Follow Us

November 2019 Archive News

ထားဝယ် နိုဝင်ဘာ ၄

          ယနေ့ ၁၀၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ နဝမအကြိမ် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား လုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့  အတွင်းရေးမှူး ဦးခင်မောင်ကျော်၊ အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပရေး လုပ်ငန်း ကော်မတီဝင်များနှင့်  ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ပါသည်။

ထားဝယ် နို၀င်ဘာ  ၃

          ယနေ့ ညနေ ၁၅၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အသက်(၁၄)နှစ်အောက် အခြေခံပညာအဆင့် ခရိုင်၊ (အမျိုသား) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပညာရေးဌာနမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ပါသည်။

ထားဝယ် နိုဝင်ဘာ ၁

          ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ အမျိုးသားသွေးလှူဘဏ်သို့ ၁၅၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် သွေးလှူရှင်ဝန်ထမ်းများလိုက်ပါလျက်  တနင်္သာရီတိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ (၃၁)ကြိမ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဝန်ထမ်းများစုပေါင်း သွေးလှူဒါန်းပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Pages