Follow Us

ရဲတပ်ဖွဲ့မှူးရုံး

Thu, 09/08/2016 - 12:11

ရဲတပ်ဖွဲ့စတင်ပေါ်ပေါက်လာပုံ
     နိုင်ငံတိုင်းနိုင်ငံတိုင်းသည် မိမိတို့နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆောင်ရွက်လျက်ရှိကြပေသည်။ ယင်းသို့ ဆောင်ရွက်နိုင်ရန်အတွက် ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးအာဏာ(၃)ရပ်ကို ကိုင်တွယ်၍ ဥပဒေလုပ်ထုံးလုပ်နည်းများ ပြဌာန်းပြီး ယင်းတို့ ကိုင်တွယ်အသုံးပြုကြရသည့် အုပ်ချုပ်ရေးဝန်ထမ်းများကို ခန့်ထားအကောင် အထည် ဖော် ဆောင်ရွက်ကြရပေသည်။
     မြန်မာနိုင်ငံတွင်လည်း သမိုင်းမတင်မီ ပိဿနိုး၊ ဟန်လင်း ခေတ်ကာလမှသည် သမိုင်းတင်ခဲ့သည့် တကောင်း၊ ပုဂံ၊ သရေခေတ္တရာ၊ တောင်ငူ၊ ညောင်ရမ်း၊ အင်းဝ၊ ကုန်းဘောင် စသည့် မြို့ပြနိုင်ငံခေတ်(၇)ခေတ်တွင် မင်းဆက်ပေါင်း (၂၄၆)ဆက်ဖြင့် နှစ်ပေါင်း(၂၀၀၀)ကျော်တိုင် ပဒေသရာဇ်၊ သက်ဦးဆံပိုင်၊ ဘုရင်စံနစ်ဖြင့် အုပ်စိုးခဲ့ကြသည်။ ထိုသို့ အုပ်စိုးရာတွင် သက်ဦးဆံပိုင်ဘုရင်စနစ်ဟုဆိုသော်လည်း ပုဂံခေတ်မှ စတင်ကာ လွှတ်တော်နှင့် အုပ်ချုပ်ရေးဌာနများထားရှိပြီး ရာဇသတ်၊ ဓမ္မသတ်၊ အမိန့်တော်များ ထုတ်ပြန်ကာ ယင်းတို့ကို အကောင်အထည်ဖော်ပေးရသည့် မြို့စား၊ မြို့ဝန်၊ စစ်ကဲ၊ နာခံ၊ ရာဇဝတ်အုပ်၊ ကွမ်းဘိုးထိန်းဝန်၊ သံပျင်ဟုခေါ်သည့် မြို့သူကြီး၊ ကလန်ဟု ဆိုသော ရွာသူကြီးစသော ဝန်ထမ်းများနှင့် သံပျင်(ခ) မြို့သူကြီး လက်အောက်တွင်- 
        တန်းခေါင်း(ယခု- ရဲကဲ့သို့သောအရာထမ်း)များဖြင့် ဖွဲ့စည်းထားသော “ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေဌာန”
        တိုင်းခေါင်း(ယခု- မြေတိုင်းကဲ့သို့သော အရာထမ်း)များဖြင့် ဖွဲ့စည်းထားသော “လယ်ယာမြေဌာန”
        မြင်းခေါင်း(မြင်းတပ်အရာရှိ)များဖြင့် ဖွဲ့စည်းထားသော“လုံခြုံရေးဌာန”
        သွေးသောက်ကြီး(ခြေလျင်တပ်အရာရှိ)များဖြင့် ဖွဲ့စည်းထားသော “လုံခြုံရေးဌာန”
        ဒိုင်းခေါင်း(ဒိုင်းတော်အရာရှိ)များဖြင့် ဖွဲ့စည်းထားသော “နိုင်ငံတော်အခမ်းအနားနှင့် အစီရင်ဌာန” ဟူ၍ အုပ်ချုပ်ရေးဌာန(၅)ခုဖွဲ့စည်းထားပြီး အုပ်ချုပ်ခဲ့ကြသည်။ 
    ယင်းသို့ အုပ်ချုပ်ခဲ့ရာမှ နယ်ချဲ့အင်္ဂလိပ်သည် မြန်မာနိုင်ငံအား ၁၈၂၄-၂၈၅၂ နှင့် ၁၈၈၅ ခုနှစ်တို့တွင် (၃)ကြိမ်တိုင် ကျူးကျော်စစ်ကို ဆင်နွှဲပြီးနောက် ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့ ညနေ (၃) နာရီ(၃၀)မိနစ်တွင် မြန်မာနိုင်ငံ၏ ကုန်းဘောင်မင်းဆက် နောက်ဆုံးမင်းဖြစ်သည့် သီပေါမင်းအား ဖမ်းဆီးခေါ်ဆောင်သွားကာ ၁၈၈၆ ခုနှစ်၊ ဇန်နဝါရီ (၁)ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးအား အပြီးအပိုင် သိမ်းယူကြောင်း ကြေငြာကာ မြန်မာနိုင်ငံအား ကိုလိုနီအဖြစ် သွတ်သွင်းခဲ့ရာမှအစပြု၍ ယင်းတို့၏ အုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော်ရန် အုပ်ချုပ်ရေးဝန်ထမ်းတစ်ရပ်ဖြစ်သည့် POLICE (ပုလိပ်)ကို အင်္ဂလန်ဘုရင်မအင်းန် (QUEEN ANE)က ခန့်ထားခဲ့ခြင်းမှစတင်၍ မြန်မာနိုင်ငံတွင် ပုလိပ်အဖွဲ့ စတင်ပေါ်ပေါက်လာခြင်း ဖြစ်သည်။

