Follow Us

ဥပဒေချုပ်ရုံး

Thu, 09/08/2016 - 12:18

ဦးစီးဌာနစတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း
        ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသောအခါ ပြည်ထောင်စု မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၁၂၆ (၁) အရ နိုင်ငံတော်သမ္မတသည် ဝန်ကြီးချုပ်အမည်တင်သွင်းသော တရားလွှတ်တော်ရှေ့နေတစ်ဦးကို နိုင်ငံတော် ရှေ့နေချုပ်အဖြစ် ခန့်ထားရပါသည်။ ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံရှေ့နေချုပ်အက်ဥပဒေကို ပြဋ္ဌာန်း၍ နိုင်ငံတော်ရှေ့နေချုပ်၏တာဝန်နှင့်ခံစားခွင့်များကို သတ်မှတ်ပေးခဲ့ပြီး ယင်း ဥပဒေပုဒ်မ-၂ အရ နိုင်ငံတော်ရှေ့နေချုပ်ဌာနကိုလည်း တည်ထောင်ခဲ့ပါသည်။ နိုင်ငံတော်ရှေ့နေချုပ်နှင့် လက်ထောက်နိုင်ငံတော်ရှေ့နေချုပ် ၊ ဥပဒေအရာရှိများနှင့် ဥပဒေရေးဆွဲရေးအရာရှိများကိုလည်း ခန့်ထားခွင့်ပြုခဲ့ပါသည်။ ယင်းပြဋ္ဌာန်းချက်အရ တရားရေးဝန်ကြီးဌာနက ၂၈.၁.၄၈ ရက်စွဲဖြင့် နိုင်ငံတော်ရှေ့နေချုပ်ရုံးတွင် ခန့်ထားခွင့်ပြုသည့်ဝန်ထမ်းစာရင်းကို သတ်မှတ်ပေးခဲ့ပါသည်။
        ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီပေါ်ပေါက်လာသောအခါ ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ နိုင်ငံတော်ရှေ့နေချုပ်ခန့်ထားသည့်စနစ်မှာ ပျက်သုဉ်းသွားခဲ့ပါသည်။ သို့ရာတွင် ၇.၃.၁၉၆၂ ရက်စွဲပါ တော်လှန်ရေးကောင်စီ ၊ ကြေငြာချက်အမှတ်-၁၅ ဖြင့် မြန်မာနိုင်ငံရှေ့နေချုပ်ကို ခန့်ထားခဲ့ပြီး ၄င်း၏လက်အောက်တွင် ရှေ့နေချုပ်ဌာနမှ ဆက်လက်တည်ရှိခဲ့ပါသည်။ တဖန် ၂၄.၉.၁၉၇၁ ရက်စွဲပါ တော်လှန်ရေးကောင်စီကြေငြာချက်အမှတ်-၉၅ ဖြင့် ရှေ့နေချုပ်အသစ်ကို ခန့်ထားခဲ့ပါသည်။
        ၁၅.၃.၁၉၇၂ နေ့တွင် တော်လှန်ရေးကောင်စီ ကြေငြာချက်အမှတ်-၉၇ ကို ထုတ်ပြန်၍ အုပ်ချုပ်ရေးယန္တရားအဟောင်းကို ဖျက်သိမ်းပြီး အုပ်ချုပ်ရေးစနစ်ကို စတင်အကောင်အထည်ဖော်သောအခါ ရှေ့နေချုပ်ဌာနကိုလည်း ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ တရားရေးဝန်ကြီးဌာန၏ ၂၈.၂.၁၉၇၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်-၅၄ အရ နိုင်ငံတော်ရှေ့နေချုပ်ဦးစီးဌာနကို ရှေ့နေချုပ်ရုံးအဖြစ် ပြင်ဆင်သတ်မှတ်ခေါ်ဝေါ်ခဲ့ပါသည်။
        ပြည်ထောင်စုဆိုရှယ်လစ်သမ္မတနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁၂ အရ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ပြည်သူ့ဥပဒေအကျိုးဆောင် အဖွဲ့ဥပဒေကို ပြည်သူ့လွှတ်တော်က ပြဋ္ဌာန်းခဲ့ပါသည်။ ယင်းဥပဒေပုဒ်မ-၆ အရ ပြည်သူ့ ဥပဒေအကျိုးဆောင်အဖွဲ့၏ တာဝန်များကိုလည်းကောင်း ၊ ယင်းဥပဒေပုဒ်မ-၇ အရ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့၏ လုပ်ပိုင်ခွင့်များကိုလည်းကောင်း သတ်မှတ်ပြဋ္ဌာန်းခဲ့ပါသည်။ ယင်းဥပဒေပုဒ်မ-၂၄ အရ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ဗဟိုဥပဒေရုံး/ပြည်နယ်/တိုင်းဥပဒေရုံးများ/မြို့နယ်ဥပဒေရုံးများကို ဖွဲ့စည်းထားရှိပြီး ယင်းဥပဒေပုဒ်မ-၂၅ အရ ဥပဒေဝန်ထမ်းအဆင့်ဆင့်သည် ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုကို ခံယူလျက် လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်စေခဲ့ပါသည်။
        ၂၆.၉.၁၉၈၈ နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် နိုင်ငံတော်၏တာဝန်ယူပြီးနောက် ရှေ့နေချုပ်ဥပဒေကို ၂၆.၉.၁၉၈၈ နေ့တွင် ပြဋ္ဌာန်းခဲ့ပါသည်။ ယင်းဥပဒေပုဒ်မ-၂ အရ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ၊ အမိန့် စာအမှတ်-၆/၁၉၈၈ ဖြင့် ရှေ့နေချုပ်နှင့် ဒုတိယရှေ့နေချုပ်တို့ကို ခန့်အပ်ခဲ့ပါသည်။ ၈.၁၂.၁၉၉၂ နေ့တွင် ရှေ့နေချုပ်ရုံးကို ဌာန (၄) ခုဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ ထို့အတူ ဥပဒေဝန်ထမ်းဟူသောရာထူးအခေါ်အဝေါ်ကို ဥပဒေအရာရှိဟု ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။

