Follow Us

စိုက်ပျိုးရေးဦးစီးဌာန

Thu, 09/08/2016 - 12:10

စိုက်ပျိုးရေးဦးစီးဌာနစတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း
     လယ်ယာကဏ္ဍကုန်ထုတ်လုပ်မှုစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုမြန်မာနိုင်ငံအုပ်ချုပ်ရေးစနစ်သစ်ဖော်ထုတ်သည့် ၁၉၇၂ ခုနှစ် မတိုင်မီက လယ်ယာစိုက်ပျိုးရေးဌာနခွဲ၊ မြေယာကျေးလက်ကြီးပွားတိုးတက်ရေးကော်ပိုးရေးရှင်း၊ မြေအသုံးချရေးဌာနခွဲနှင့် ပြည်သူ့လုပ်အားနေရာချထားရေးအဖြစ် စတင်ဖွဲ့စည်းသည်။
     ၁၉၇၂ ခုနှစ်၊မတ်လ (၁၅)ရက်နေ့မှစ၍ လယ်ယာစိုက်ပျိုးရေးဌာနခွဲ၊ မြေယာကျေးလက်ကြီးပွားတိုးတက်ရေးကော်ပိုးရေးရှင်းနှင့် မြေအသုံးချရေးဌာနတို့ပူးပေါင်း၍  လယ်ယာစိုက်ပျိုးရေးကော်ပိုးရေးရှင်းအဖြစ် ဖွဲ့စည်းခဲ့ပါသည်။
    (၁.၄.၁၉၈၉) ရက်နေ့တွင် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ လက်ရှိအမည်များကို ပြောင်းလဲခဲ့သဖြင့် မြန်မာစိုက်ပျိုးရေးလုပ်ငန်းအဖြစ် ပြောင်းလဲ၍ ဖွဲ့စည်းခဲ့ပါသည်။
    (၁၄.၁.၂၀၁၂) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ စိုက်ပျိုးရေးဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။
    စိုက်ပျိုးရေးဦးစီးဌာန၏ (၂၉.၂.၂၀၁၂) ရက်နေ့တွင် ၄င်းဖွဲ့စည်းပုံအား ရုံးချုပ်ဌာနခွဲများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ရုံးများ၊ ခရိုင်ရုံးများ၊ မြို့နယ်၊ မြို့နယ်ခွဲရုံးများ၊ ခြံ၊ စိုက်ကွင်း၊ စက်ရုံများအင်အား အားသတ်မှတ်ခဲ့ပါသည်။

Office Address and Location Map: 
တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနရုံး
ဆေးရုံးလမ်း၊ ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၁၁၃၈
ထားဝယ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး
အလယ်လမ်း၊ ထားဝယ်မြို့။           
ဖုန်း - ၀၅၉-၂၁၁၃၈
မြိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး
တပ်ပြင်ရပ်ကွက်၊ မြိတ်မြို့။
ဖုန်း - ဝ၅၉-၄၁၉၁၁
ကော့သောင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး
အဏ္ဏဝါရပ်ကွက်၊ ကော့သောင်းမြို့။  
ဖုန်း - ၀၅၉-၅၁၁၁၅
ထားဝယ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး
အလယ်လမ်း၊ ထားဝယ်မြို့။           
ဖုန်း - ၀၅၉-၂၁၀၄၄
ရေဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး
(ခ)ရပ်ကွက်၊ ရေဖြူမြို့နယ်။
ဖုန်း - ၀၅၉-၃၇၀၁၀
လောင်းလုံးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး
(က)ရပ်ကွက် ၊ လောင်းလုံးမြို့နယ်။
ဖုန်း - ၀၅၉-၃၃၀၄၀
သရက်ချောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး
မြို့မရပ်ကွက် ၊သရက်ချောင်းမြို့နယ်။
ဖုန်း - ဝ၅၉-၃၅၁၀၅
မြိတ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး
ကန်ဖျားရပ်ကွက်၊ မြိတ်မြို့။
ဖုန်း - ၀၅၉-၄၁၀၅၂
ပုလောမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး
အမှတ်(၂)ရပ်ကွက်၊ ပုလောမြို့နယ်။ 
ဖုန်း - ၀၅၉-၃၀၄၄၀
ကျွန်းစုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး
(၁)ရပ်ကွက်၊ ကျွန်းစုမြို့နယ်။
ဖုန်း - ၀၅၉-၆၂၀၂၈
တနင်္သာရီမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး
ချောင်းဦးရပ်ကွက်        
ဖုန်း - ၀၅၉-၅၅၀၁၆
ကော့သောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး
ပိတောက်ရွှေဝါရပ်ကွက်၊ ကောသောင်းမြို့။ 
ဖုန်း - ၀၅၉-၅၁၅၇၂
ဘုတ်ပြင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး
အောင်မင်္ဂလာရပ်ကွက်၊ ဘုတ်ပြင်းမြို့နယ်။
ဖုန်း - ၀၅၉-၅၀၀၃၉