ထားဝယ် ဇူလိုင် ၃၀
ထားဝယ် ဇူလိုင် ၃၀
ယနေ့ နံနက် ၁၀၀၀ နာရီအချိန် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး (မြိတ်/ ထားဝယ်ခရိုင်) တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းပွဲအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကရင်အမျိုးသား အစည်းအရုံး(မြိတ်/ထားဝယ်ခရိုင်)တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
ထားဝယ် ဇူလိုင် ၂၉
ယနေ့ မွန်းလွဲ ၁၆၀၀ နာရီအချိန် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီးအတွင်း ချေးငွေများထုတ်ချေးရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
မြိတ် ဇူလိုင် ၂၈
ထားဝယ် ဇူလိုင် ၂၈
ထားဝယ် ဇူလိုင် ၂၈
ယနေ့ ၀၈၁၅ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့သည် တာဝန်ရှိသူများ လိုက်ပါလျက် ကော့သောင်းမြို့၊ မလိဝမ်းကျေးရွာ၊ ရွှေတောင်ဦးပရဟိတကျောင်းတိုက်၌ သံဃာတော်အရှင်သူမြတ်များထံသို့ ဆန်၊ ဆီများ ဆက်ကပ် လှူဒါန်းခဲ့ပြီး လှူဖွယ်ဝတ္တုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။