Follow Us

စာရင်းစစ်ချုပ်ရုံး

Thu, 09/08/2016 - 12:17

တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း
     မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ဗြိတိသျှတို့အုပ်စိုးစဉ်ကပင် ၁၉၃၅ ခုနှစ်၊ မြန်မာ နိုင်ငံအက်ဥပဒေပုဒ်မ-၆၆ အရ စာရင်းစစ်ချုပ်ကို ၁၉၃၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ ခန့်ခဲ့ပြီး ယင်း၏လက်အောက်တွင် စာရင်းစစ်ချုပ်ရုံး၊ ငွေစာရင်းမင်းကြီးရုံး၊ ငွေစာရင်းဝန် (ကာကွယ်ရေး)ရုံး၊ စာတိုက်နှင့် ကြေးနန်းငွေစာရင်းဝန်ရုံးနှင့် ဒေသန္တရအဖွဲ့ငွေစာရင်းဝန်ရုံးများကို ဖွဲ့စည်းခဲ့ပါသည် ။
    လွတ်လပ်ရေးရရှိသည့်အခါ ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ-၁၂၈ အရ မြန်မာနိုင်ငံစာရင်းစစ်ချုပ်ကို ခန့်ထားခဲ့ပြီး၊ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလတွင် စာရင်းစစ်ချုပ်အက်ဥပဒေကို ပြဌာန်းခဲ့ပါသည်။ စာရင်းစစ်ချုပ်လက်အောက်၌ အထက်အပိုဒ်ပါစာရင်းနှင့် စာရင်းစစ်ဌာနများအပြင် နိုင်ငံတော်စီးပွားရေးအဖွဲ့အစည်းများကို စစ်ဆေးရန် ကူးသန်းရောင်းဝယ်ရေးစာရင်းစစ်ညွှန်ကြားရေးဝန်ရုံးကို ၁၉၅၅ ခုနှစ်၊ အောက်တိုဘာလ (၄)ရက်နေ့တွင် တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ ၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင်လည်း စာရင်းစစ်ဌာနဖွဲ့စည်းမှုကို ပြောင်းလဲမှုမရှိဘဲ ယခင်အတိုင်းထားရှိခဲ့ပါသည် ။
     ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၅၅ အရ ၁၉၇၄ ခုနှစ်တွင် ပြည်သူ့လွှတ်တော်က ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ဥပဒေကို အတည်ပြုပြဌာန်းခဲ့ပါသည်။ ယင်းဥပဒေများပါ ပြဌာန်းချက်များအရ ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ကို ပြည်သူ့လွှတ်တော်က ရွေးချယ်တင်မြှောက်ဖွဲ့စည်းပြီး ပြည်နယ်/တိုင်းနှင့်မြို့နယ်များတွင်လည်း သက်ဆိုင်ရာအဆင့်အလိုက် လုပ်ငန်းစစ်ဆေးရေး အဖွဲ့များကို ဖွဲ့စည်းခဲ့ပါသည်။ ထို့အပြင် ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ ဥပဒေ ပုဒ်မ-၆၇ အရ ၁၉၄၈ ခုနှစ်၊ စာရင်းစစ်ချုပ်အက်ဥပဒေကို ရုပ်သိမ်းခဲ့ပါသည်။ ယခင်စာရင်းစစ်ချုပ်လက်အောက်ရှိ စာရင်းစစ်ချုပ်ရုံး၊ ငွေစာရင်းမင်းကြီးရုံး၊ စာတိုက်နှင့် ကြေးနန်းငွေစာရင်းဝန်ရုံး၊ ဒေသန္တရအဖွဲ့ငွေစာရင်းစစ်ဝန်ရုံးနှင့် ကူးသန်းရောင်းဝယ်ရေးစာရင်းစစ်ညွှန်ကြားရေးဝန်ရုံးတို့ ပူးပေါင်းပြီး ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ဗဟိုစာရင်းစစ်ရုံးအဖြစ်ဖွဲ့စည်းခဲ့ပါသည်။ ပြည်နယ်/ တိုင်းနှင့်မြို့နယ်အဆင့်တို့တွင်လည်း စာရင်းစစ်ရုံးများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ အသစ်ဖွင့်လှစ်ခဲ့ပါသည်။ ကာကွယ်ရေးငွေစာရင်းရုံးကိုမူ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်သို့ ၁၉၇၂-၇၃ ဘဏ္ဍာရေးနှစ်ကုန်တွင် လွှဲပြောင်းပေးခဲ့ပါသည်။
     ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က နိုင်ငံတော်အာဏာကို လွှဲပြောင်းယူခဲ့ပြီး၊ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်စွဲပါအမိန့်အမှတ်၊ ၇/၈၈ ဖြင့် စာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ်တို့ကို ခန့်အပ်ခဲ့ပါသည်။ ၂၈-၉-၁၉၈၈ ရက်စွဲပါ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥပဒေ အမှတ်-၅/၈၈ ဖြင့် စာရင်းစစ်ချုပ်ဥပဒေပြဌာန်းပြီး စစ်ဆေးရေး လုပ်ပိုင်ခွင့်များအပ်နှင်းကာ ဆောင်ရွက်စေခဲ့ပြီး စာရင်းစစ်ရုံးအဆင့်ဆင့်ကို ယခင်အတိုင်း ဗဟိုမှမြို့နယ်အဆင့်ထိ ထားရှိခဲ့ပါသည် ။
     ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၄၄၃ နှင့်အညီ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ၂၈-၁၀-၂၀၁၀ ရက်နေ့တွင် ပြဌာန်းခဲ့ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၃၀-၃-၂၀၁၁ နေ့မှစ၍ ပြည်သူ့ကိုယ်စားလှယ်များမှ ရွေးချယ်တင်မြှောက်သည့် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့်အတူ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်များခန့်အပ်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်ရုံးများနှင့် ခရိုင်/မြို့နယ်စာရင်းစစ်ရုံးများအဖြစ် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည် ။

