။
ဖုန်း - ၀၅၉-၃၀၁၂၈
ကျွန်းစုမြိုနယ်တရားရုံး
မြို့နယ်အုပ်ချုပ်ရေးမှူးရုံးအနောက်၊ အမှတ်(၂) ရပ်ကွက်၊ ကျွန်းစုမြို့။
ဖုန်း - ၀၅၉-၆၂၀၂၁
တနင်္သာရီမြို့နယ်တရားရုံး
မြဝတ်ဆင်ဘုရားကုန်းတော်၊ ချောင်းကြီးရပ်ကွက်၊ တနင်္သာရီမြို့။
ဖုန်း - ၀၅၉-၅၅၀၁၈ 
ကော့သောင်းမြို့နယ်တရားရုံး
ဗိုလ်ချုပ်လမ်း၊ အောင်သုခရပ်ကွက်၊
ကော့သောင်းမြို့။
ဖုန်း - ၀၅၉-၅၁၀၅၂
ဘုတ်ပြင်းမြို့နယ်တရားရုံး
မြို့မရပ်ကွက်၊ ဘုတ်ပြင်းမြို့။
ဖုန်း - ၀၅၉-၅၀၀၂၂