    POLICE ဝေါဟာရအဓိပ္ပာယ်
         အင်္ဂလန်နိုင်ငံတွင် ဆာရောဘတ်ပီးလ် (SIR ROBERT PEEL)ဆိုသူက ခေတ်မီသော လန်ဒန်ပုလိပ်အဖွဲ့ကို ၁၈၂၆ ခုနှစ်မှ စတင်ဖွဲ့စည်းပြီး အင်္ဂလန်နိုင်ငံတွင် တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို တာဝန်ယူဆောင်ရွက်စေခဲ့သည်။
         POLICE ဟူသော စကားရပ်သည် ဂရိဘာသာဖြစ်သော POLITIA စကားမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း၊ ပြင်သစ်ဘာသာအားဖြင့် POLICE ဟူသောအဓိပ္ပာယ်မှာ ဥပဒေနှင့် ငြိမ်ဝပ်ပိပြားရေးထိန်းသိမ်းခြင်းကို POLICEMENT ဟုလည်းကောင်း၊ ထိုလုပ်ငန်းကို ထိန်းသိမ်းအုပ်ချုပ်သူများအား COMMISSARE DE POLICE နှင့် CHIETDELA PREFU TURE DE POLICE ဟုခေါ်ကြောင်း သိရှိရပါသည်။
         ယင်း POLICE ဟူသောစကားရပ်၏ စာလုံးတစ်လုံးစီကို အဓိပ္ပာယ်ဖွင့်ဆိုပြီး ၄င်းအဓိပ္ပာယ်ဖွင့်ဆိုချက်များကို ရဲတပ်ဖွဲ့၏ အရည်အချင်းသတ်မှတ်ချက်အဖြစ် စံပြုထားပါသည်။ ယင်းတို့သည်ကား-
               P =    POLITENESS    ယဉ်ကျေးသိမ်မွေ့ခြင်း။
               O =    OBEDIENCE    အမိန့်နာခံတတ်ခြင်း။
               L =    LOYALTY        သစ္စာရှိခြင်း။
               I  =    INTELLIGENCE   ထိုးသွင်းသိမြင်တတ်ခြင်း။
               C =    COURAGE        သူရသတ္တိရှိခြင်း။
               E =    EFFICIENCY     သွေးတောက်ပြောင်ခြင်း။