 

Office Address and Location Map: 
တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး
ထားဝယ်မြို့
ဖုန်း - ၀၅၉ - ၂၃၅၃၇၆/  ၀၅၉ - ၂၃၅၃၆
ထားဝယ်ခရိုင်စာရင်းစစ်ချုပ်ရုံး
ထားဝယ်မြို့
ဖုန်း - ၀၅၉ - ၂၃၁၂၈
မြိတ်ခရိုင်စာရင်းစစ်ချုပ်ရုံး
မြိတ်မြို့
ဖုန်း - ၀၅၉ - ၄၂၇၂၃
ကော့သောင်းခရိုင်စာရင်းစစ်ချုပ်ရုံး
ကော့သောင်းမြို့
ဖုန်း - ၀၅၉ - ၅၁၈၂၇
ထားဝယ်မြို့နယ်စာရင်းစစ်ချုပ်ရုံး
ထားဝယ်မြို့
ဖုန်း - ၀၅၉ - ၂၁၁၄၈
ရေဖြူမြို့နယ်စာရင်းစစ်ချုပ်ရုံး
ရေဖြူမြို့
ဖုန်း - ၀၅၉ - ၃၇၀၀၃
လောင်းလုံးမြို့နယ်စာရင်းစစ်ချုပ်ရုံး
လောင်းလုံးမြို့
ဖုန်း - ၀၅၉ - ၃၃၀၈၄
သရက်ချောင်းမြို့နယ်စာရင်းစစ်ချုပ်ရုံး
သရက်ချောင်းမြို့
ဖုန်း - ၀၅၉ - ၃၅၁၅၉
မြိတ်မြို့နယ်စာရင်းစစ်ချုပ်ရုံး
မြိတ်မြို့
ဖုန်း - ၀၅၉ - ၄၁၆၅၀
ပုလောမြို့နယ်စာရင်းစစ်ချုပ်ရုံး
ပုလောမြို့
ဖုန်း - ၀၅၉ -၃၀၀၀၇
ကျွန်းစုမြို့နယ်စာရင်းစစ်ချုပ်ရုံး
ကျွန်းစုမြို့
ဖုန်း - ၀၅၉ - ၆၂၁၂၆
တနင်္သာရီမြို့နယ်စာရင်းစစ်ချုပ်ရုံး
တနင်္သာရီမြို့
ဖုန်း - ၀၅၉ - ၅၅၀၀၁
ကော့သောင်းမြို့နယ်စာရင်းစစ်ချုပ်ရုံး
ကော့သောင်းမြို့
ဖုန်း - ၀၅၉ - ၅၁၆၃၄
ဘုတ်ပြင်းမြို့နယ်စာရင်းစစ်ချုပ်ရုံး
ဘုတ်ပြင်းမြို့
ဖုန်း - ၀၅၉ - ၅၀၀၃၀