Follow Us

April 2020 Archive News

လောင်းလုံး ဧပြီ ၁၁

          ယနေ့ နံနက်ပိုင်းတွင် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ နခံတောကျေးရွာအုပ်စုနှင့် မြို့ဟောင်းကျေးရွာအုပ်စုတို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားပြည်သူများအား အခြေခံ စားကုန်(၅)မျိုး ပေးအပ်ပွဲများ ပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပါသည်။

ထားဝယ် ဧပြီ ၈

          ယနေ့ ၁၄၁၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် တနင်္သာရီတိုင်းဒေသကြီးဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း မှ အလှူငွေကျပ်(၅၃)သိန်း လာရောက်လှူဒါန်းရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

Pages