 

Office Address and Location Map: 

တိုင်းဒေသကြီးဥပဒေချုပ်ရုံး
အလယ်လမ်း၊ ခုံဝင်းဒပ်ရပ်
ထားဝယ်မြို့
ဖုန်း - ၀၅၉ - ၂၃၆၆၁/ ၀၅၉ - ၂၂၅၉၇
၀၅၉ - ၂၂၅၉၆/၀၅၉ - ၂၃၆၆၃ 

 

ထားဝယ်ခရိုင်ဥပဒေချုပ်ရုံး
ရေးလမ်းသွယ်၊ ဆန်းချီရပ်ကွက်၊
ထားဝယ်မြို့
ဖုန်း - ၀၅၉ - ၂၁၈၀၈

                                  
 

မြိတ်ခရိုင်ဥပဒေချုပ်ရုံး
စျေးတန်းရပ်၊ ရုံးလမ်း၊
မြိတ်မြို့
ဖုန်း - ၀၅၉ - ၄၁၁၈၇
ကော့သောင်းခရိုင်ဥပဒေချုပ်ရုံး
အောင်သုခရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ 
ကော့သောင်းမြို့
ဖုန်း - ၀၅၉  - ၅၁၈၃၄
ထားဝယ်မြို့နယ်ဥပဒေချုပ်ရုံး
ရေးလမ်းသွယ်၊ ဆန်းချီရပ်ကွက်၊
ထားဝယ်မြို့
ဖုန်း - ၀၅၉ - ၂၂၁၉၄
ရေဖြူမြို့နယ်ဥပဒေချုပ်ရုံး
ရေဖြူကျောက်ထောက်လမ်း
(ခ)ရပ်ကွက်၊ ရေဖြူမြို့
ဖုန်း - ၀၅၉ - ၃၇၀၀၈
                         လောင်းလုံးမြို့နယ်ဥပဒေချုပ်ရုံး
                         အောင်ဆန်းလမ်း၊ (ခ)ရပ်ကွက်၊
                         လောင်းလုံးမြို့နယ်
                         ဖုန်း - ၀၅၉ - ၃၃၀၇၃
သရက်ချောင်းမြို့နယ်ဥပဒေချုပ်ရုံး
တပ်နယ်လမ်း၊ မြို့မရပ်ကွက်၊ 
သရက်ချောင်းမြို့
ဖုန်း - ၀၅၉ - ၃၅၁၀၂
မြိတ်မြို့နယ်ဥပဒေချုပ်ရုံး
စျေးတန်းရပ်၊ ရုံးလမ်း၊
မြိတ်မြို့
ဖုန်း- ၀၅၉ - ၄၁၀၈၆
ပုလောမြို့နယ်ဥပဒေချုပ်ရုံး
အမှတ်(၂)ရပ်ကွက်၊ နေကြာလမ်း၊
ပုလောမြို့
ဖုန်း - ၀၅၉ - ၃၀၄၆၆

ကျွန်းစုမြို့နယ်ဥပဒေချုပ်ရုံး
အမှတ်(၂)ရပ်ကွက်၊ နေကြာလမ်း၊
ပုလောမြို့
ဖုန်း - ၀၅၉ - ၃၀၄၆၆

တနင်္သာရီမြို့နယ်ဥပဒေချုပ်ရုံး
ချောင်းကြီးရပ်ကွက်၊ ဗလလမ်း၊
တနင်္သာရီမြို့
ဖုန်း - ၀၅၉ - ၅၅၀၀၅
ကော့သောင်းမြို့နယ်ဥပဒေချုပ်ရုံး
အောင်သုခရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊
ကော့သောင်းမြို့
ဖုန်း - ၀၅၉ - ၅၁၀၅၁
ဘုတ်ပြင်းမြို့နယ်ဥပဒေချုပ်ရုံး
ရတနာလမ်းသွယ်(၁)၊ အောင်မင်္ဂလာရပ်ကွက်၊
ဘုတ်ပြင်းမြို့
ဖုန်း - ၀၅၉ - ၅၀၀၃၂