Follow Us

December 2019 Archive News

ထားဝယ် ဒီဇင်ဘာ ၃၀

          ယနေ့ ၀၉၃၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲ(ဒါဘာ) အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ကျော်၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး များနှင့် အရာထမ်း၊ အမှုထမ်းများ စုစုပေါင်းအင်အား(၁၇၁)ဦး တက်ရောက်ခဲ့ပါသည်။

ရေဖြူ ဒီဇင်ဘာ ၂၆

          ယနေ့ ၀၆၃၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရေပုံးကျေးရွာ၌ ကရင်နှစ်သစ်ကူးပွဲတော်ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  တိုင်းဒေသကြီးလွှတ်တော် ဒုတိယဉက္ကဋ္ဌ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ KNU မှ အကြီးအကဲများ၊ တပ်မတော်မှ အရာရှိများ၊ ကျေးရွာသူ/ သားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

သရက်ချောင်း ဒီဇင်ဘာ ၂၅

          ယနေ့ ၁၆၃၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့ နယ်၊ ကတွဲကျေးရွာ၌ မြို့နယ်လုံးဆိုင်ရာ(၄၆) ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူး ပွဲတော်မုခ်ဦးဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလုကာ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကော်မတီဝင်များ၊ ယဉ်ကျေးမှုအကအဖွဲ့များနှင့် ဧည့်ပရိသတ်များ တက်ရောက်ခဲ့ပါသည်။

ထားဝယ် ဒီဇင်ဘာ ၂၃

          ယနေ့ ၁၇၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများလိုက်ပါလျက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဌာနဆိုင်ရာ ပြခန်းများအတွက် ပြခန်းဆောက်လုပ်နေမှုအခြေအနေနှင့် ဈေးရောင်းပွဲတော်ပြုလုပ်ရန်နေရာ လျာထားမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Pages