Follow Us

ကုန်တင်ကုန်ချကော်မတီရုံး

Thu, 09/08/2016 - 12:16

ကုန်တင်ကုန်ချကော်မတီရုံးစတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း
    တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ (ထားဝယ် ၊ မြိတ် ၊ ကော့သောင်း ) မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးများကို ယခင်က အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဗဟိုပြည်တွင်းကုန်တင်ကုန်ချကော်မတီရုံး၏ ကြီးကြပ်မှုဖြင့်ဖွင့်လှစ်ထားရှိခဲ့ပြီး ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် ရေလမ်း၊ ကုန်းလမ်းမှ ရောက်ရှိလာသော ကုန်ပစ္စည်းများကို အချိန်နှင့် တပြေးညီ ကုန်တင်ကုန်ချလုပ်ငန်းများဆောင်ရွက်ပေးခဲ့ပါသည်။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဇယား(၂)နှင့်အညီ အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေး ဝန်ကြီးဌာနအောက်ရှိ ဗဟိုပြည်တွင်းကုန်တင်ကုန်ချကော်မတီရုံးကို ဖျက်သိမ်းပြီး ဇုန်နယ်မြေရုံးနှင့် မြို့နယ်ပြည်တွင်း ကုန်တင်ကုန်ချကော်မတီရုံး များအား နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး / ပြည်နယ် အစိုးရအဖွဲ့များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ(ထားဝယ် ၊ မြိတ် ၊ ကော့သောင်း) မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးများကို (၁-၄-၂၀၁၅)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကိုယ်စားတိုင်းဒေသကြီးကုန်တင်ကုန်ချကော်မတီ( ယာယီ )မှ လက်ခံဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးကုန်တင်ကုန်ချကော်မတီရုံးကို ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့တွင် စတင်ဖွဲ့စည်းကာ ကုန်တင်ကုန်ချလုပ်ငန်းများကို တနင်္သာရီတိုင်းဒေသကြီး ကုန်တင်ကုန်ချလုပ်ငန်း ဥပဒေ၊ နည်းဥပဒေ နှင့်အညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။

Office Address and Location Map: 

ကုန်တင်ကုန်ချကော်မတီရုံး 
မင်းရပ်ကူးတို့လမ်း၊ ကြက်စားပြင်ရပ်၊
ထားဝယ်မြို့။
ဖုန်း - 05921172

မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံး
ဆိပ်ငယ်ဗောတံတားလမ်း၊ ဆိပ်ငယ်ရပ်၊
မြိတ်မြို့။
ဖုန်း - 05941076

မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံး
အမှတ်(၁၀၄ )၊ကမ်းနားလမ်း၊
အဏဝါရပ်ကွက်၊ ကော့သောင်းမြို့။
ဖုန်း - 05951268