Follow Us

လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဌာန

ရည်မှန်းချက်
(၁ ) နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ အသိအမှတ်ပြုထားသော ဘာသာအသီးသီး၏ လွတ်လပ်စွာကိုးကွယ်ခွင့်ရရှိရေး ကူညီဆောင်ရွက်ရန်။
(၂ ) ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အလေးထားဆောင်ရွက်ရန်။
(၃ ) ဘာသာအသီးသီး၏ နေ့ထူးနေ့မြတ်များ သတ်မှတ်ခြင်းနှင့် အခမ်းအနား ကျင်းပနိုင်ရေး ကူညီဆောင်ရွက်ရန်။
(၄ ) ဘာသာအသီးသီး၏ ခေါင်းဆောင်များနှင့် အခါအားလျော်စွာတွေ့ဆုံခြင်း၊ ဘာသာရေးအခမ်းအနားများသို့ တက်ရောက်ခြင်းနှင့် ကူညီထောက်ပံ့ခြင်း များ ဆောင်ရွက်ရန်။
(၅ ) သံဃာအချင်းချင်း ဂိုဏ်းအချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရန်။

ရည်မှန်းချက်
     ကိုယ်ကျင့်တရားကောင်းမွန်ပြီးအရည်အသွေးမြင့်မားသော အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်၊
    
လုပ်ငန်းတာဝန်များ
(၁) နိုင်ငံတော်၊ ဒေသနှင့်ဘာသာရပ်အကျိုးပြု သုတေသနလုပ်ငန်းများ လုပ်ဆောင်ရန်
(၂) ပြည်တွင်းပြည်ပတက္ကသိုလ်များနှင့် ဘာသာရပ်ဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရန်
(၃) နိုင်ငံတော်နှင့်ဒေသကို အကျိုးပြုနိုင်သည့် အရည်အသွေးအာမခံမှုရှိသော ကျောင်းသား/သူများမွေးထုတ်ပေးရန်

ရည်မှန်းချက်နှင့်လုပ်ငန်းတာဝန်များ
(က) ကွန်ပျူတာပညာရေးဖွံ့ဖြိုးရေးနှင့် ပြန့်ပွားရေးအတွက် စီမံကိန်းချမှတ် ဆောင်ရွက်မည်။
(ခ ) နိုင်ငံတကာအဆင့်မီသင်ရိုးညွှန်းတမ်းများပြဌာန်းပြီး ခေတ်မီသောသင်ကြားမှု စနစ်ကိုကျင့်သုံးမည်။
(ဂ ) ဒေသလိုအပ်ချက်နှင့်ကိုက်ညီသည့် ကွန်ပျူတာပညာရပ်များ ဖွင့်လှစ်သင်ကြားပေးမည်။
(ဃ) ကျောင်းသား၊ကျောင်းသူများ Internet အသုံးပြု၍ ခေတ်မီကွန်ပျူတာပညာရပ်များ လေ့လာနိုင်ရန်အတွက် မြန်နှုန်းမြှင့် Internet connection ကိုသုံး၍ ကျောင်းတွင်း၌ WiFi များတပ်ဆင်မည်။
(င ) တက္ကသိုလ်ဝန်းကျင်ကောင်းဖန်တီးပေးမည်။

ရည်မှန်းချက်
     နိုင်ငံတော်ဖွံ့ဖြိုးရေးတွင် သိပ္ပံနှင့်နည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည်ဖြစ်၍ သိပ္ပံနှင့်နည်းပညာကျွမ်းကျင်သူ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရာတွင် ကျောင်းသား/ကျောင်းသူများ၏ အသိပညာနှင့်အတတ်ပညာ အရည်အသွေးတိုးတက်ရေးနှင့် စဉ်ဆက်မပြတ် ဆည်းပူးလေ့လာနိုင်သော တက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်နိုင်ရန်အတွက် ရည်ရွယ်ပါသည်။ 

ရည်မှန်းချက်
(က) နိုင်ငံတော်၏ စီးပွါးရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် ချမ်းသာကြွယ်ဝစေရန်။
(ခ ) စက်မှုသတင်းအချက်အလက်နှင့်နည်းပညာ၊ ပြန်လည်ဖွံ့ဖြိုးမြဲစွမ်းအင်အစရှိသောကဏ္ဍများတွင် သုသေတနလုပ်ငန်းများဆောင်ရွက်၍ ကုန်ထုတ်လုပ်မှုကို အထောက်အကူပြုရန်။
(ဂ ) ဒေသတွင်း သိပ္ပံနှင့်နည်းပညာသင်ယူနိုင်မှု အခွင့်အလမ်းများ ပိုမိုတိုးတက်လာခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ၊ များပြားလာပြီးဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုစေရန်။

ရည်မှန်းချက်
(၁) ဒေသအတွင်းရှိ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများမှ အဆင့်မီသူတိုင်းအင်ဂျင်နီယာပညာရပ်များကိုမိမိဒေသအတွင်း၌ပင် လေ့လာသင်ယူနိုင်ရန်။
(၂) ခေတ်နှင့်အညီဖြစ်ပေါ်လာသော အင်ဂျင်နီယာပညာရပ်များ သင်ကြားပေးနိုင်ရန်။
(၃) နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ် အကျိုးပြုနိုင်သောအရည်အချင်းပြည့်ဝသည့် အင်ဂျင်နီယာကောင်းများမွေးထုတ်ပေးနိုင်ရန်။

Pages

Subscribe to လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဌာန