Follow Us

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

စိုက်ပျိုးရေးဦးစီးဌာနစတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း
     လယ်ယာကဏ္ဍကုန်ထုတ်လုပ်မှုစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုမြန်မာနိုင်ငံအုပ်ချုပ်ရေးစနစ်သစ်ဖော်ထုတ်သည့် ၁၉၇၂ ခုနှစ် မတိုင်မီက လယ်ယာစိုက်ပျိုးရေးဌာနခွဲ၊ မြေယာကျေးလက်ကြီးပွားတိုးတက်ရေးကော်ပိုးရေးရှင်း၊ မြေအသုံးချရေးဌာနခွဲနှင့် ပြည်သူ့လုပ်အားနေရာချထားရေးအဖြစ် စတင်ဖွဲ့စည်းသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် စတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း

လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ပေါ်ပေါက်လာပုံနှင့်နောက်ခံသမိုင်း
     ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနသည် ၁၈၂၆ ခုနှစ်မှစ၍ မြေတိုင်းတာခြင်း၊ မြေခွှန်စည်းကြပ်ကောက်ခံခြင်းလုပ်ငန်းများဖြင့် Revenue Servey Department အဖြစ် စတင်သန္ဓေတည်ခဲ့သည်။
     ၁၉၀၆ ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်နေ့တွင် ကြေးတိုင်နှင့်မြေစာရင်ဦးစီးဌာနအဖြစ် ပေါ်ထွန်းခဲ့သည်။

စက်မှုလယ်ယာဦးစီးဌာန စတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း
      တနင်္သာရီတိုင်းဒေကြီးစက်မှုလယ်ယာဦးစီးဌာနအား တိုင်းရုံးလမ်း၊ အေးချမ်းသာယာရပ်ကွက်၊ မြိတ်မြို့တွင် တိုင်းဒေသကြီးဦးစီးမှူးရုံး(၁)ရုံးနှင့် လက်အောက်ခံအဖွဲ့အစည်း (၂) ခုဖြစ်သော အမှတ် (၉၁) စက်မှုလယ်ယာစခန်း (ထားဝယ်) နှင့် အမှတ်(၉၅) စက်မှုလယ်ယာစခန်း (မြိတ်)တို့ဖြင့် (၂၁.၅.၁၉၉၈)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပါသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန စတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း

ငါးလုပ်ငန်းဦးစီးဌာနစတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း
     ငါးလုပ်ငန်းဦးစီးဌာနသည် ၁၉၄၈ခုနှစ်၊ ဇွန်လမှစတင်၍ (မြေယာကျေးလက်စည်ပင် သာယာရေး)လက်အောက်တွင်  ငါးလုပ်ငန်းတာဝန်ခံအရာရှိရုံး(ငါးလုပ်ငန်းဗြူရို)အဖြစ် အရာ ထမ်း(၁)ဦး၊ အမှုထမ်း(၃)ဦးဖြင့် စတင်ဖွဲ့စည်းဖွင့်လှစ်ခဲ့ပါသည်။
     ၁၉၅၄ ခုနှစ်၊ ဇွန်လမှစတင်၍ မြေယာကျေးလက်ကြီးများတိုးတက်ရေးကော်ပိုရေးရှင်း လက်အောက်သို့ လွှဲပြောင်းပေးခဲ့ပြီး ငါးလုပ်ငန်းစီမံကိန်းဌာနခွဲတစ်ခုအဖြစ် အရာထမ်း(၆)ဦး၊ အမှုထမ်း(၇၀)ဦး၊ စုစုပေါင်း ဝန်ထမ်း(၇၆)ဦးဖြင့် ဖွဲ့စည်းလုပ်ကိုင်ခဲ့ပါသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနစတင်ပေါ်ပေါက်လာပုံနှင့်နောက်ခံသမိုင်း

သမဝါယမဦးစီးဌာနဦးစီးဌာနစတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း
      ကိုလိုနီခေတ်၊ ၁၉၀၄ ခုနှစ်တွင် မေမြို့(ပြင်ဦးလွင်)၌ သမဝါယမမင်းကြီးရုံးကို စတင်ဖွင့်လှစ်ခဲ့ပြီး ပြောင်းလဲလာသောခေတ်စနစ်နှင့် လိုက်လျောညီထွေမှုရှိစေရန် ပြုပြင်ပြောင်းလဲဖွဲ့စည်းခဲ့ရာ ယခုအခါ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးအဖြစ် ဆက်လက်တည်တံ့ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန စတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း   

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန စတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း     
       မြန်မာနိုင်ငံကို ဗြိတိသျှတို့ ဝင်ရောက်ခဲ့ပြီးနောက် ကိုလိုနီခေတ်(၁၈၆၁)ခုနှစ်မှစ၍ မြန်မာနိုင်ငံအောက်ပိုင်းတွင်ရှိသော အဆောက်အအုံများ ထိန်းသိမ်းခြင်းနှင့် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်သူ့လုပ်ငန်းဌာနကို စတင်ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါ ကာလအတွင်း ဆည်မြောင်းလုပ်ငန်းများ တဖြည်းဖြည်းတိုးတက်လာခဲ့ပါသည်။

Pages

Subscribe to စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန