Follow Us

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ
(က) စိုက်ပျိုးရေ ရရှိရေးအတွက် ဆည်မြောင်းစီမံကိန်းလုပ်ငန်းကြီးများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
(ခ ) တည်ဆောက်ပြီး ဆည်မြောင်းတာတမံများကို ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။
(ဂ ) ကျေးရွာဆည်မြောင်းလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်း။

ငါးလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းတာဝန်များ
(၁) ကမ်းနီး/ကမ်းဝေးပင်လယ်ငါးဖမ်းလုပ်ငန်းများ၊ ရေချိုရေငန်ငါး/ပုစွန် မွေးမြူရေး၊ အင်း၊ ဘုံငါးဖမ်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ခြင်း၊
(၂) ရေငန်ငါးလုပ်ငန်းဆိုင်ရာအခွန်၊ အင်းအိုင်ခွန်၊ မွေးမြူရေးလိုင်စင်ခွန်စသည့်အခွန်အခများ တိုးတက်ရရှိအောင်ဆောင်ရွက်ခြင်း၊
(၃) ငါးလုပ်ငန်းဆိုင်ရာကိန်းဂဏန်းစာရင်းအင်းများ ကောက်ယူပြုစုခြင်း၊
(၄) ငါးသယံဇာတများတိုးပွားစေရန်အတွက် သဘာဝရေပြင်များသို့ ငါးမျိုးများ စိုက်ထည့်ပေးခြင်၊

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ
(၁) တစ်နိုင်ငံလုံး၏ အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူဆောင်ရွက်ခြင်း
(၂) တိရစ္ဆာန်မွေးမြူထုတ်လုပ်ရေးဆိုင်ရာ ကိန်းဂဏန်းများ ကောက်ယူခြင်း
(၃) တိရစ္ဆာန်ရောဂါကာကွယ်၊ ကုသဆေးများ ထုတ်လုပ်ခြင်းနှင့် ရောဂါကာကွယ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း
(၄) တိရစ္ဆာန်စားကျက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း
(၅) တိရစ္ဆာန်မျိုးကောင်းမျိုးသန့်တိုးပွားရေးအတွက်မေထုန်မဲ့သားစပ်လုပ်ငန်းများဆောင်ရွက်ခြင်း

စက်မှုလယ်ယာဦးစီးဌာန၏ လုပ်ငန်းတာဝန်များ
၁။ လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး။
၂။ စက်မှုလယ်ယာစနစ်ကျင့်သုံးသော လယ်ယာမြေနှင့် စိုက်ပျိုးမြေများ တိုးတက်ပေါ်ထွန်းလာစေရေး။
၃။ လယ်ယာလုပ်ငန်းခွင်တွင် လယ်ယာသုံးစက်ကိရိယာများ တိုးတက်သုံးစွဲနိုင်ရေးအတွက် ကူညီပံ့ပိုးဆောင်ရွက်ရေး။
၄။ စက်မှုလယ်ယာအသိပညာ၊ အတတ်ပညာများ လေ့ကျင့်ပညာပေးရေးနှင့် စက်မှုလယ်ယာသုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး။

 

လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ လုပ်ငန်းတာဝန်များ
(က) ဌာနတွင်အသုံးပြုလျှက်ရှိသည့်ကွင်းမြေပုံများအား ဒီဂျစ်တယ်မြေပုံများအဖြစ် ပြောင်းလဲနိုင်ရေးအတွက် မြေတိုင်းတာခြင်း၊ မြေပုံထုတ်လုပ်ခြင်းလုပ်ငန်းများကို နှစ်အလိုက် စီမံချက်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
(ခ ) လယ်ယာကဏ္ဍစာရင်းအင်းအချက်အလက်များအား ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီမှန်ကန်စွာ ကောက်ယူပြုစုထုတ်ပြန်ရေး၊

ဦးစီးဌာန၏လုပ်ငန်းတာဝန်များ
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏လုပ်ငန်းတာဝန်များမှာ-
(၁) နိုင်ငံပိုင်စိုက်ပျိုးရေးအဖွဲ့အစည်းများ၊ မွေးမြူးရေးအဖွဲ့အစည်းများ၊ သမဝါယမအသင်းများ၊ ပုဂ္ဂလိကများ၊ ကျေးရွာဘဏ်များ၊ တောင်သူလယ်သမားများ၊ လုပ်ငန်းရှင်များနှင့် အလုပ်သမားများအား လိုအပ်သောစည်းကမ်းချက်များကို သတ်မှတ်၍ နှစ်စဉ်၊ နှစ်တို၊ နှစ်ရှည်ချေးငွေများထုတ်ပေးခြင်း၊

စိုက်ပျိုးရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ
(၁) မျိုးကောင်း၊ မျိုးသန့်မျိုးစေ့များ စိုက်ပျိုးနိုင်ရန်အတွက် မျိုးစေ့ထုတ်လုပ်ပေးခြင်း၊ တောင်သူများ မျိုးကောင်းမျိုးသန့်၊ မျိုးစေ့မျိုးများ ထုတ်လုပ်စိုက်ပျိုးနိုင်ရန် ပညာပေးခြင်း။ (Seed Production တာဝန်)
(၂) သီးနှံများနှင့်ပက်သက်၍ တောင်သူလယ်သမားများ၊ ခေတ်မီစိုက်ပျိုးရေးနည်းပညာများအသုံးပြုနိုင်ရေး၊ သီးနှံအလိုက်စိုက်ပျိုးရေးနည်းပညာများအသုံးပြုနိုင်ရေး၊ သီးနှံအလိုက်စိုက်ပျိုးရေးနည်းစနစ်များ တီထွင်အသုံးပြုနိုင်ရေး လေ့ကျင့်ပညာပေးခြင်း။ (Training  Educationတာဝန်)

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနလုပ်ငန်းတာဝန်များ
(က) အသက်မွေးဝမ်းကျောင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်မွေး ဝမ်းကျောင်းပညာသင်တန်းများ ပို့ချခြင်း၊    
(ခ) အသေးစားစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေနှင့်အညီ အသေးစားစက်မှု လက်မှုလုပ်ငန်းများကို မှတ်ပုံတင်ပေးခြင်းနှင့်ဖွံ့ဖြိုးရေး ဆောင်ရွက်ပေးခြင်း၊
(ဂ) ရက်ကန်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေး၊ နည်းပညာနှင့် ဈေးကွက်ရရှိရေး ဆောင်ရွက်ပေးခြင်း၊    

သမဝါယမဦးစီးဌာန၏ လုပ်ငန်းတာဝန်များ
သမဝါယမဦးစီးဌာန၏ Micro Calpital Loan လုပ်ငန်းရည်ရွယ်ချက်
     ပြည်သူများပြင်ပမှ အတိုးကြီးပေး၍ ငွေချေးယူရမှုမှ လတ်တလောသက်သာစေရန်၊ နောင်(၄/၅)နှစ်ကြာသည့်အခါတွင် ပြင်ပမှ ချေးငွေစရာမလိုတော့ဘဲ မိမိပိုင်ငွေကြေးဖြင့် မိမိဘာသာရပ်တည်နိုင်စေရန်(Self Reliance)နှင့် ၄င်းမှတစ်ဆင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု(Sustainable Development)အခြေအနေသို့ ရောက်ရှိစေရန် မျှော်မှန်းဆောင်ရွက်နေခြင်းဖြစ်ပါသည်။

Pages

Subscribe to စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန