Follow Us

April 2020 Archive News

ရေဖြူ ဧပြီ ၅

ယနေ့ ၁၄၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ ရွှေစေတီကျောင်းတိုက်၊ ဂဏဝိမုတ်ကူးတို့ဂိုဏ်းမဟာနာယက၊ ရေဖြူမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဆရာတော် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တကောသလ္လ၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အတွက် အလှူငွေ ကျပ်(၁၀)သိန်း သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

ကော့သောင်း ဧပြီ ၃

          ယနေ့ ၁၂၁၅ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဘုတ်ပြင်းမြို့နယ်၊ ထောင်စုံမဟတ်ကျေးရွာအုပ်စု၊ အမက ချောင်းတာစူး၌ Facility Quarantine ပြင်ဆင်ထားရှိမှုများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

မြိတ် ဧပြီ ၃

          ယနေ့ နံနက် ၀၇၀၅ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် အေးရိပ်ချောင်မဟာစည် သာသနာ့ရိပ်သာ၊  မြိတ်တက္ကသိုလ်နှင့် မြိတ်ပြည်သူ့ဆေးရုံ၌ Facility Quarantine ပြင်ဆင်ထားရှိမှုများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

Pages