လွတ်လပ်ရေးမရမီကာလ ရဲတပ်ဖွဲ့
   အင်္ဂလိပ်လက်အောက်ခံ ကိုလိုနီခေတ်ပုလိစ်(စ်)အဖွဲ့ (၁၈၈၅ မှ ၁၉၄၂ အထိ)
   နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများ။ နယ်ချဲ့အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် သူ့ကျွန်မခံလိုကြသော မျိုးချစ်စိတ်ရှိသည့် မြန်မာတိုင်းရင်းသားအများအပြားသည် နိုင်ငံအနှံ့တွင် ရရာလက်နက်စွဲကိုင်၍ တော်လှန်ခဲ့ကြသည်။ ထင်ရှားသူများမှာ-
        စစ်ကိုင်းနယ်တစ်ဝိုက် - ဗိုလ်လှဦး၊ ဗိုလ်မိုးညို
        ပြင်ဦးလွင်တွင် - စင်္ကြာမင်းသား
        မကွေးတိုင်း၊ သရက်နယ် - ဗိုလ်ဆွဲ
        မကွေးတိုင်း၊ မင်းဘူးနယ် - ဗိုလ်ဥတ္တမ
        မကွေးတိုင်း၊ တောင်တွင်းကြီး - ဗိုလ်မင်းရောင်
        ကချင်တောင်တန်း - ဖုန်ကန်ဒူးဝါး၊ ဆာမားဒူးဝါး၊ ဂရားဒူးဝါး
        ရှမ်းတောင်တန်း - ဦးခမ်းလှိုင်၊ မြင်းစိုင်းမင်းသားစောရန်ပိုင်၊ စောမဟာနော်ခမ်း၊ ဦးအောင်မြတ်၊ လင်းပင်မင်းသား
        ချင်းတွင်းမြစ်ဝဲယာဒေသ - ရွှေချိုးဖြူမင်းသား၊ ကြွန်ဘစ်၊ ဦးတက်၊ ဦးပြား
        ဘုရင့်တပ်မတော်မှ မျိုးချစ်များဖြစ်ကြသည်။

စစ်ပါရီများရောက်ရှိလာခြင်း။    မြန်မာပြည်အရပ်ရပ်တွင် တော်လှန်တွန်းကန်မှုများကို နယ်ချဲ့အစိုးရက အင်္ဂလိပ်စစ်တပ်ဖြင့် နှိမ်နင်းသော်လည်း မအောင်မြင်သဖြင့် အိန္ဒိယမှ CIPY (ခေါ်) စစ်ပါရီများ (INDIAN SOLDIER OF THE BRITISH ARMY)ကို ခေါ်ယူ၍ နှိမ်နင်းခဲ့သည်။

           ပုလိစ်(စစ်)အဖွဲ့ ဖွဲ့စည်းပြီး မြန်မာများကို ဝင်ခွင့်ပြုခဲ့ခြင်း၊ နယ်ချဲ့ အင်္ဂလိပ်အစိုးရသည် စစ်ပါရီများဖြင့် မျိုးချစ်များကို နှိမ်နင်းရာ၌ စရိတ်စကမြောက်များစွာ ကုန်ကျပြီး မြန်မာတို့၏ ဓလေ့ထုံးတမ်းများ၊ ဘာသာ၊ အယူဝါဒများကိုမသိသော ကုလားစစ်သားများဖြင့် ထိရောက်စွာနှိမ်နင်းနိုင်ခြင်းရှိသဖြင့် အိန္ဒိယဘုရင်ခံ လော့ဒ်ဒပ်ဖရင်က(၁၇-၂-၁၈၈၆)ခုနှစ်တွင် အင်္ဂလိပ်ဘုရင်မကြီးထံ အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲ ရန် တင်ပြခဲ့ပြီး မြန်မာပြည်ဝန်ရှင်မင်းကြီး ဆာချားလ်ခရော့(စ်)ဝိတ်ကလည်း “မြန်မာလူမျိုးများပါဝင်သော လက်နက်မဲ့ရာဇဝတ်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန်” အစီရင်ခံတင်ပြချက်အရ(၂၈-၁၀-၁၈၈၇)နေ့တွင် “ကျေးရွာအက်ဥပဒေ”ကိုပြဌာန်းပြီး ပုဒ်မ-၃ အရ ကျေးရွာပုလိစ်အဖွဲ့ကို ဖွဲ့စည်းကာ မြန်မာရဲသားတစ်ဦးကို လစာ(၉ိ/-) ကျပ်(၁၀)ပဲပေးပြီး ပညာမတတ်၊ မိုက်ရူးရဲများကို ခန့်ထားခြင်း၊ တော်လှန်သူများကို ငွေကြေး/ရာထူးပေးပြီး စည်းရုံးထည့်သွင်းခြင်းတို့ဖြင့် အိမ်ကြက်ချင်း အိုးမဲသုတ်၍ အခွပ်ခိုင်းခဲ့ကြသည်။

