Follow Us

စားသုံးသူရေးရာဦးစီးဌာန

Thu, 09/08/2016 - 12:11

စားသုံးသူရေးရာဦးစီးဌာနစတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း
    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီဌာနသည် ၁၉၈၉ ခုနှစ်၊ မတ်လတွင် ယခင် ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအောက်တွင် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး အဖြစ်လည်းကောင်း၊ ၂၀၁၃ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ ၂၀၁၅ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူအကာအကွယ် ပေးရေးဥပဒေနှင့်အညီ စားသုံးသူတို့၏ အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရေး ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ကျန်းမာရေးနှင့် စိတ်ပျော်ရွှင်စေရေးတို့အတွက် အာမခံ ချက်ပေးနိုင်သည့်အရည်အသွေးမြင့်မားသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာနအား သီးခြားဦးစီးဌာန အဖြစ် ၂၀၁၆ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှစ၍ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးရုံးများ၊ ခရိုင် ဦးစီးမှူးရုံးများဖြင့် ပြင်ဆင်ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။

 

Office Address and Location Map: 

တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး
စားသုံးသူရေးရာဦးစီးဌာန၊
အမှတ်(၁၃၉)စျေးတောင်ဘက်လမ်း၊
ဇရစ်ရပ်၊ ထားဝယ်မြို့
ဖုန်း− ၀၅၉-၂၁၀၅၆
     ၀၅၉-၂၁၀၆၉

ထားဝယ်ခရိုင်ဦးစီးမှူးရုံး 
အမှတ်(၁၃၉)၊ စျေးတောင်ဘက်လမ်း၊ 
ဇရစ်ရပ်၊ ထားဝယ်မြို့
ဆက်သွယ်ရန်
ဖုန်း -  ၀၅၉-၂၁၀၅၆
      ၀၅၉-၂၁၀၆၉

မြိတ်ခရိုင်ဦးစီးမှူးရုံး၊
စားသုံးသူရေးရာဦးစီးဌာန
ကမ်းနားလမ်း၊ ဆိပ်ငယ်ရပ်၊ မြိတ်မြို
ဖုန်း - ၀၅၉-၄၁၀၁၂

ကော့သောင်းခရိုင်ဦးစီးမှူးရုံး၊
စားသုံးသူရေးရာဦးစီးဌာန
ဘုရားကုန်း၊ အဏ္ဏဝါရပ်၊ ကော့သောင်းမြို့။
၀၉၄၅၀၃၅၇၉၆၅