Follow Us

လူမူဖူလုံရေးအဖွဲ့

Thu, 09/08/2016 - 12:18

လူမူဖူလုံရေးအဖွဲ့ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်းကြောင်း
      လူမှုဖူလုံရေးအဖွဲ့ကို ၁၉၅၄ ခုနှစ်တွင် ဥပဒေရေးဆွဲပြီး (၁-၁-၁၉၅၆) ရက်နေ့တွင် စတင်ကျင့်သုံး အကောင်အထည်ဖော်ခဲ့သည်။ ယခုအခါ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေသစ်ကို (၁-၄-၂၀၁၄)
ရက်နေ့တွင် ပြင်ဆင်ရေးဆွဲ စတင်ကျင့်သုံးခဲ့ပါသည်။၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေသစ်ကို စတင်ကျင့်သုံးလာသည့်နှင့်အမျှ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် တိုင်းဒေသကြီးရုံးများ၊ ရုံးခွဲများ၊ ဆေးခန်းများ တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။ တနင်္သာရီတိုင်းဒေသကြီးတွင် (၁-၇-၁၉၇၄)ရက်နေ့မှစ၍ ထားဝယ်မြို့တွင် မြို့နယ်လူမှုဖူလုံရေးရုံးနှင့် ဆေးခန်းကိုလည်းကောင်း၊ (၁-၃-၁၉၇၆) ရက်နေ့မှစ၍ မြိတ်မြို့တွင် လူမှုဖူလုံရေးရုံးဆေးခန်းကိုလည်းကောင်း စတင်ဖွင့်လှစ်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပါသည်။ (၁၉-၁-၂၀၁၁) ရက်နေ့မှစ၍ တိုင်းဒေသကြီးများတွင်တိုင်းဒေသကြီးဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ညွှန်ကြားလာပါသဖြင့် တိုင်းဒေသကြီးရုံးအနေဖြင့် သီးခြားဖွင့်လှစ်နိုင်ခြင်း မရှိသေးပါသောကြောင့် တိုင်းဒေသကြီးမြို့ဖြစ်သော ထားဝယ်မြို့ ၊ မြို့နယ်ရုံးခွဲတာဝန်ခံမှ တိုင်းဒေသကြီးလုပ်ငန်းစဉ်များကိုပါ ပူးတွဲတာဝန်ယူဆောင်ရွက်ခဲ့ရပါသည်။ ယခုအခါ (၇-၉-၂၀၁၅)ရက်နေ့မှ စ၍တိုင်းဒေသကြီးရုံး၏တာဝန်များကို သီးခြားဆောင်ရွက်ရန် အဖွဲ့ရုံးချုပ်မှ ညွှန်ကြားလာပါသဖြင့် (၇-၉-၂၀၁၅)ရက်နေ့မှစ၍ တိုင်းဒေသကြီးရုံးအနေဖြင့် သီးခြားဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။

Office Address and Location Map: 
တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး
ဇလပ်ဖြူလမ်း၊ ဆန်းချီရပ်၊ ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၁၀၄၆
ထားဝယ်မြို့နယ်လူမှုဖူလုံရေးရုံးနှင့်ဆေးခန်း
အမှတ်(၁၇၄)၊ သီတာလမ်း၊
ကညုံရပ်ကွက်၊ ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၁၁၂၄
မြိတ်မြို့နယ်လူမှုဖူလုံရေးရုံးနှင့်ဆေးခန်း
ဘုံပျံ(၁)လမ်း၊ ရေပုံးရပ်ကွက်၊ မြိတ်မြို့။ 
ဖုန်း - ၀၅၉-၄၁၀၈၇