Follow Us

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်

Thu, 09/08/2016 - 12:10

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် စတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း
       ၁၉၄၇ ခုနှစ်တွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ ဆိုရန်တိုဗီလာ (ယခုစာပေဗိမာန်)၌ ဗိုလ်ချုပ်အောင်ဆန်း ကြီးမှူးကျင်းပခဲ့သော မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးကွန်ဖရင့်ကြီးတွင် လယ်ယာလုပ်ကိုင်သူများ၏ ငွေကြေးပြဿနာကို စိုက်ပျိုးရေးဘဏ် တည်ထောင်ဖြေရှင်းရန် ၁၉၄၈ ခုနှစ်တွင် စီမံကိန်းရေးဆွဲရေးအကြံပေးပုဂ္ဂိုလ် ဂျေအက်စ်မာနီဗယ်လ်ကြီးမှူးသော စိုက်ပျိုးရေးဘဏ်ကော်မတီကို ဖွဲ့စည်းခဲ့ပြီး အစီရင်ခံတင်သွင်းခဲ့ပါသည်။ ၁၉၅၂ ခုနှစ်တွင် စိုက်ပျိုးရေးပဏာမကော်မတီကို ဖွဲ့စည်း၍ စိုက်ပျိုးရေးဘဏ်စီမံကိန်း ရေးဆွဲခဲ့ပါသည်။
       မြန်မာနိုင်ငံတော်သည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည့်အားလျှော်စွာ လယ်ယာလုပ်ကိုင်သူတို့အား စိုက်ပျိုးရေးလုပ်ငန်းတိုးချဲ့နိုင်ရန်အတွက် ဘဏ်လုပ်ငန်းဆောင်ရွက်မှုဖြင့် အထောက်အကူပြုရန်၊ ၁၉၅၃ ခု၊ ဇွန်လ(၁)ရက်နေ့တွင် နိုင်ငံတော်စိုက်ပျိုးရေးဘဏ်ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ၁၉၆၇ ခုနှစ်တွင်ပြည်ထောင်စုမြန်မာနိုင်ငံ၊ ပြည်သူ့ဘဏ်၏စိုက်ပျိုးရေးချေးငွေဌာနအဖြစ်လည်းကောင်း၊ ၁၉၇၅ ခု ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်ဥပဒေအရ (၁.၄.၁၉၇၆)မှစတင်၍ မြန်မာနိုင်စိုက်ပျိုးရေးဘဏ်ဟုလည်းကောင်း၊ ၁၉၉ဝ ပြည့်နှစ်တွင် မြန်မာ့စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဘဏ်ဟူ၍လည်းကောင်း အဆင့်ဆင့် ပြောင်းလဲဆောင်ရွက်ခဲ့ပြီး၊ ၁၉၉၆ ခု၊ သြဂုတ်လ (၁၄)ရက်နေ့တွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်သို့ လွဲပြောင်းခဲ့ပါသည်။ ၁၉၉၇ ခု၊ ဇန်နဝါရီလ (၃၀) ရက်နေ့စွဲပါ မြန်မာ့စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဘဏ်ဟု ပြင်ဆင်သည့်ဥပဒေအရ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဟု အမည်ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။ နိုင်ငံတော်စိုက်ပျိုးရေးဘဏ်ဘဝမှ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဘဝအထိ အဆင့်ဆင့်အမွေလွှဲပြောင်းခဲ့ရာ သက်တမ်းအားဖြင့် (၆၃)နှစ်ရှိပြီး ဖြစ်ပါသည်။

Office Address and Location Map: 
တိုင်းဒေသကြီးဘဏ်ခွဲ
ဆေးရုံလမ်း၊ ဗျောတောဝရပ်ကွက်၊ ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၁၂၅၇
ထားဝယ်မြို့နယ်ဘဏ်ခွဲ
ဆေးရုံလမ်း၊ ဗျောတောဝရပ်ကွက်၊ ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၁၁၂၁

ရေဖြူမြို့နယ်ဘဏ်ခွဲ
ဘုရားလမ်း၊ (ခ)ရပ်ကွက်၊ ရေဖြူမြို့။
ဖုန်း - ၀၅၉-၃၇၀၀၇

                                                                                  

လောင်းလုံးမြို့နယ်ဘဏ်ခွဲ                        
သီရိမင်္ဂလာလမ်း၊ (က)ရပ်ကွက်၊ လောင်းလုံးမြို့။
ဖုန်း - ၀၅၉-၃၃၀၁၀
သရက်ချောင်းမြို့နယ်ဘဏ်ခွဲ
တပ်နယ်လမ်း၊ မြို့မရပ်ကွက်၊ သရက်ချောင်းမြို့။
ဖုန်း - ၀၅၉-၃၅၀၉၇
မြိတ်မြို့နယ်ဘဏ်ခွဲ
အက်စ်ဘီ(၂)လမ်း၊ စျေးတန်းရပ်ကွက်၊ မြိတ်မြို့။
ဖုန်း - ၀၅၉-၄၁၇၃၂
ပုလောမြို့နယ်ဘဏ်ခွဲ
တိုးချဲ့လမ်း၊ အမှတ်(၂) ရပ်ကွက်၊ ပုလောမြို့။
ဖုန်း - ၀၅၉-၃၀၁၂၂