ရဲတပ်ဖွဲ့စတင်ပေါ်ပေါက်လာပုံ
         ၁၈၈၅ ခုနှစ်တွင်း မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှကိုလိုနီနယ်ချဲ့ လက်အောက်သို့ ကျရောက်ခဲ့ပြီးနောက် ဗြိတိသျှကိုလိုနီ၏ ရဲလုပ်ငန်းစနစ်ကို စတင်ခဲ့ပါသည်။ ထိုအချိန်က ရဲတပ်ဖွဲ့ကို ဗမာရဲအဖြစ် သိရှိခဲ့ကြပြီး (၄-၉-၁၉၄၈)ရက်နေ့တွင် “ရဲ”ဟု အမည်စတင်ခေါ်ဝေါ်ခဲ့၍ (၁-၁၀-၁၉၆၄)ရက်နေ့တွင် “ရဲ”ကို “ပြည်သူ့ရဲတပ်ဖွဲ့” ဟု ပြောင်းလဲခေါ်ဝေါ်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် “ပြည်သူ့ရဲတပ်ဖွဲ့”ကို “မြန်မာနိုင်ငံရဲတပ်ဖွဲ့” အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

 

Office Address and Location Map: 

တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး
အာဇာနည်လမ်း၊ ကျော်မော်ရပ်ကွက်၊ ထားဝယ်မြို့  ဖုန်း  - ၀၅၉-၂၃၅၄၉
FAX - ၀၅၉-၂၃၅၅၀

ထားဝယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး
ဝဲကျွန်း၊ ဆင်ဆိပ်ရ​ပ်ကွက်၊ ထားဝယ်မြို့
ဖုန်း - ၀၅၉-၂၁၀၂၅
FAX - ၀၅၉-၂၂၁၉၇

မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး
ရုံးလမ်း၊ မြစ်ငယ်ရပ်ကွက်၊ ခရိုင်အရန်တပ်ခွဲ၀င်း၊ မြိတ်မြို့
ဖုန်း - ၀၅၉-၄၁၀၀၄
FAX - ၀၅၉-၄၂၇၅၆

ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး
ဗိုလ်ချုပ်လမ်း၊ အေးမြက​န်သာရပ်ကွက်၊ကော့သောင်းမြို့

ဖုန်း - ၀၅၉-၅၁၃၄၅
ထားဝယ်မြို့နယ်ရဲတပ်ဖွဲ့​မှူးရုံး
ရဲရိပ်သာလမ်း၊ မြောက်ရွာရပ်ကွက်၊ ထားဝယ်မြို့
FAX - ၀၅၉-၂၁၀၉၅

ရေဖြူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး    
(က)ရပ်ကွက်၊ ရေဖြူမြို့    
FAX - ၀၅၉-၃၇၀၀၂

လောင်းလုံးမြို့နယ်ရဲတပ်ဖွဲ့မှူး​ရုံး
( ခ ) ရပ်ကွက်၊ လောင်းလုံးမြို့
FAX - ၀၅၉-၃၃၀၀၁

သရက်ချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး
ကျောက်မြောင်းရပ်ကွက်၊ ​သရက်ချောင်းမြို့
FAX - ၀၅၉-၃၅၀၀၁

မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး 
ရဲသိပ္ပံလမ်း၊ ကန်းဖျားရပ်​၊ မြိတ်မြို့
​ဖုန်း - ၀၅၉-၄၁၀၄၁
ပုလောမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး
ဗထူးလမ်း၊ အမှတ်​(၁)ရပ်ကွက်၊ ပုလောမြို့
​ဖုန်း - ၀၅၉-၃၀၀၀၄
ကျွန်းစုမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး
ဗိုလ်ချုပ်လမ်း၊ အမှတ်(​၂)ရပ်ကွက်၊ ကျွန်းစုမြို့ ဖုန်း - ၀၅၉-၆၂၀၁၁
တနင်္သာရီမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး
ချောင်းငယ်ရပ်ကွက်၊ တနင်္သာရီမြို့
​ဖုန်း - ၀၅၉-၅၅၀၁၅
ကော့သောင်းမြို့နယ်​ရဲတပ်ဖွဲ့မှူးရုံး    
ဗိုလ်ချုပ်လမ်း၊ အေးမြကန်သာရပ်ကွက်၊ကော့သောင်းမြို့
ဖုန်း - ၀၅၉-၅၁၃၄၅
ဘုတ်ပြင်းမြို့နယ်ရဲတပ်ဖွဲ့မှူး​ရုံး
ရုံးလမ်း၊ ရွှေဘုံသာရပ်ကွက်၊ ဘုတ်ပြင်းမြို့
ဖုန်း - ၀၅၉-၅၀၀၀၆
       ၀၉-၂၅၀၇၇၆၁