Follow Us

February 2020 Archive News

ထားဝယ် ဖေဖော်ဝါရီ ၂၁

          ယနေ့ နံနက် ၀၈၀၀ နာရီအချိန် ထားဝယ်တက္ကသိုလ်တွင် နှစ်(၂၀)ပြည့် ကြွေရတုအထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တက္ကသိုလ်များမှ ပါမောက္ခများနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ပါသည်။

သရက်ချောင်း ဖေဖော်ဝါရီ ၁၉

          ယနေ့ ၁၄၀၀ နာရီ အချိန်တွင် သရက်ချောင်းမြို့၊ မြို့နယ်ခန်းမ၌ တွေ့ဆုံပွဲနှင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ ပြည်သူများတက်ရောက်ခဲ့ပါသည်။

Pages